စင်ကာပူ PSB Academy မှ စီပွားရေးနှင့် အင်ဂျင်နီယာ မဟာဘွဲ့ဒီဂရီတန်း တက်ရောက်လိုသူများအတွက် Scholarship ပေးအပ်မည်

စင်ကာပူ PSB Academy မှ စီပွားရေးနှင့် အင်ဂျင်နီယာ မဟာဘွဲ့ဒီဂရီတန်း တက်ရောက်လိုသူများအတွက် Scholarship ပေးအပ်မည်

MBA၊ MSc Business နှင့် MSc Engineering Business Management ဘာသာရပ်များအတွက် လျောက်ထားတက်ရောက်မည့်သူများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုပေးအပ်မည့် MBA မဟာဘွဲ့သည် သြစတြေးလျမှ ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်သော TheUniversity of Newscastle မှ ပေးအပ်မည့် ဘွဲ့ဖြစ်ပြီး PSB Academy တွင် တက်ရောက်ကာ ၁ နှစ်အတွင်း မာစတာဘွဲ့ဒီဂရီ ရရှိနိုင်မှာဖြစ်ပါသည်။

ပညာသင်ဆု စင်ကာပူဒေါ်လာ ၄၀၀၀ ပေးအပ်မည်ဖြစ်ကာ  ၂၀၁၈၊ ဇန်န၀ါရီလ ကျောင်းဖွင့်ချိန်တွင် တက်ရောက်မည့်သူများကိုသာ ရွေးချယ်ချီးမြင့်ပေးမည်ဟုသိရသည်။

MSc Business ဘာသာရပ်တွင် Business Management (Entrepreneurship) နှင့် MSc – Int’l Business Management ဟူ၍ ဘာသာရပ် ၂ခုကို စကောလားရှစ် ရရှိရန်ရွေးချယ်လျောက်ထားနိုင်ကြောင်းသိရသည်။

ယင်းဘွဲ့ များသည် အင်္ဂလန် တက္ကသိုလ်ကြီးဖြစ်သော Edinburgh Napier University မှ ချီးမြှင့်ပေးသည့် မဟာဘွဲ့ဒီဂရီများဖြစ် ပြီး စင်ကာပူ PSB Academy တွင်တက်ရောက်ရယူမည်ဖြစ်သည်။ အဆိုပါဘွဲ့များအတွက် ပညာသင်ဆုအဖြစ် စင်ကာပူ ဒေါ်လာ ၂၀၀၀ကို ၂၀၁၈ ဖေဖော်ဝါရီ ကျောင်းဖွင့်ချိန်တွင် ကျောင်းတက်ကြမည့် သူများအတွက်သာ ပေးအပ်ချီးမြှင့်မည်ဟုသိရသည်။

အလားတူပင် Coventry University မှ ပေးအပ်သည့် MSc – Engineering Business Management မဟာဘွဲ့ဒီဂရီကို ၂၀၁၈၊ မတ်လကျောင်းဖွင့်ချိန် တက်ရောက်မည့်သူများကို ပညာသင်ဆု စင်ကာပူဒေါ်လာ ၁၀၀၀ ပေးအပ် မည်ဟုသိရသည်။

မာစတာဘွဲ့ဒီဂရီတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် PSB Academy ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော AT&S (Overseas Education Consultancy) တွင် မိမိတို့ ပညာရေးဆိုင်ရာ စာရွက် စာတမ်းများဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုအကြောင်း အသေးစိတ် သိလိုသည်များရှိပါက AT&S (Overseas Education Consultancy) ၏ ရုံးများဖြစ်သော အဆောင် (၅)၊ အခန်း (၄)၊ MICT Park၊ ဖုန်း- ၀၉ ၅၀၆ ၂၁၆၁ နှင့် အမှတ် (၆၇)၊ မြေညီထပ်၊ ဘုန်းကြီးလမ်း (အလယ်ဘလောက်)၊ လမ်းမတော်၊ ဖုန်း - ၀၉ ၇၇၇ ၂၂၃ ၂၂၅၊ ၀၉ ၇၇၇ ၂၂၃ ၂၂၉ သို့ ဆက်သွယ် နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

 

International Read 2100 times