QR Code များထည့်သွင်းထားမည့် YUFL ဘွဲ့လက်မှတ်ကတ်ပြားများ

** Unicode **

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှယခုနှစ်အတွက် ပေးအပ်မည့် ဘွဲ့လက်မှတ်ကတ်ပြားများတွင် QR Code များ ထည့်သွင်းပေးထားမည်လို့ သိရပါတယ်။

ဘွဲ့လက်မှတ်ကတ်ပြားကို လုံခြုံရေးအဆင့်မြှင့် ထားတဲ့စက္ကူများသုံးထားပြီ ထိုင်းကုမ္ပဏီတစ်ခုမှစီစဉ်ပေးထားခြင်းဖြစ်ပါတယ်။

ဘွဲ့ကတ်တိုင်းမှာ QR Code ပါပြီးတက္ကသိုလ်ရဲ့ Private Server Database မှာကိုယ့်ဘွဲ့လက်မှတ်ရဲ့ မှန်ကန်မှုကို QR Code နဲ့ စိစစ်နိုင်ပါတယ်။

အလုပ်လျှောက်ခြင်း၊ ပြည်ပပညာသင်သွားခြင်းတွင် အခြားအဖွဲ့အစည်းများမှ YUFL ကိုလှမ်းဆက်သွယ်စရာမလိုဘူးလို့ YUFL တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရပါတယ်။

ဘွဲ့ရရှိတဲ့စာရင်းတွေကို တက္ကသိုလ်ရဲ့ Private Server Database မှာ အချက်အလက်တွေ စစ်ဆေးနိုင်ရုံသာမက ကိုယ့်ရဲ့ လက်မှတ်မိတ္တူကိုလည်း PDF ဖြင့် Download ရယူနိုင်မှာဖြစ်ပါတယ်။

မသက်ဆိုင်သူတွေတစ်လွဲအသုံးမချနိုင်အောင် မူလဘွဲ့ကတ်ရဲ့ Quality ကို Cash Paper Quality မျိုးရအောင်လုပ်ထားသည့် အပြင် Database က ကိုယ့်ရဲ့အချက်အလက်များကို သာမန်လူတွေ Access မရအောင်စီစဉ်ထားတယ်လို့ သိရပါတယ်။

YUFL Database ကိုအကြီးကြီးတည်ဆောက်နေပါတယ်။ Student Database, Staff Database, Graduate Database ဆိုပြီး (၃) ပိုင်းပိုင်းထားပါတယ်။

Read More:>>>> "ယခုလကုန်နောက်ဆုံးထား၍ ကျောင်းအပ်ရမည့် အဝေးသင် ပထမနှစ်သင်တန်းများ 

Graduate Database မှာ ဘွဲ့ရအားလုံးပါပါမယ်။ QR Code နဲ့ စစ်နိုင်ပါမယ်။ ကျောင်းသားဟောင်းအားလုံး မကြာမီ (၆) လတစ်နှစ်အတွင်းမှာ Data ဝင်သွားမည်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကစ၍ ဘွဲ့လက်မှတ် (ပါချုပ်လက်မှတ်) ထိုးအပြီးတင်ပေးလို့ ရပါတယ်လို ကျောင်းသားဟောင်းများနှင့် ပတ်သက်ပြီး ယခုလိုမျိုးဆက်လက်ရှင်းပြခဲ့ပါတယ်။

Credit: Internet 
 

** Zawgyi **










Credit: Internet 
 

News Tips Latest Post Read 856 times