၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ကျောင်းသားတစ်ဦးကို သုံးသောင်းကျပ် ပေးအပ်မှာ ဖြစ်ပြီး ဆင်းရဲနွမ်းပါးပြီး အဆင့်မြင့်ပညာဆက်လက်သင်ယူဖို့ ခက်ခဲသူများကို ရွေးချယ်သွားမှာပါ။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရာတွင် မိဘနှစ်ပါးနှင့် လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး လျှောက်လွှာတွင် မိဘအုပ်ထိန်းသူက လက်မှတ်ရေးထိုး၍ မိမိတက်ရောက်ခဲ့သော အခြေခံပညာအထက် တန်းကျောင်း၊ အောင်မြင်ခဲ့သည့် ခုနှစ်၊ စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာန၊ ခုံအမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာ များကို ပြည့်စုံစွာ ဖော်ပြရမည် ဖြစ်သည်။

READ - ၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ ခေါ်ယူ

“တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများတင်ထားပြီးပြီ။ လာမယ့်လလောက်မှာ ကိုယ်ရရှိတဲ့ အထူးပြုဘာသာရပ်၊ ကိုယ်တက်ရမယ့် ဘာသာရပ်များကို သိရမှာပါ။ အဲဒီအချိန်ကျမှ ပညာသင်ထောက်ပံ့ကြေးလျှောက်ရမှာပါ” ဟု ပြောသည်။

ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာများ ထည့်သွင်း ဖော်ပြရမည့်အပြင် မိဘများတွင် အိမ်ထောင်ဆက်ရှိ၊ မရှိကိုပါ ထည့်သွင်းရေးသားရမည် ဖြစ်သည်။

မိမိ မိသားစုတွင် ရှိသည့် ကျောင်းသားဦးရေနှင့် တက္ကသိုလ်တက်ရောက်နေသူ၊ အခြေခံပညာ တက်ရောက်နေသူ ဟူ၍ ခွဲခြားဖော်ပြရန်လိုအပ်ကြောင်း သိရသည်။

ပညာသင် ထောက်ပံ့ကြေး ရရှိပါက ပြန်လည် အကြောင်း ကြားမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Local Read 1544 times