ဥရောပသမဂ္ဂမှ ပေးအပ်မည့် ပညာသင်ဆု

**Zawgyi**







စိုက်ပျိုးမွေးမြူရေးနှင့် တိရစ္ဆာန် ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးနှင့် လူမှုကူညီထောက်ပံ့ရေးဆိုင်ရာ ဘာာရပ်များ၊ အနုပညာ ဘာသာရပ်များ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာရပ်ဆိုင်ရာဘာသာရပ်များ၊ သိပ္ပံ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်ပါတယ်။



Read More:>>> သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ကြေညာချက်


Source:7Day News

**Unicode**

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ကျောင်းသား/သူများအား ဥရောပသမဂ္ဂက ပေးအပ်သည့် Eramus Mundus Full Scholarship (အပြည့်အဝ ပညာသင်ဆု) ဖြစ်ပါတယ်။


မြန်မာကျောင်းသား/သူများအနေဖြင့် ဥရောပသမဂ္ဂ၏ ၂၀၂၀၂၀၂၁ ပညာသင်နှစ်အတွက် Eramus Mundus ပညာသင်ဆုကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ (၁) ရက်တွင်ဥရောပသမဂ္ဂမှ ကြေညာထားပါတယ်။


ဥရောပတစ်ဝန်းရှိ တက္ကသိုလ်များတွင် မဟာတန်းနှင့်ပါရဂူတန်းတက်ရောက်မည့် မြန်မာကျောင်းသား/သူများအတွက် ပညာသင်ဆု ပံ့ပိုးမည်ဖြစ်ပြီး www.eacea.ec.europa.eu မှတစ်ဆင့် ပညာသင်ဆုလျှောက်ထားနိုင်မည်ဖြစ်ပါတယ်။


စိုက်ပျိုးမွေးမြူရေးနှင့် တိရစ္ဆာန် ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးနှင့် လူမှုကူညီထောက်ပံ့ရေးဆိုင်ရာ ဘာာရပ်များ၊ အနုပညာ ဘာသာရပ်များ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာရပ်ဆိုင်ရာဘာသာရပ်များ၊ သိပ္ပံ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းမာျး လျှောက်ထားနိုင်ပါတယ်။


ပညာသင်ဆုအစီအစဉ်တွင် ရွေးချယ်ခံရပါက လစဉ်နေထိုင်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်နှင့် အာမခံကြေးများ ရရှိမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်လိုအပ်ချက်ကို မိမိတက်ရောက်မည့် တက္ကသိုလ်က သတ်မှတ်ချက်များဖြင့် ပြည့်စုံရမည်ဖြစ်ပါတယ်။

Read More:>>> သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ကြေညာချက်


၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဘာသာရပ်အများစု၏ ပညာသင်ဆု လျှောက်ထားနိုင်သည့်ကာလကို ၂၀၂၀ ဇန်နဝါရီအထိ သတ်မှတ်ထားပါတယ်။
အသေးစိတ်ကို www.euinmya-nmar.eu တွင်ဝင်ရောက်လေ့လာဖတ်ရှု့နိုင်ပါတယ်။
Source:7Day News

Latest Post International Read 948 times