အမေရိကန်နိုင်ငံ University of Wisconsin Fox Valley မှ မြန်မာကျောင်းသားများအတွက် ဒေါ်လာ တစ်သောင်း ပညာသင်ဆု ပေးအပ်မည်

အမေရိကန်နိုင်ငံ University of Wisconsin Fox Valley မှ မြန်မာကျောင်းသားများအတွက် ဒေါ်လာ တစ်သောင်း ပညာသင်ဆု ပေးအပ်မည်

University of Wisconsin (UW) System သည် ကမ္ဘာ့ထိပ်တန်း အမြင့်မားဆုံး ပြည်သူပိုင် တက္ကသိုလ် ပညာရေးစနစ်ဖြစ်ပြီး အကောင်းဆုံး ကျောင်းကြီး ၁၃ ခုဖြင့် ဖွဲ့စည်းထားပါသည်။ University of Wisconsin Fox Valley သည် ယင်း ၁၃ ခုထဲမှ တစ်ခု အပါအ၀င်ဖြစ်သည်။

University of Wisconsin Fox Valley ကောလိပ်တွင် ၂ နှစ်တက်ရောက်ပြီး ကျန်သော ၂ နှစ်ကို အမေရိကန်နိုင်ငံ၏ Rank ၄၄ နေရာတွင်ရှိသော The University of Wisconsin – Madison တက္ကသိုလ်သို့ တိုက်ရိုက် ပြောင်းရွှေ့တက်ရောက်ကာ ဘွဲ့ဒီဂရီကို ရယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် UW system အတွင်းရှိ တက္ကသိုလ်ကြီးများနှင့် အမေရိကန်ရှိ ထိပ်တန်း ၅၀ စာရင်းဝင် တက္ကသိုလ်ကြီးများသို့ ပြောင်းရွှေ့တက်ရောက် နိုင်ပါသည်။

READ - ဥပဒေပညာဘွဲ့သင်တန်း (Online LL.B) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

         The University of Wisconsin – Madison ကို ၁၈၄၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အမေရိကန်၏ Public Ivy စာရင်းဝင် တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့တက္ကသိုလ်ကြီးများအတွင်း ပညာရေး အဆင့် ၂၈ နေရာ၌ ရရှိထားသော ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါသည်။

University of Wisconsin Fox Valley ကောလိပ် တွင် မကျဉ်းမကျယ်လွန်းသော စာသင်ခန်းများဖြင့် စနစ်တကျ သင်ကြားပေးပြီး ဆရာများမှ ကျောင်းသားတစ်ဦးချင်းအား ဂရုစိုက်သင်ကြားပေးနိုင်ခြင်း၊ မိမိ၏ အားသာ ချက် အားနည်းချက် များကို ဆရာနှင့်ဆွေးနွေးပေးနိုင်ခြင်းတို့ကြောင့် မိမိတို့ ရည်ရွယ်ရာ တက္ကသိုလ်ကြီးများဆီသို့ လွယ်ကူစွာ ပြောင်းရွှေ့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။ အသေးစိတ်ကို kingseducation.com/wisconsin တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါ သည်။

          တက်ရောက်နိုင်သော ဘာသာရပ်များအနေဖြင့် Business , Engineering , Nursing , Pharmacy , Agricultural and Life Sciences , Education နှင့် Human Ecology တို့အပြင် ဘာသာရပ်များစွာကို တက်ရောက်သင်ယူနိုင်မည်ဖြစ်ပါ သည်။

           ၂၀၁၈ ဇန်န၀ါရီကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆုလျှောက်ထားတက်ရောက်လိုသော ကျောင်းသားများ အနေဖြင့် အခြေခံပညာအထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း၊ IGCSE Result များဖြင့် AT&S (နိုင်ငံတကာတက္ကသိုလ် ပညာရေးဝန်ဆောင်မှုကုမ္ပဏီ)၊ အဆောင် (၅) အခန်း (၄), MICT Park, လှိုင်တက္ကသိုလ်နယ် မြေနှင့် AT&S မြို့ထဲရုံးခွဲဖြစ်သော အမှတ် (၆၇)၊ မြေညီထပ်၊ ဘုန်းကြီးလမ်း (အလယ်ဘ လောက်)၊ လမ်းမတော်၊ ဖုန်းနံပါတ် ၀၉ ၇၇၇ ၂၂၃ ၂၂၅၊ ၀၉ ၅၀၆ ၂၁၆၁ သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

International Read 1940 times