ဆယ်တန်းအမှတ် ၄၃၀ နှင့်အထက် ရရှိသူများ ကို ပညာသင်ဆုပေးမည်

ဆယ်တန်းအမှတ် ၄၃၀ နှင့်အထက် ရရှိသူများ ကို ပညာသင်ဆုပေးမည်

 

ပညာသင်ဆု (၀ိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆု) ရရှိသူများကို တက္ကသိုလ်တက်ရောက်နေစဉ် ကာလအတွင်း တစ်လလျှင် ကျပ်တစ်သိန်းနှုန်း ရန်ကုန်တက္ကသိုလ်က ပေးမည်ဖြစ်သည်။

 

စကောလားရှစ်ပေးသလိုဖြစ်ပါတယ်နော်...။ ၀င်လာတဲ့ဦးရေပေါ်မူတည်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူအားလုံးကို ပေးမှာဖြစ်ပါတယ်။

 

ပညာသင်ဆုပေးမည့် ကျောင်းသားဦးရေကို သတ်မှတ်ထားခြင်းမရှိသေးဘဲ သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို ရွေးချယ်ပေးအပ်မည်ဖြစ်ကာ ယင်းအစီအစဉ်ကို တက္ကသိုလ်ဝင်ခွင့်ရရှိသူစာရင်း ကြေညာပြီးချိန်တွင် ရွေးချယ်မည်ဖြစ်သည်။

 

ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ နိုင်ငံရေးသိပ္ပံ၊ စာကြည့်တိုက်နှင့် သုတပညာ၊ မြန်မာမှုပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုဘာသာရပ်များတွင် ထူးချွန်သူများကို ၀ိဇ္ဇာချွန်ဆု (ပညာသင်ဆု) ပေးမည်ဖြစ်သည်။

 

သိပ္ပံဘာသာရပ်များဖြစ်သည့် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဘူမိဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝ ဗေဒ ဘာသာရပ်အထူးပြု သိပ္ပံချွန်ဆုပေးမည်ဖြစ်သည်။

 

ယခင်နှစ်က ၀ိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်သတ်မှတ်ချက်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းဖော်ပြခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်မူ ယင်းအစီအစဉ်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

 

ရန်ကုန်တက္ကသိုလ်အနေနှင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး လျှောက်ထားသူများအနက် အထူးပြုဘာသာရပ်အားလုံးအတွက် ကျောင်းသား/သူ ၂၀၀၀ ကျော် လက်ခံမည်ဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများအနေနှင့် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၅ ရက်ထိ လျှောက်လွှာများ ထုတ်ယူလျှောက်ထားနိုင်မည်ဖြစ်ကာ ကျောင်းသားတစ်ဦးလျှင် ဦးစားပေးအထူးပြု ဘာသာရပ် ၃ ခုထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

 

ပထမဦးစားပေး အထူးပြုဘာသာရပ်အတွက် လူတွေ့စစ်ဆေးမှုကို ဇူလိုင်လ ၂၃ ရက်၊ ဒုတိယဦးစားပေးအထူးပြု ဘာသာရပ်အတွက် ဇူလိုင်လ ၂၅ ရက်နှင့် တတိယဦးစားပေး ဘာသာရပ်အတွက် ဇူလိုင်လ ၃၀ ရက်များတွင်

လူတွေ့စစ်ဆေးမှု ဖြေဆိုရမည်ဖြစ်သည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: thevoice

Local Read 5622 times