မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လတ်မှတ်၊ ပညာရှင်အဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲ အပိုင်း (၂)

**Unicode**


မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကြေညာချက်
မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လတ်မှတ်၊ ပညာရှင်အဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲ အပိုင်း (၂)
(P.E Part-II) အချိန်စာရင်းထုတ်ပြန်ကြေညာချက်

၁။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မှတ်ပုံတင်လတ်မှတ်စိစစ်ရေးလုပ်ငန်းကော်မတီမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လတ်မှတ်၊ ပညာရှင်အဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲ အပိုင်း (၂) (P.E Part-II) ကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

(က) ပထမနေ့

စာမေးပွဲကျင်းပမည့်ရက် - ၂၉.၂.၂၀၂၀ (စနေနေ့)
စာမေးပွဲကျင်းပမည့်အချိန် - နံနက်ပိုင်း (၉း၃၀ မှ ၁၁း၃၀ အထိ)
                                   နေ့လည်ပိုင်း (၁း၃၀ မှ ၃း၃၀ အထိ)
စာမေးပွဲကျင်းပမည့်နေရာ - မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးချုပ် အမှတ် (၅-က)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

(ခ) ဒုတိယနေ့ 

စာမေးပွဲကျင်းပမည့်ရက် - ၁.၃.၂၀၂၀ (စနေနေ့)
စာမေးပွဲကျင်းပမည့်အချိန် - နံနက်ပိုင်း (၉း၃၀ မှ ၁၁း၃၀ အထိ)
                                   နေ့လည်ပိုင်း (၁း၃၀ မှ ၃း၃၀ အထိ)
စာမေးပွဲကျင်းပမည့်နေရာ - မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးချုပ် အမှတ် (၅-က)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မှတ်ချက် (၁)။ B.E ဘွဲ့ရ လုပ်သက် (၁၅) နှစ်နှင့်အထက် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လတ်မှတ်တိုက်ရိုက်လျှောက်ထားသူများသည် ပညာရှင်အဆင့်ဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲအပိုင်း (၁) (P.E Part-I) ဖြေဆိုအောင်မြင်ပြီးပါက အပိုင်း (၂) (P.E Part-II) စာမေးပွဲအား ပထမနေ့နှင့်ဒုတိယနေ့စုစုပေါင်း (၂) ရက်ဖြေဆိုကြရမည်။

မှတ်ချက် (၂)။ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာလတ်မှတ် (R.S.E) ရရှိပြီး မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် လတ်မှတ်လျှောက်ထားသူများသည် ပညာရှင်အဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲအပိုင်း (၁) (P.E Part-I) ဖြေဆိုအောင်မြင်ပြီးပါက အပိုင်း (၂) (P.E Part-II) စာမေးပွဲအားဒုတိယနေ့တစ်ရက်တည်းသာဖြေဆိုကြရမည်။

၂။ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လတ်မှတ် (P.E) ပညာရှင်အဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲ အပိုင်း (၂) အတွက် စာမေးပွဲဝင်ခွင့်ကြေးကို KBZ Bank ဘဏ်ခွဲများတွင် ငွေစာရင်းအမှတ် (၂၃၅-၃၀၄-၂၃၅၀၀၀၄၀၁၀၁) သို့ပေးသွင်း၍လျှောက်လွှာနှင့်အတူစာမေးပွဲကြေးငွေသွင်းချလန်မိတ္တူ (၂) စောင်၊ ဘွဲ့လတ်မှတ်မိတ္တူ (၁) စောင်၊ မှတ်ပုံတင်မိတ္တူ (၁) စောင်၊ ဓာတ်ပုံ (၂) ပုံနှင့် P.E စာရင်းသွင်းငွေချေးချလန်မိတ္တူ (၁) စောင် ပူးတွဲတင်ပြလျက်လျှောက်ထားကြရမည်ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် လိုအပ်သောစာရွက်စာတမ်းအပြည့်အစုံကို (၇.၂.၂၀၂၀) သောကြာနေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးချုပ်၊ အမှတ် (၅-က)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ (သို့) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခွဲများတွင် လျှောက်ထားကြရမည်ဖြစ်ပါသည်။

၄။ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လတ်မှတ်၊ ပညာရှင်အဆင့်ဆန်းစစ်ချက်ရေးဖြေစာမေးပွဲအပိုင်း (၂) (P.E Part-II) ကိုရန်ကုန်စာစစ်ဌာနတွင်သာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၅။ သတ်မှတ်ချက်မပြည့်စုံသောလျှောက်လွှာများ၊ အချက်အလက်မှန်ကန်မှုမရှိသောလျှောက်လွှာများနှင့် သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများအားစာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါသဖြင့်အချိန်မီလျှောက်ထားကြပါရန်အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ
ဖုန်း - ၀၁-၇၀၃၂၇၅၊ ၀၉-၇၆၇၃၇၇၅၈၃
Website - www.myanmarengc.org
E-mail - [email protected]
လိပ်စာ - အမှတ် (၅-က)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Source: ေၾကးမံု

 

**Zawgyi**

ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီေၾကညာခ်က္
မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္လတ္မွတ္၊ ပညာရွင္အဆင့္ဆန္းစစ္ခ်က္ေရးေျဖစာေမးပြဲ အပိုင္း (၂)
(P.E Part-II) အခ်ိန္စာရင္းထုတ္ျပန္ေၾကညာခ်က္

၁။ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ၊ မွတ္ပုံတင္လတ္မွတ္စိစစ္ေရးလုပ္ငန္းေကာ္မတီမွ မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္လတ္မွတ္၊ ပညာရွင္အဆင့္ဆန္းစစ္ခ်က္ေရးေျဖစာေမးပြဲ အပိုင္း (၂) (P.E Part-II) ကိုေအာက္ပါအစီအစဥ္အတိုင္းက်င္းပျပဳလုပ္မည္ျဖစ္ပါသည္။

(က) ပထမေန႔

စာေမးပြဲက်င္းပမည့္ရက္ - ၂၉.၂.၂၀၂၀ (စေနေန႔)
စာေမးပြဲက်င္းပမည့္အခ်ိန္ - နံနက္ပိုင္း (၉း၃၀ မွ ၁၁း၃၀ အထိ)
                                   ေန႔လည္ပိုင္း (၁း၃၀ မွ ၃း၃၀ အထိ)
စာေမးပြဲက်င္းပမည့္ေနရာ - ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ႐ုံးခ်ဳပ္ အမွတ္ (၅-က)၊ ခေရပင္လမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

(ခ) ဒုတိယေန႔ 

စာေမးပြဲက်င္းပမည့္ရက္ - ၁.၃.၂၀၂၀ (စေနေန႔)
စာေမးပြဲက်င္းပမည့္အခ်ိန္ - နံနက္ပိုင္း (၉း၃၀ မွ ၁၁း၃၀ အထိ)
                                   ေန႔လည္ပိုင္း (၁း၃၀ မွ ၃း၃၀ အထိ)
စာေမးပြဲက်င္းပမည့္ေနရာ - ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ႐ုံးခ်ဳပ္ အမွတ္ (၅-က)၊ ခေရပင္လမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

မွတ္ခ်က္ (၁)။ B.E ဘြဲ႕ရ လုပ္သက္ (၁၅) ႏွစ္ႏွင့္အထက္ မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္လတ္မွတ္တိုက္႐ိုက္ေလွ်ာက္ထားသူမ်ားသည္ ပညာရွင္အဆင့္ဆင့္ဆန္းစစ္ခ်က္ေရးေျဖစာေမးပြဲအပိုင္း (၁) (P.E Part-I) ေျဖဆိုေအာင္ျမင္ၿပီးပါက အပိုင္း (၂) (P.E Part-II) စာေမးပြဲအား ပထမေန႔ႏွင့္ဒုတိယေန႔စုစုေပါင္း (၂) ရက္ေျဖဆိုၾကရမည္။

မွတ္ခ်က္ (၂)။ မွတ္ပုံတင္အႀကီးတန္းအင္ဂ်င္နီယာလတ္မွတ္ (R.S.E) ရရွိၿပီး မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္ လတ္မွတ္ေလွ်ာက္ထားသူမ်ားသည္ ပညာရွင္အဆင့္ဆန္းစစ္ခ်က္ေရးေျဖစာေမးပြဲအပိုင္း (၁) (P.E Part-I) ေျဖဆိုေအာင္ျမင္ၿပီးပါက အပိုင္း (၂) (P.E Part-II) စာေမးပြဲအားဒုတိယေန႔တစ္ရက္တည္းသာေျဖဆိုၾကရမည္။

၂။ မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္လတ္မွတ္ (P.E) ပညာရွင္အဆင့္ဆန္းစစ္ခ်က္ေရးေျဖစာေမးပြဲ အပိုင္း (၂) အတြက္ စာေမးပြဲဝင္ခြင့္ေၾကးကို KBZ Bank ဘဏ္ခြဲမ်ားတြင္ ေငြစာရင္းအမွတ္ (၂၃၅-၃၀၄-၂၃၅၀၀၀၄၀၁၀၁) သို႔ေပးသြင္း၍ေလွ်ာက္လႊာႏွင့္အတူစာေမးပြဲေၾကးေငြသြင္းခ်လန္မိတၱဴ (၂) ေစာင္၊ ဘြဲ႕လတ္မွတ္မိတၱဴ (၁) ေစာင္၊ မွတ္ပုံတင္မိတၱဴ (၁) ေစာင္၊ ဓာတ္ပုံ (၂) ပုံႏွင့္ P.E စာရင္းသြင္းေငြေခ်းခ်လန္မိတၱဴ (၁) ေစာင္ ပူးတြဲတင္ျပလ်က္ေလွ်ာက္ထားၾကရမည္ျဖစ္ပါသည္။

၃။ စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ လိုအပ္ေသာစာ႐ြက္စာတမ္းအျပည့္အစုံကို (၇.၂.၂၀၂၀) ေသာၾကာေန႔ ေနာက္ဆုံးထား၍ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ႐ုံးခ်ဳပ္၊ အမွတ္ (၅-က)၊ ခေရပင္လမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ (သို႔) ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္း႐ုံးခြဲမ်ားတြင္ ေလွ်ာက္ထားၾကရမည္ျဖစ္ပါသည္။

၄။ မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္လတ္မွတ္၊ ပညာရွင္အဆင့္ဆန္းစစ္ခ်က္ေရးေျဖစာေမးပြဲအပိုင္း (၂) (P.E Part-II) ကိုရန္ကုန္စာစစ္ဌာနတြင္သာ က်င္းပျပဳလုပ္မည္ျဖစ္ပါသည္။

၅။ သတ္မွတ္ခ်က္မျပည့္စုံေသာေလွ်ာက္လႊာမ်ား၊ အခ်က္အလက္မွန္ကန္မႈမရွိေသာေလွ်ာက္လႊာမ်ားႏွင့္ သတ္မွတ္ရက္ထက္ေနာက္က်ေသာ ေလွ်ာက္လႊာမ်ားအားစာေမးပြဲေျဖဆိုခြင့္ျပဳမည္မဟုတ္ပါသျဖင့္အခ်ိန္မီေလွ်ာက္ထားၾကပါရန္အသိေပးေၾကညာအပ္ပါသည္။

ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ
ဖုန္း - ၀၁-၇၀၃၂၇၅၊ ၀၉-၇၆၇၃၇၇၅၈၃
Website - www.myanmarengc.org
E-mail - [email protected]
လိပ္စာ - အမွတ္ (၅-က)၊ ခေရပင္လမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

 

Source: ေၾကးမံု

Latest Post News Read 837 times