လူထုစိန်ဝင်းပညာသင်ဆု စက်တင်ဘာလ (၁၅) ရက်အထိ လျှောက်ထားနိုင်ပြီ

လူထုစိန်ဝင်းပညာသင်ဆု စက်တင်ဘာလ (၁၅) ရက်အထိ လျှောက်ထားနိုင်ပြီ

ယင်းပညာသင်ဆုသည် အထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်မတက်နိုင်သော ပညာထူးချွန်ကျောင်းသားများကို ထောက်ပံ့ပေးခြင်းဖြစ်၍ () နှစ်လျှင်ကျောင်းသား (၁၀) ဦးမှ (၁၅) ဦးအထိ ပညာသင်ဆုပေးမည်ဖြစ်ပါသည်။

 

လျှောက်ထားသူသည် ပညာကိုလိုလား၍ ထူးချွန်သူဖြစ်ပြီး ပညာသင်ကြားရန် ငွေကြေးအခက်အခဲအမှန်တကယ်ကြုံတွေ့နေသူများဖြစ်ရန်၊ မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ကြောင်း ၄င်းအဖွဲ့ထံမှ သိရပါသည်။

 

ပညာသင်ဆုရွေးချယ်ရာတွင် ကျောင်းသား၏ပညာထူးချွန်မှု၊ တက်ရောက်လိုသော ကျောင်း၊ တက္ကသိုလ်၊ သင်တန်းတို့သည် အနာဂတ်တိုင်းပြည်အတွက် အသုံးဝင်မှု၊ ဘဝရည်မှန်းချက် ပညာသင်ဆုရန်ပုံငွေ တို့ပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်သည်။

 

၎င်းအဖွဲ့မှ မဆုမြတ်မွန်က ဖောင်ပိတ်တဲ့နေ့ကျရင် အဖွဲ့ဝင်တွေက စစ်ဆေးပြီး ဘတ်ဂျက်နှင့် ချိန်ကြည့်ပြီးမှ ဒီနှစ်ကျောင်သားဦးရေဘယ်လောက်ပေးနိုင်မည်ဆိုတာကို အစည်းအဝေးထိုင်ပြီးမှဆုံးဖြတ်တာ။ ဘယ်လောက်ပေးမည်ဟု မသတ်မှတ်ထားဘူး ဟုပြောပါသည်။

 

ယခုနှစ် ဖောင်မပိတ်ခင်အချိန်အထိလျှောက်လွှာ (၄၀) ခန့်ရထားကြောင်း ၄င်းကပြောကြားသည်။

Computer Applications (480)/ Computer Applications နှင့်ပတ်သက်ပြီး သင်တန်း (480)ခု ရှာရန်နှိပ်ပါ။

Computer Training (232)/ Computer Training နှင့်ပတ်သက်ပြီး သင်တန်း ( 232)ခု ရှာရန်နှိပ်ပါ။

ကဏ္ဍအသီးသီးတွင် တိုင်းပြည်အတွက်၊ လူထုအတွက်၊ အမှန်တရားအတွက်ဆောင်ရွက်နိုင်မည့်သူများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် လူထုစိန်ဝင်းပညာသင်ဆု အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရပါသည်။

 

လူထုစိန်ဝင်းပညာသင်ဆု ကိုဆရာကြီးလူထုစိန်ဝင်းကွယ်လွန်ပြီးနောက်အမှတ်တရ အနေနှင့် ၂၀၁၂ ဒီဇင်ဘာမှစတင်ပေးအပ်ခဲ့ပြီး ၂၀၁၉ ဇွန်လအထိ ကျောင်းသား(၇၈) ဦးကိုပေးအပ်ခဲ့သည်။

 

Read More:>>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

 

ပညာသင်ဆု ရွေးချယ်ခံရသည့် (၇၈) ဦးအနက်(၃၇) ဦးသည် တက္ကသိုလ်ပြီးသည်အထိ ပညာသင်ယူနိုင်ခဲ့ပြီး ကျန်ရှိနေသူများကို ဆက်လက်ထောက်ပံ့နေကြောင်း ပညာသင်ဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရပါသည်။

 

Source: The Voice

 

 

Local Read 1374 times