အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံမှ Save the Children အဖွဲ့ ၏ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းများ အရ COVID-19 ကူးစက်ရောဂါသည် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များပေါ်သို့ ပိုမို သက်ရောက်စေခဲ့ပြီး နောက် အကျိုးဆက်အနေဖြင့် ချမ်းသာသူနှင့်ဆင်းရဲသူ င့်ယောက်ျားလေးများနှင့်မိန်းကလေးများအကြားကွာဟချက်ကိုပိုမိုကျယ်ပြန့်စေသည် ဟု ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ ကပ်ရောဂါ အဖြစ် ကြေညာပြီး ခြောက်လအကြာတွင် အထိခိုက်လွယ်ဆုံးဖြစ်သည့် ကလေးငယ်များသည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာအာဟာရမျှတမှုများကို ကောင်းစွာ မရရှိနိင်ပါဘဲ အန္တရာယ်များနှင့်ရင်ဆိုင်ရာတွင်လည်း ကာကွယ်မှုများ လုံလောက်စွာ မရကြောင်း ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအရ ကလေးသုံးပုံနှစ်ပုံသည်ကျောင်းပိတ်ချိန်အတွင်းဆရာများနှင့်လုံးဝအဆက်အသွယ်မရှိခဲ့သည့် အပြင် ကလေး ၁၀ ယောက်တွင် ၈ယောက်မှာ ကျောင်းများပိတ်သွားချိန်တွင် အနည်းငယ်သာ သင်ယူခဲ့သည် သို့မဟုတ် ဘာမျှမတတ်ကျွမ်းခဲ့သည်ဟု ယုံကြည်နေကြသည်။
၉၃ ရာခိုင်နှုန်းသော အိမ်ထောင်စု များတွင် ဝင်ငွေ များထက်ဝက်ကျော် ဆုံးရှုံးရသောကြောင့် ကျန်းမားရေး ဝန်ဆောင်မှုများ ရရန်အခက်အခဲများ ရှိသည်ဟု အစီရင်ခံစာတွင် ပါရှိပါသည်။
ကျောင်းများပိတ်ထားချိန်တွင် အိမ်တွင်း အကြမ်းဖက်မှုများမှာ နှစ်ဆခန့်တက်လာသည်။ ၁၇ ရာခိုင်နှုန်း မှာ ကျောင်းများ ဆက်လက်ပိတ်ထားရပြီး ၈ ရာခိုင်နှုန်းမျှသာလျှင် ကလေးများအနေဖြင့် လူကိုယ်တိုင်တက်ရောက် နိုင်ခြင်း ဖြစ်သည်။
အိမ်မှုကိစ္စများကို ဆောင်ရွက်ရာတွင် မိန်းကလေးများ၏ ၆၃% သည် ယောက်ျားလေးများ၏ ၄၃% ထက် ပို၍လုပ်ကိုင်နေရကြောင်း တွေ့ ရသည်။ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ၊ စိတ်ကျန်းမာရေး အပြင် ကိုယ်ခန္ဓာကိုယ်သာမက စိတ်ကျန်းမာရေး၏ လုံခြုံရေးအတွက်ပါ ရင်းနှီးမြှုပ်နှံ ရန်လိုအပ်ပါသည်။
လွန်ခဲ့သော ၆ လက ကြေငြာခဲ့သော COVID-19 ရောဂါကူးစက်မှုကြောင့် ကမ္ဘာပေါ်တွင်အကြီးမားဆုံးစစ်တမ်းကောက်ယူမှုပေါ်မူတည်၍ (A Generation) A မျိုးဆက်ကိုကာကွယ်ရန် အစီရင်ခံစာသစ်တစ်ခုကိုထုတ်ပြန်ထားပါသည်။
နိုင်ငံပေါင်း ၃၇ နိုင်ငံ မှ ကလေးသူငယ်ပေါင်း ၂၅၀၀၀ နှင့်၎င်းတို့၏စောင့်ရှောက်သူများသည် ဤကာလအတွင်းသူတို့၏အတွေ့အကြုံများ၊ ကြောက်ရွံ့မှုများနှင့်မျှော်လင့်ချက်များကို Save the Childrenသို့ဝေမျှထားပါသည်။ COVID-19 ကူးစက်မှုသည် ချမ်းသာကြွယ်ဝမှုနှင့်ကျား၊မ ရေးရာ မတူညီမျှမှုကို အမှန်တကယ်ပင် တိုးပွားစေပါသည်။
စစ်တမ်းမှတွေ့ရှိချက်အရဆင်းရဲသောအိမ်ထောင်စုများ၏ ဝင်ငွေ ဆုံးရှုံးမှုများသည် သာမာန်အိမ်ထောင်စုများ၏ ဝင်ငွေဆုံးရှုံမှုများထက် ၈၂ရာခိုင်နှုန်း ပိုများသည်ဟု ဖော်ပြထားသည်။
ကျန်းမာရေးနှင့် စပ်လျဉ်းလာလျှင် စစ်တမ်းတွင် ကွဲလွဲမှုများသည် စည်းစိမ်ကြွယ်ဝမှုနှင့် တိုင်ရိုက် ထပ်တူ ကျနေသည်ကို ဖော်ပြထားသည်။
ကူးစက်ရောဂါကြောင့် ဝင်ငွေ၏ထက်ဝက်ကျော်ဆုံးရှုံးခဲ့ရသောအိမ်ထောင်စု ၁၀ စုတွင်ကိုးစု သည်ကျန်းမာရေး ဝန်ဆောင်မှုများရရှိရန်အခက်အခဲရှိကြောင်းအစီရင်ခံစာတွင်ပါဝင်သည်။
အင်တာဗျူးခဲ့သည့် ဆင်းရဲသော ကလေးများ၏ ၁ ရာခိုင်နှုန်းသာလျှင် အွန်လိုင်းသင်ယူမှု အတွက် အင်တာနက်ကိုရနိုင်ပါသည်။
သူတို့ကိုယ်သူတို့မဆင်းရဲသူများဟုခွဲခြားသတ်မှတ်သောမိသားစုများ၏ ၂၆% နှင့်နှိုင်းယှဉ်ပါက ၃၇%သော ဆင်းရဲသောမိသားစုများသည်သင်ကြားရေးပစ္စည်းများအတွက်အခကြေးငွေပေးဆောင်ရန်အခက်အခဲရှိကြောင်းအစီရင်ခံခဲ့သည်။
“အစိုးရက အထူးသဖြင့် သင်ကြားရေးတွင် ထောက်ပံ့ပေးသင့်တယ်၊ ကျွန်မတို့က ကျေးလက်ဒေသတွင်နေထိုင်ကြပြီး အွန်လိုင်းသင်ယူမှုအတွက် အင်တာနက် မရနိုင်ဘူး” ဟု အသက် (၁၂) အရွယ်ရှိသည့် ဖိလစ်ပိုင်ကလေးမလေးမှ ပြောကြားထားသည်။
ပညာရေးတွင် နောက်ကျကျန်ခဲ့သော ကလေးများတွင် ကျောင်းလုံးဝထွက်လိုက်ရခြင်း၊ ကလေးလုပ်သားများ၊ အရွယ်မတိုင်မီလက်ထပ်လိုက်ရခြင်း စသည့် ဆိုးကျိုးမျာကို ကြုံတွေ့ရသည့် အပြင် အခြားခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံရသည့်သားကောင်များဖြစ်သွားနိုင်သည်။
Save the Children ၏ခန့်မှန်းချက်အရဒီရောဂါကူးစက်မှုဟာသမိုင်းမှာအကြီးမားဆုံးပညာရေးအရေးပေါ်အခြေအနေဖြစ်စေခဲ့ပြီး ၉.၇ သန်းသောကလေးငယ်များသည်ယခုနှစ်ကျောင်းကိုပြန်မလာကြနိုင်ကြတော့ပါ။ ကလေးသူငယ် ၁၀ ဦး တွင် ၈ ဦး မှာ အပျက်သဘောဆောင်သည့် မကောင်းသည့်ခံစားချက်များတိုးလာသည်ဟု ဖော်ပြထားသည်။
“COVID-19 သည်လက်ရှိမညီမျှမှုကိုပိုမိုကျယ်ပြန့်စေခဲ့သည်။ ဆင်းရဲသောသူများက ပိုမိုဆင်းရဲလာပြီး ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာအာဟာရ၊ ပညာရေးနှင့် ကာကွယ် စောင့်ရှောက်မှုများတွင် အလွန်အမင်း သက်ရောက်စေသည်။” ဟု Save the Children ၏အမှုဆောင်အရာရှိချုပ် Inger Ashing မှ ဆိုထားသည်။
ဆက်လက်၍ ကလေးသူငယ်မျိုးဆက်တစ်ခုလုံးကို ကျန်းမာပြီး တည်ငြိမ်သော အနာဂတ်များ ဆုံးရှံးမှုမှ ကာကွယ်ရန်အတွက် ဆင်းရဲ နွမ်းပါးပြီး ဖွံးဖြိုးဆဲ နိုင်ငံများ အတွက် နိုင်ငံ၏ ကြွေးမြီများကို တတ်နိုင်သလောက် လျော့ချပေးကာ ကလေးများ၏ ပညာရေးတွင် ရင်နှီး မြုပ်နှံ သင့်ကြောင်း အကြံပြုထားသည်။ ကလေးများ၏ လိုအပ်ချက်နှင့် ၎င်းတို့ လိုအပ်ချက် များ အတွက် ရွေးချယ်မှုများ ကို အဓိက အစီအစဉ်အဖြစ် ထားသင့် ပြီး ထိုမှသာ ယခင်ဆုံးရှုံးမှုများ ပြန်လည် အဖတ်ဆယ်နိုင်မည်ဖြစ်သည်။
Save the Children အဖွဲ့ မှလည်း ကလေးများအားကျောင်းမှအရည်အသွေးရှိသောအဝေးသင်သင်ထောက်ကူပစ္စည်းများရရှိစေရန်၊ ကျောင်းများ ပိတ်လိုက်ရ၍ နောက်ကျ ကျန်နေခဲ့သော ကလေးများကို ကျောင်းပြန်ဖွင့် သောအခါ တန်းတူအခွင့် အရေးများ ရေစရန် အစိုးရအား တိုက်တွန်းထားသည်။
အနာဂတ်တွင်ဖြစ်ပွားသောကပ်ရောဂါများမဖြစ်ပွားစေရန်အတွက်အစိုးရများအနေဖြင့်လူမှုကာကွယ်စောင့်ရှောက်ရေးကွန်ရက်များနှင့်အားကောင်းသောကျန်းမာရေးနှင့်အာဟာရစနစ်များကိုတည်ဆောက်ရန်လိုအပ်သည်။
အပြုသဘောဆောင်သောမိဘအုပ်ထိန်းမှုအစီအစဉ်များတွင်ကလေးများသည်အလွဲသုံးစားမှု၊ အကြမ်းဖက်မှုသို့မဟုတ်ခေါင်းပုံဖြတ်ခံရသူများဖြစ်ခဲ့လျှင်၊ ကလေးများ၏စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာလူမှုဖူလုံရေးကိုထောက်ပံ့ရန်သော့ခလောက်များနှင့်ပိတ်ဆို့မှုများခံရပြီးနောက်အားလုံးပါဝင်သောအကာအကွယ် ဝန်ဆောင်မှုများရရှိရန်အတွက်အရင်းအမြစ်များကိုလည်းအရေးတကြီးလိုအပ်သည်။
By Myanmar Education Guide - EDGE
Ref: reliefWeb