ရခိုင်ပြည်နယ်၊ စာမေးပွဲအောင်မြင်သူများကို ဒိန်းမတ်နိုင်ငံမှ ပညာသင်ထောက်ပံ့ကြေးပေးမည်

ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများကို ဒိန်းမတ်သံရုံးက အမေရိကန်ဒေါ်လာ ၂၀၀ စီ လစဉ်ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ထားပါသည်။ စာသင်နှစ်တစ်နှစ်စီအတွင်း လစဉ် USD 200 နှင့်ညီမျှသောကျပ်ငွေကို ပညာသင်ထောက်ပံကြေး အဖြစ်ချီးမြှင့်မည်ဖြစ်သည်။

အဆိုပါ ထောက်ပံ့ကြေးကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများအပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးသို့ ဝင်ခွင့်ရရှိထားသော ကျောင်းသူ/ကျောင်းသားများအားလုံး လျှောက်ထားနိုင်သည်။ လျှာက်ထားသူသည် စီးပွားရေး (သို့မဟုတ်) လုံခြုံရေး အခြေအနေအရ အခက်အခဲများကို ရင်ဆိုင်နေရသူ ဖြစ်ရပါမည်။ လျှောက်ထားသူနှစ်ဦး၏ အခြေအနေအရပ်ရပ် ဆင်တူနေခဲ့ပါလျှင် ပညာရေးပိုမိုထူးချွန်သူကို ဦးစားပေး ရွေးချယ်ပါမည်။ 

အသေးစိတ်သိရှိရန် ပုံကို ထိပါ

No description available.

 

ထို့ကြောင့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် စာကြိုးစားပြီး နှစ်စဉ်အတန်းအောင်မြင်ပါက ပညာသင် ထောက်ပံကြေးကို (၄) နှစ်ဆက်တိုက် ခံစားရမည်ဖြစ်သည်။ အဆင့်မြင့်ပညာ သင်ယူဆည်းပူးပြီးနောက်ပိုင်း ကျောင်းသူကျောင်းသားများအနေဖြင့် ကွဲပြားခြားနားမှုနှင့် သဟဇာတ ဖြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် လည်းကောင်း၊ အကယ်၍လိုအပ်ခဲ့လျှင် ရခိုင်ပြည်နယ်ရှိ မိမိ၏ လူမှုအသိုက်အဝန်း အတွင်းသို့ ပြန်လည်သွားရောက်ကာ တာဝန်ထမ်းဆောင်မည် ဟူသော ကတိကဝတ်ကို ပညာသင်ထောက်ပံကြေး ရွေးချယ်ရေး ကော်မတီရှေ့မှောက်၌ ခံဝန်ချက်လက်မှတ် ရေးထိုးရမည် ဖြစ်သည်။ အမျိုးသမီးများနှင့် လူမှုပတ်ဝန်းကျင်တွင် ကန့်သတ်ခံအုပ်စုများ လျှောက်ထားသင့်သည်ဟုအကြံပြုထားပါသည်။

ပညာသင်ကာလတွင် စာမေးပွဲကျရှုံးလျှင်သော် လည်းကောင်း၊ နိုင်ငံတော်က ပြဌာန်း သတ်မှတ်ထားသောဥပဒေ၊ နည်းဥပဒေများ ချိုးဖောက် ကျုးလွန်ကြောင်း အထင်အရှားတွေ့ရှိရလျှင်လည်းကောင်း၊ တက္ကသိုလ်ဥပဒေပါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကျုးလွန်လျှင် သော်လည်းကောင်း ပညာသင်ထောက်ပံကြေးဆု ရပ်စဲမည်ဖြစ်သည်။

လျှောက်လွှာများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ရုံးများတွင် လျှောက်လွှာများကို ရယူနိုင်ပါသည်။ လျှောက်လွှာများကို ပြည့်စုံစွာဖြည့်ပြီးလျှင် အောက်ဖော်ပြပါ CDNH ရုံးများသို့ပေးပို့ရမည်။

CDNH ရုံးချုပ်၊ အမှတ် ၁၂၊ ရွှေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၂၃၀၆၃၅၆
CDNH ရုံးခွဲ၊ အခန်း၄၈၊ တိုက် ၈၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ ဖုန်း- ၀၉-၄၂၀၃၃၀၇၅၉
CDNH ရုံးခွဲ၊ အမှတ် ၁၄၂၊ ဗန္ဓုလ (မြို့ဝင်လမ်း)၊ မြို့မကညင်တန်းရပ်ကွက်၊ မောင်တောမြို့ ၊ ရခိုင်ပြည်နယ်၊ ဖုန်း- ၀၉-၂၆၂၇၈၃၃၅၁
CDNH ရုံးခွဲ၊ အမှတ် ၈၀၊ ဘုရင့်နောင်လမ်းမကြီး၊ (၇) ရပ်ကွက်၊ သံတွဲမြို့ ၊ ရခိုင်ပြည်နယ်၊ ဖုန်း- ၀၉-၄၂၀၈၈၇၈၉၆

အွန်လိုင်းမှ ပေးပို့လိုလျှင် အောက်ဖော်ပြပါ အီးမေးလ်လိပ်စာများသို့ ပေးပို့ရမည် ဖြစ်သည်။
[email protected], [email protected]

အွန်လိုင်းမှလည်း ရယူနိုင်သည်ဟု သိရသည်။
      >>>Click Here<<<

 

ရခိုင်ပြည်နယ်ပညာသင်ထောက်ပံကြေးဆုရွေးချယ်ရေးကော်မတီ

Latest Post News Read 942 times