နည်းပညာဘွဲ့ကြိုသင်တန်း တက်ရောက်လိုသူများအတွက် ပေးအပ်မည့် ပညာသင်ဆု

နည်းပညာဘွဲ့ကြိုသင်တန်း တက်ရောက်လိုသူများအတွက် ပေးအပ်မည့် ပညာသင်ဆု

ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်ရဲ့ နည်းပညာအဖွဲ့အစည်းဌာနမှ ထူးချွန်ထက်မြတ်တဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။

ဘွဲ့ကြိုသင်တန်းတက်ရောက်လိုသူများအတွက် ပေးအပ်တာဖြစ်ပြီး ထောက်ပံ့စရိတ်အပြည့်အ၀ (သို့မဟုတ်) တစ်ဝက်ကို လေးနှစ်တာ သက်တမ်းအတွက် ရရှိမှာ ဖြစ်ပါတယ်။

သင်ယူနိုင်သောနယ်ပယ်များ

- Chemical Engineering

- Civil Engineering

- Computer Engineering

- Electrical Engineering

- Industrail Engineering and Logistics Systems

- Mechanical Engineering

- Information Technology

- Engineering Management

- Management Technology

ပညာသင်ဆုတွင် ပါဝင်မှုများ

- ကျူရှင်စရိတ် နှင့် ပညာရေးအသုံးစရိတ်များ (၁၀၀ရာခိုင်နှုန်း သို့မဟုတ် ၅၀ရာခိုင်နှုန်း)

- ကျန်းမာရေး နှင့် ထိခိုက်မှု အာမခံစရိတ်

ဒီပညာသင်ဆုအစီအစဉ်ကို လျှောက်ထားနိုင်ခွင့်ရှိသူတွေက

- ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနစနစ်နဲ့ ကိုက်ညီတဲ့ အထက်တန်းပညာရေး လက်မှတ် ရရှိထားရပါမယ်။

- ကျောင်းတွင်းစည်းကမ်းလိုက်နာမှု၊ ကောင်းမွန်တဲ့ အပြုအမူတွေ ရှိထားခဲ့ရပါမယ်။

- အခြား Thammasat University ပညာသင်ဆုတွေ ရရှိထားပြီးသူ မဖြစ်ရပါဘူး။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

ပညာရေး နဲ့ ဆိုင်တဲ့ အချက်အလက်လေးတွေ အချိန်နဲ့တစ်ပြေးညီ သိချင်တယ်ဆိုရင်တော့ Myanmar Education Directory facebook page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့အုံးနော်။

source: MMunis

International Read 1410 times