နိုင်ငံခြားပညာတော်သင်ဆိုင်ရာ စည်းကမ်းချက်များ

နိုင်ငံခြားပညာတော်သင်ဆိုင်ရာ စည်းကမ်းချက်များ

အကြောင်းအရာ။ နိုင်ငံခြားပညာတော်သင်ဆိုင်ရာ စည်းကမ်းချက်များ ကိစ္စ

ရည် ညွှန်း ချက်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၈-၈-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၁၁ ၂၂ ၁၁
(၄၆၂၅)

၁။ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၊ နိုင်ငံခြားပညာသင်စိစစ် ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၈ )နှင့် (၁၈/၂၀၁၈) ၏ ဆွေးနွေးချက်များအရ အောက်ဖော်ပြပါအချက်များကို ဖြည့်စွက်ပြင်ဆင်နိုင်ရေးတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ဆက်လက်တင်ပြသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း သိသာနိုင်ပါရန် အကြောင်းကြားအပ်ပါသည်

- နိုင်ငံခြားရေးဝန်ကြီးဌာနမှ စေလွှတ်ထားသော ပြည်ပပညာသင်များ သိရှိလိုက်နာနိုင်ရေး ရည်ညွှန်း ချက်ပါစာဖြင့် ဖြန့်ဝေထားသော နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေ လွှတ်ရေး ကော်မတီ၏ ၄-၇-၂၀၁၈ ရက်စွဲပါ စာအမှတ် ၅၆၁/ ရအဖ/၂/ ၂၀၁၇ ရှိ အပိုဒ် (၂)၊ အပိုဒ်ခွဲ(ဂ)၊ အပိုဒ်ခွဲငယ် (၆) တွင် ပါဝင်သည့် “မိမိဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ နိုင်ငံခြားတွင် အိမ်ထောင်မပြုရန်၊ (လိုက်နာရန်ပျက်ကွက်ပါက ဌာနဆိုင်ရာ အရေးယူခြင်း ခံရပါမည်။)” ဟူသောစာသားအား “နိုင်ငံခြားတွင် ပညာသင် ကာလအတွင်း ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းမပြုရန်၊ လိုက်နာရန်ပျက်ကွက်ပါက ပညာ သင်ခွင့်ရပ်ဆိုင်းခြင်း၊ ငွေပေးလျော်စေခြင်း၊ ဌာနဆိုင်ရာအရေးယူခြင်းခံရမည် " ဟူ၍ လည်းကောင်း၊

ယင်းစာ အပိုဒ် (၂)၊ အပိုဒ်ခွဲ(ဂ)၊ အပိုဒ်ခွဲငယ် (၈) တွင် ပါဝင်သည့် “သတ်မှတ်သင်တန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးမြောက်သည်အထိ မတတ်ရောက်နိုင်ခဲ့ပါက မိမိဝန်ကြီးဌာန အဖွဲ့အစည်းသို့ ပြည့်စုံစွာရှင်းလင်းတင်ပြရန်” ဟူသောစာသားအား “သတ်မှတ်သင်တန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးမြောက်သည်အထိ မတတ်ရောက်နိုင်ခဲ့ပါက မိမိဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ် စေလွှတ်ရေး ကော်မတီသို့ အချက်အလက်ပြည့်စုံစွာဖြင့် အတည်ပြုချက်ရယူရန်။

ပညာသင်၏ ပေါ့လျော့မှု၊ စည်းကမ်းမလိုက်နာမှုများကြောင့် အောင်မြင်ပြီးမြောက်သည် အထိ မတက်ရောက်နိုင် ခဲ့ပါက ပညာသင်ခွင့်ရပ်ဆိုင်ခြင်း။ ငွေပေးလျော်စေခြင်း၊ (၆) လမှ (၂) နှစ်အောက် သင်တန်းများအတွက် လျော်ကြေးငွေ ၁၀၀၀၀၀ဝိ/- (ကျပ်ဆယ်သိန်း တိတိ)။ မဟာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ (၂) နှစ်နှင့်အထက် သင်တန်းများအတွက် လျော်ကြေး ငွေ ၂၀၀၀၀၀ဝိ/- (ကျပ် သိန်းနှစ်ဆယ်တိတိ)၊ ပါရဂူဘွဲ့သင်တန်းများအတွက် လျော်ကြေး ငွေ ၃၅ဝ၀ဝဝဝိ/- (ကျပ်သုံးဆယ့်ငါးသိန်းတိတိ) ကို နိုင်ငံတော်သို့ပေးဆောင်ရမည်)။ ဌာနဆိုင်ရာ အရေးယူခြင်းခံရမည် " ဟူ၍ လည်းကောင်း၊

(၃) လ ပတ်ပညာရည်တိုးတက်မှု အစီရင်ခံစာပုံစံ၏ စာမျက်နှာ ၂၊ အပိုဒ် ၂၀ ၏ မူလ စာသားဖြစ်သည့် “လူမှုရေး(ကျန်းမာရေး၊ နေထိုင်ရေး၊ ဆက်ဆံရေး) ဆိုင်ရာ အခြေ အနေ"အစား “လူမှုရေး (ကျန်းမာရေး၊ နေထိုင်ရေး၊ ဆက်ဆံရေး၊ ထူးခြားဖြစ်စဉ်) ဆိုင်ရာအခြေအနေ” ဟူ၍ လည်းကောင်း၊

၂။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ စေလွှတ်ထားသည့် ပြည်ပပညာသင်များအနေဖြင့် လက်ရှိ တက်ရောက်နေသည့်သင်တန်းမှ တစ်ဆင့်မြင့်သင်တန်းသို့ ကာလတိုးမြှင့်တက်ရောက်လိုသည့် အခါ ၊ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၏ ပညာသင်ဆိုင်ရာ စည်းကမ်းချက်များ အရ သင်တန်းဝင်ခွင့်မဖြေဆိုမီ သက်ဆိုင်ရာမြန်မာသံရုံးများမှတစ်ဆင့် ကြိုတင်လျှောက်ထားတင်ပြ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပါကြောင်း၊ ဝင်ခွင့်အောင်မြင်ပါက တစ်ဆင့်မြင့်သင်တန်း ဆက်လက် တက်ရောက်ရေးကိုလည်း သက်ဆိုင်ရာမြန်မာသံရုံးများမှ တစ်ဆင့် မိခင်ဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပါကြောင်း သိရှိလိုက်နာနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

၃။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စေလွှတ်ထားသော ပြည်ပပညာသင်များအနေဖြင့် (၃) လ ပတ် အစီရင်ခံစာများတင်ပြသည့်အခါ ပုံစံသစ်ဖြင့် တင်ပြနိုင်ရေးအတွက် အဆိုပါ အစီရင်ခံစာ ပုံစံသစ်ကို ပူးတွဲလျက် ပေးပို့အပ်ပါသည်။

ထို့ပြင် နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ် စေလွှတ်ရေးကော်မတီမှ ၄-၇-၂၀၁၈ ရက်စွဲပါစာ ပြင်ဆင်ချက်များကို အတည်ပြု ဖြန့်ဝေလာပါကလည်း သိရှိလိုက်နာနိုင်ရေးအတွက် ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: နိုင်ငံခြားရေးဝန်ကြီးဌာန

International Read 2501 times