ထိုသင်တန်းအတွက် တက်ရောက်လိုသူ စိုက်ပျိုးရေးပညာရှင်များ ခေါ်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ အစ္စရေးသံရုံးမှသိရသည်။
ယင်းသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် ဇန်န၀ါရီလ ၂၉ ရက်ထက် နောက်မကျဘဲ စာရင်းပေးသွင်းရမည် ဖြစ်ကာ ၄င်းသင်တန်းသို့ တက်ရောက်ခွင့်ရွေးချယ်ခံရသူများအတွက် သင်တန်းကြေးနှင့် လေယာဉ်စရိတ်များကို ထိုင်းနိုင်ငံအစိုးရနှင့် အစ္စရေးနိုင်ငံအစိုးရတို့ ပူးပေါင်း၍ ပညာသင်ဆုအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
READ - ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခမဲ့ဂဟေဆက်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ
“သင်တန်းကို အစ္စရေးနိုင်ငံအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးတို့ ပူးပေါင်း စီစဉ်တာဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာပဲ သင်တန်းပို့ပေးမှာ ပါ။ သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂ ရက်နေ့အထိ ဖြစ်ပါတယ်။ ဒီသင်တန်းကို စိုက်ပျိုးရေးနယ်ပယ်နဲ့ သက်ဆိုင်တဲ့ ဘွဲ့ရရှိထားသူ မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားလို့ရပါတယ်။ လျှောက်လွှာများကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကို ပေးပို့လျှောက်ထားရမှာဖြစ်ပြီး လက်ရှိမှာ လျှောက်လွှာတွေကို လက်ခံနေပါပြီ“ ဟု ပြောသည်။
အဆိုပါသင်တန်းသို့ တက်ရောက်သည့် မြန်မာနိုင်ငံသားများအနေဖြင့် အင်္ဂလိပ်ဘာသာရပ်ကို ကျွမ်းကျင်ရမည်ဖြစ်ပြီး ယင်းဘာသာရပ်ကို ကျွမ်းကျင်သူများသာ အဓိက ဦးစီးပေး ရွေးချယ်မည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: မြ၀တီ