ဆယ်တန်းအောင်မြင်သူများအတွက် ပေးအပ်မည့် ပညာသင်ဆု

ဆယ်တန်းအောင်မြင်သူများအတွက် ပေးအပ်မည့် ပညာသင်ဆု

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ဦးစားပေး ခေါ်ယူပေးအပ်ပါမည်။

နိုင်ငံတကာတက္ကသိုလ်များမှ တိုက်ရိုက် အပ်နှင်းမည့် B.Sc (Hons) အထိ ရယူနိုင်စေမည့် အခွင့်အရေး ဖြစ်သည်။

နိုင်ငံတကာ အသိအမှတ်ပြု UK အဆင့်မြင့် ဒီပလိုမာ HND ၂ နှစ် စတင်လျှောက်ထားပြီး တက်ရောက်ရမည်ဖြစ်သည်။

အဆိုပါ 2 year program သည် (UK, USA, Australia, Scotland အပါအဝင်) နာမည်ကြီး နိုင်ငံတကာတက္ကသိုလ် ၂ဝဝ ကျော်၏ ဒုတိယနှစ်အပြီး နှင့် ညီမျှသည့် SCQF Level 8 ဖြစ်သည်။

ယခုပေးအပ်သည့် scholarship မှာ ပြင်ပတက္ကသိုလ်များတွင် စရိတ်ကျပ်သိန်းရာချီ ကုန်ကျသည့် ဘာသာရပ်များအား Full/ Half/ Option များဖြင့် scholarship လျှောက်ခွင့်နှင့် အသက်သာဆုံး တက်ရောက်စေနိုင်မည်ဖြစ်ပါသည်။

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ် ၄၅ဝ မှတ်နှင့် အထက် ရရှိသူများအား အဓိက ဦးစားပေး ခေါ်ယူပေးအပ်သွားမည်ဖြစ်သည်။

ယခု အကြိမ် scholarship ခေါ်ယူမှုသည် Computing (IT/ Network) ဘာသာရပ်ဖြစ်ပါသည်။

၂၄ ရက်နေ့November၂ဝ၁၈ မှ စ၍ လျှောက်လွှာများကို M.S.T Institute - အမှတ် ၁၈၄ ဗိုလ်အောင်ကျော်လမ်း ဗိုလ်တထောင်မြို့နယ် တွင် အခမဲ့ ရယူလျှောက်ထားနိုင်ပါသည်။ CODE: SCHNDN18 ဖြစ်ပါသည်။

ဖုံး ဝ၁- ၃၉၂၁၆၅, ၀၁-၈၃၉၂၉၈၃, ၀၉-၇၈၃၅၅၅၇၈၄, ဝ၉-၅၁၂၆၁၀၈, ဝ၉-၅ဝ၅၅၄၆၉ များသို့ ဆက်သွယ် နိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို M.S.T page တွင် ထပ်မံကြေညာ ပေးမည်ဖြစ်ပါသည်။ လျှောက်လွှာတွင်လည်း ပူးတွဲ ပါဝင်ပါမည်။

လျှောက်လွှာများကို  ၂၀၁၈ ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ဆုံးထားလျှောက်ထားရပါမည်။

scholar ship ရရှိသူများ scholarship plan မှအပ အခြား မည်သည့်အပိုကြေးမျှ ပေးသွင်းရန်မလိုပါ။

အခြားဘာသာရပ်များအတွက် အလျဉ်းသင့်သလို ကြေညာပေးပါမည်။

ပညာလိုလားသူတိုင်း ပညာသင်ခွင့်ရရှိစေရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ M.S.T Institue ၏ scholarship program တွင် ပါဝင်သင့်သူများ ပါဝင်နိုင်စေရန် လက်ဆင့်ကမ်းပေးခြင်းဖြင့် ကူညီနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Local Read 2229 times