Python ဆိုတာနှင့် စပါးကြီးမြွေကြီးကိုပဲ ပြေးမြင်နေပြီလား ဒါမှမဟုတ် ပြည်သူတွေ ချစ်ရသည့် အောင်လအန်ဆန်း ကို မြင်နေပြီလား၊ မဟုတ်ပါဘူးနော်။
အခု ပြောပြပေးမည့် Python ကတော့ အိုင်တီလောကတွင် လက်ရှိ နံပတ်တစ် ဖြစ်နေသည့် programming language အကြောင်း ဖြစ်ပါသည်။
Python Language ကို ၁၉၈၀ နောင်းပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး Guido van Rossum ဆိုသူမှ ရေးသားခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့ပါသည်။
Python သည် နေရာတော်တော်များများအတွက် အသုံးဝင်သည့် ပရိုဂရမ်းမင်း ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ သူ့ကို Web Development, Data Science,creating software protopypes အစရှိသည့် နယ်ပယ်များတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
Python က object- oriented and functional lungage ဖြစ်တဲ့အတွက် ရိုဘော့တွေ တည်ဆောက်တာတွေ၊ animation ပြုလုပ်တာတွေ၊ game develop လုပ်တာတွေ အပြင် သီချင်းတစ်ပုဒ် ဖန်တီးသည့်နေရာအထိ Python နဲ့ပြုလုပ်လို့ရပါတယ်။
သူ့ရဲ့ ကြီးမားတဲ့ data library ရှိခြင်းကြောင့် data science၊ machine learning နဲ့ numeric applications တော်တော်များများတွေမှာ python ကိုပဲ အသုံးပြုလာကြပါတယ်။
LinkIn ၏ စစ်တမ်းများအရ နောက်ပိုင်းနည်းပညာကုမ္ပဏီများကလည်း python language ကျွမ်းကျင်သူများ ကို ဦးစားပေး ခေါ်ယူလာကြသည် ဟု ဖော်ပြထားပါသည်။
ထိုကြောင့် မိမိကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံချင်တယ်၊ အချိန်ကိုလည်း အကျိုးရှိရှိ အသုံးချချင်တဲ့ ကျောင်းသားကျောင်းသူတွေ ၊နောက်ပိုင်း မရှိမဖြစ်လိုအပ်လာမည့် data science နယ်ပယ်တွင် ဆရာတစ်ဆူ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ python language ကို အသေအချာလေ့လာဖို့ကို တိုက်တွန်းလိုက်ရပါတယ်။
Open Source ဖြစ်သည့် Python ကို ၎င်း၏ ကိုယ်ပိုင်ဝက်ဆိုက်တွင် လေ့လာနိုင်သလို အင်တာနက်၊ ယူကျူ့ များတွင်လည်း အခမဲ့လေ့လာနိုင်သည့်အပြင် Phandeeyar Institutes စသည့် နေရာများတွင်လည်း စနစ်တကျ သင်ယူနိုင်ပြီ ဖြစ်ပါသည်။
သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက >>> Click here <<<
By Myanmar Education Guide - EDGE