၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် စမ်းသပ်ပေးအပ်သော ပညာသင်ဆု အစီအစဉ်တွင် မန္တလေးတိုင်း ဒေသကြီးတွင်ရှိသော မန္တလေးတက္ကသိုလ်နဲ့ မန္တလေးသူနာပြု တက္ကသိုလ်မှာ ဘွဲ့ ပညာသင်ကြားခွင့် ရရှိစေရန် ပညာသင်ဆု ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆုများကို လျှောက်ထားသူတွေဟာ ငွေကြေးလိုအပ်ချက်၊ ပညာရေးနဲ့ အလုပ်အကိုင် မှတ်တမ်း၊ ရေရှည်ချ မှတ်ထားသော ရည်ရွယ်ချက်များပေါ်မူတည်ကာ ပေးအပ်သွားမှာဖြစ်တယ်။
ပညာသင်ဆုလျှောက်ထား သူတွေအနေနဲ့ အသက် ၃၀ နှစ် (သို့) အသက် ၃၀ နှစ်ထက်ငယ်ရမှာဖြစ်ပြီး အထက်တန်း အောင်လက်မှတ် လက်မှတ်ရရှိထားပြီး တက္ကသိုလ်ဝင်တန်းကို ၃ နှစ်အတွင်း အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လျှောက်လွှာပုံစံတွေကို https://goo.gl/1zexvB မှာ ရယူနိုင်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လျှောက်လွှာတွေကို အမှတ် ၂၅၆/၂၆၆၊ အခန်းနံပါတ် ၅-ဒီ၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၉၅၀၃၂၂၀၅၊ ၀၁-၃၉၈၀၇၇၊ ၂၄၅၆၄၃ သို့လည်းကောင်း၊ cduspmyanmar@gmail.com နှင့် https://www.facebook.com/CDHEMyanmar/ သို့လည်းကောင်း ပေးပို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal