ပညာရေးဝန်ကြီးဌာနအနေဖြင့် Covid 19 ကပ်ရောဂါကူးစက်မှုကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရသော်လည်း ကျောင်းသူ၊ ကျောင်းသားများ၏ပညာသင်ကြားမှု ပြတ်တောက်မှု မရှိစေရေးနဲ့ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်း၊ အလယ်တန်း ၊ အထက်တန်းကျောင်းသင်ခန်းစာပို့ချချက်များကို မိဘဆရာ ကျောင်းသားများ နားဆင်မှတ်သား လေ့လာနိုင်စေရန်အတွက် City FM Radio မှ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နေ့လည် (၁:၃၀)နှင့် ည (၈:၃၀) အချိန်များတွင်လည်းကောင်း၊ စနေနေ့တွင် နေ့လည်(၁၂:၃၀) နှင့် ည(၈:၃၀) အချိန်များတွင်လည်းကောင်း၊ တနင်္ဂနွေနေ့တွင် နံနက် (၁၀:၃၀) အချိန်နှင့် ည(၈:၃၀) အချိန်များတွင်လည်းကောင်း နေ့စဉ်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်လို့သိရပါတယ်။
သို့ဖြစ်ပါ၍ City FM Radio 88.9 MHz တွင် ဖမ်းယူနားဆင်နိုင်ပါပြီလို့သိရပါတယ်။
By Myanmar Education Guide - EDGE