ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါအလွန်ကာလတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ ယနေ့ထုတ် ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်၌ ပညာရေးဝန်ကြီး ဌာနမှ ကြီးမှူးစီစဉ်သော ကျောင်းပြန်တက်ရေးအစီအစဉ်တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)မှ ပါဝင်ပံ့ပိုးထားပြီး ကျောင်းသား များ၊ မိဘများ၊ ဆရာများနှင့်ကျောင်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျှော့ချရေးအတွက် ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာများကို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
သတင်းအချက်အလက် မျှဝေရန်ဆောင်ရွက်
ယခုအစီအစဉ်ကို ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်သွားရန်ရှိပြီး ကျောင်းကျန်းမာရေးအတွက်သာမက ကလေးငယ်များအား ကျန်းမာ သန့်ရှင်းသောသဘာဝပတ်ဝန်းကျင်တွင် နေထိုင်တတ်စေရန် တန်ဖိုးရှိ သော သတင်းအချက်အလက်များကို မျှဝေပေးသွားရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျောင်းသားများအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများကို လည်း နိုင်ငံတစ်ဝန်းရှိ မူလတန်းနှင့်နေ့ကလေးထိန်းကျောင်း ၁၁၅၀၀ ကို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲရှိနေချိန်မှာ ဥရောပသမဂ္ဂက ကျောင်းတွေပြန်ဖွင့်နိုင်အောင် ပံ့ပိုးပေးတာကို ကြိုဆိုပါတယ်။ ယခုအကူအညီရရှိခဲ့တာကြောင့် ကလေးတွေအနေနဲ့ ပညာဆက်လက်သင်ကြားရန် အထောက်အကူရရှိခဲ့ပါ တယ်။ ယခုကဲ့သို့ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့မှ ငွေကြေးထောက်ပံ့ခဲ့သဖြင့် ကျောင်းသားတွေအနေနဲ့ ပံပိုးမှုရှိတဲ့ သင်ကြားရေးဆိုင်ရာပတ်ဝန်းကျင်မှာ ပညာသင်ကြားခွင့်ရရှိခဲ့ပါ တယ်” ကမ္ဘောဒီးယားပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီး ဟန်ချူ နရွန်က ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ကာမန်မိုရီနိုကလည်း ပညာသင်ကြားရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတိုးတက်ရေးအတွက် အဓိကကျသော အချက်ဖြစ်ကြောင်း ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် ဖိုရူဖိုရိုဇက် ကလည်း ကြုံတွေ့ရသော အခက်အခဲတိုင်းသည် နိုင်ငံတိုးတက်ရေး အတွက် အခွင့်အလမ်းများကိုပါ ယူဆောင်လာလေ့ရှိကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ဖွံ့ဖြိုး ရေးမိတ်ဖက်များနှင့် တာဝန်ရှိသူများ ညီညွတ်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၃ ဦး ရှိကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
Source: The Mirror Daily