မြန်မာစာဘာသာရပ် အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများလျှောက်ထားနိုင်တဲ့ ပညာသင်ဆု

မြန်မာစာဘာသာရပ် အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများလျှောက်ထားနိုင်တဲ့ ပညာသင်ဆု

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူ မြန်မာစာဘာသာရပ် အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သည့်စည်းကမ်းချက်များ

၁။ လျှောက်ထားသူနှင့်လျှောက်ထားသူ၏ မိဘနှစ်ပါးလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံသား၊ တိုင်းရင်းသားဖြစ်ရပါမည်။

၂။ စီးပွားရေးအမှန်တကယ်ချို့တဲ့သူဖြစ်ရပါမည်။

၃။ ကျောင်းတက်ချိန် (၇၅%) ပြည့်မှီရမည်။

၎။ ပညာသင်ထောက်ပံ့ကြေး လာရောက်ထုတ်ယူသည့်အချိန်တိုင်း စာတမ်းကြီးကြပ်သူ/သက်ဆိုင်ရာ ပါမောက္ခ၏ ထောက်ခံချက်များကို တင်ပြရမည်။

၅။ ကျောင်းတက်နေစဉ် ကာလအတွင်း အိမ်ထောင်ပြုပါက ပညာသင်ထောက်ပံ့ကြေးပေးခြင်းကို ရပ်ဆိုင်းမည်ဖြစ်ပါသည်။

၆။ ပညာသင်ထောက်ပံ့ကြေးကို တစ်နှစ်လျှင် အနည်းဆုံး (၃) ဦး ထောက်ပံ့မည်ဖြစ်ပါသည်။

တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးလျှောက်ထားရန်အတွက်လိုအပ်သည့် စာရွက်စာတမ်းများ

၁။ ဓါတ်ပုံ ။

၂။ ပြည့်စုံစွာဖြည့်စွက်ထားသော ကွန်းခိုရာဖောင်ဒေးရှင်းမှသတ်မှတ်ထားသည့် ပညာသင်ထောက်ပံ့ကြေးတောင်းခံလွှာ(လျှောက်ထားသူ၏ကိုယ်ရေးရာဇ၀င်အချက်အလက်)။

၃။ မှတ်ပုံတင်မိတ္တူ။

၎။  အိမ်ထောင်စုစာရင်းမိတ္တူ၊

၅။ တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း/အောင်လက်မှတ်။

၆။ ဘွဲ့လက်မှတ် ။

၇။ မဟာဝိဇ္ဇာတန်းသို့ တက်ရောက်ခွင့်ပြုသည့်အကြောင်းကြားစာ။

၈။ မိမိကိုယ်တိုင်ရေးသားသည့် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသည့် လျှောက်လွှာ။

၉။  မိဘ(သို့)အုပ်ထိန်းသူများအနေဖြင့် မိမိတို့သား၊သမီးပညာသင်ကြားနိုင်ရေးအတွက် အမှန်တကယ်အခက်အခဲရှိကြောင်းတင်ပြချက်။

၁၀။ အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် တက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေးအခက်အခဲရှိ ကြောင်းမိမိနေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ တက်ရောက်ခဲ့သောကျောင်းမှ ထောက်ခံစာ။

လျှောက်ထားလိုသူများသည် ကွန်းခိုရာဖောင်ဒေးရှင်း - အမှတ်(၁၉)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မြိုင်ဟေ၀န်အိမ်ယာ၊ (၈) မိုင် ၊ မရမ်းကုန်းမြို့နယ်၊ ဖုန်းနံပါတ် - ၀၉-၄၄၄၈၂၂၂၄၃ ၊၀၉-၄၂၁၁၅၈၄၁၉ သို့ဆက်သွယ်၍ လျှောက်ထား နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ကွန်းခိုရာဖောင်ဒေးရှင်း

Local Read 2168 times