SAT/ACT မလိုအပ်ဘဲ လျှောက်ထားနိုင်မည့် အမေရိကန်နိုင်ငံ၏ University of Massachusetts

** Unicode **

အမေရိကန်နိုင်ငံ Massachusetts ပြည်နယ်ရှိ Boston, Lowell နှင့် Dartmouth တက္ကသိုလ်များသို့ SAT/ACT မလိုအပ်ဘဲ လျှောက်ထားတက်ရောက်နိုင်မည်ဟု သိရပါတယ်။

University of Massachusetts ၏ Campus (Boston, Lowell, Dartmouth) မှာတက်ရောက်လိုသူတွေအနေနဲ့ ၂၀၂၀ ပညာသင်နှစ် Fall နဲ့ Summer ကျောင်းဖွင့်ချိန်များအတွက် AT&S (Overseas Education Services) မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

University of Massachusetts ရဲ့ Campus Lowell သည် ပြည်နယ်၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သည့် Lowell မြို့တွင်တည်ရှိပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်တွေကို သင်ကြားပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းအောင်မြင်ထားသူများနှင့် အပြည်ပြည်ဆိုင်ရာ (၁၂) တန်းအောင်မြင်ပြီးသူတွေသည် SAT စာမေးပွဲဖြေဆိုရန်မလိုဘဲ တက္ကသိုလ်ပထမနှစ်နဲ့ ညီမျှသည့် Global Student Success Program (GSSP) မှတစ်ဆင့် (သို့) တိုက်ရိုက်လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မာစတာတန်းတက်ရောက်လိုသည့် ကျောင်းသား/သူများအနေဖြင့် Pre Master Program တက်ရောက်ပြီး ဘွဲ့လွန်ဒီဂရီတေန်းကို တက်ရောက်နိုင်မည်ဖြစ်ပါတယ်။

Read More:>>>  This, That, These, Those ကိုအသုံးပြုမယ်ဆိုရင် ဒါလေးတွေသိထားသင့်တယ်နော်...

ကျောင်းလျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက AT&S (Overseas Education Services) ဖုန်းနံပါတ် (၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅) ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Credit: Internet
 

** Zawgyi **






Read More:>>>>  This, That, These, Those ကိုအသုံးပြုမယ်ဆိုရင် ဒါလေးတွေသိထားသင့်တယ်နော်...


Credit: Internet

 

Latest Post International Read 836 times