Sales Hotline : 09448001653       Download App



ယခုလအတွင်း ထုတ်ပြန်မည့် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်

** Unicode **

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လျှောက်လွှာများကို တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးရုံးများက ၂၀၁၉ ဒီဇင်ဘာ ပထမအပတ်မှ စတင်လျှောက်ထားခွင့်ပြုခဲ့ပြီး လျှောက်ထားသူများအား ဇန်နဝါရီ ဒုတိယအပတ်တွင် လူတွေ့စစ်ဆေးခဲ့ပါတယ်။

သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ရရှိသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများတွင် ကြေညာမည်ဖြစ်ပါတယ်။

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်သတ်မှတ်ချက်သည် အရင်နှစ်များနှင့်အတူဖြစ်ပါတယ်။ တိုင်းပညာရေးမှူးရုံးများက လူတွေ့စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိလျှင် လက်မှတ်ပေးသွားမည်ဖြစ်သည်ဟု အခြေခံပညာရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးမှ ရှင်းပြပါတယ်။

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေတွင် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားသောဆရာသည် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိထားရမည်ပြီး ဘာသာရပ်အလိုက် သင်ကြားမည့် ကျောင်းဆရာဦးရေ လုံလောက်မှသာ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကျောင်းအဆင့်တိုးခြင်းများ ဆောင်ရွက်ပေးမည်ဟု ဖော်ပြထားပါတယ်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့် လျှောက်ထားခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းများကို ယခင်ပညာသင်နှစ်များက ကျောင်းဖွင့်ရန် သုံးလခန့်အလိုမှသာ ဆောင်ရွက်ပေးသော်လည်း ယခုနှစ်တွင် ပညာသင်နှစ် မစတင်မီခြောက်လခန့်အလိုကပင် စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ပညာရေးဘွဲ့၊ သင်ကြားမည့် ဘာသာရပ်နှင့် သက်ဆိုင်သည့်ဘွဲ့ရရှိသူများသည် အထက်တန်းအဆင့်သင့် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားနိုင်ပြီး အလယ်တန်းနှင့် မူလတန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ်လျှောက်ထားသူများအနေဖြင့် ယင်းသတ်မှတ်ချက်အပြင် ဆရာအတတ်ပညာဒီပလိုမာ (သို့) လက်မှတ်ရရှိထားရမည်ဖြစ်ပါတယ်။

ထို့အပြင်ဘွဲ့ရရှိထားပြီး တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ဆရာအဖြစ်အနည်းဆုံးလုပ်သက် (၅) နှစ်ရှိသူများလည်း လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားပါတယ်။

ယင်းမှတ်ပုံတင်ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘွဲ့လက်မှတ်၊ ဒီပလိုမာလက်မှတ်မူရင်းနှင့်မိတ္တူ (၃)စုံ၊ ဓာတ်ပုံ (၅) ပုံဖြင့် လျှောက်ထားရမည်ဖြစ်ပါတယ်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၁၃ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခွင့်ပြုပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၁၀၀၀) ကျော်ဖွင့်ခွင့်ပြုထားပါတယ်။
Credit: 7Day News

** Zawgyi **

ကိုယ္ပိုင္ေက်ာင္းဆရာ မွတ္ပံုတင္ ေလ်ွာက္လႊာမ်ားကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ပညာေရးမွဴးရံုးမ်ားက ၂၀၁၉ ဒီဇင္ဘာ ပထမအပတ္မွ စတင္ေလ်ွာက္ထားခြင့္ျပဳခဲ့ၿပီး ေလ်ွာက္ထားသူမ်ားအား ဇန္နဝါရီ ဒုတိယအပတ္တြင္ လူေတြ႔စစ္ေဆးခဲ့ပါတယ္။

သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီၿပီး ကိုယ္ပိုင္ေက်ာင္းဆရာ မွတ္ပံုတင္ရရွိသူမ်ားကို တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမွဴးရံုးမ်ားတြင္ ေၾကညာမည္ျဖစ္ပါတယ္။

ကိုယ္ပိုင္ေက်ာင္းဆရာ မွတ္ပံုတင္သတ္မွတ္ခ်က္သည္ အရင္ႏွစ္မ်ားႏွင့္အတူျဖစ္ပါတယ္။ တိုင္းပညာေရးမွဴးရံုးမ်ားက လူေတြ႔စစ္ေဆးၿပီး သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမႈရွိလ်ွင္ လက္မွတ္ေပးသြားမည္ျဖစ္သည္ဟု အေျခခံပညာေရးဦးစီးဌာနမွ အဆင့္ျမင့္အရာရွိတစ္ဦးမွ ရွင္းျပပါတယ္။

ကိုယ္ပိုင္ေက်ာင္းမွတ္ပံုတင္ ဥပေဒတြင္ ကိုယ္ပိုင္ေက်ာင္းမ်ားတြင္ သင္ၾကားေသာဆရာသည္ ကိုယ္ပိုင္ေက်ာင္းဆရာ မွတ္ပံုတင္လက္မွတ္ရရွိထားရမည္ၿပီး ဘာသာရပ္အလိုက္ သင္ၾကားမည့္ ေက်ာင္းဆရာဦးေရ လံုေလာက္မွသာ ကိုယ္ပိုင္ေက်ာင္းတည္ေထာင္ဖြင့္လွစ္ျခင္း၊ သက္တမ္းတိုးျခင္း၊ ေက်ာင္းအဆင့္တိုးျခင္းမ်ား ေဆာင္ရြက္ေပးမည္ဟု ေဖာ္ျပထားပါတယ္။

ကိုယ္ပိုင္ေက်ာင္းဖြင့္လွစ္ခြင့္ ေလ်ွာက္ထားျခင္း၊ ကိုယ္ပိုင္ေက်ာင္းဆရာ မွတ္ပံုတင္လက္မွတ္ထုတ္ေပးျခင္းမ်ားကို ယခင္ပညာသင္ႏွစ္မ်ားက ေက်ာင္းဖြင့္ရန္ သံုးလခန္႔အလိုမွသာ ေဆာင္ရြက္ေပးေသာ္လည္း ယခုႏွစ္တြင္ ပညာသင္ႏွစ္ မစတင္မီေျခာက္လခန္႔အလိုကပင္ စတင္ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။

ပညာေရးဘြဲ႔၊ သင္ၾကားမည့္ ဘာသာရပ္ႏွင့္ သက္ဆိုင္သည့္ဘြဲ႔ရရွိသူမ်ားသည္ အထက္တန္းအဆင့္သင့္ ကိုယ္ပိုင္ေက်ာင္းဆရာ မွတ္ပံုတင္ေလ်ွာက္ထားႏိုင္ၿပီး အလယ္တန္းႏွင့္ မူလတန္းအဆင့္သင္ ကိုယ္ပိုင္ေက်ာင္းဆရာ လက္မွတ္ေလ်ွာက္ထားသူမ်ားအေနျဖင့္ ယင္းသတ္မွတ္ခ်က္အျပင္ ဆရာအတတ္ပညာဒီပလိုမာ (သုိ႔) လက္မွတ္ရရွိထားရမည္ျဖစ္ပါတယ္။

ထို႔အျပင္ဘြဲ႔ရရွိထားၿပီး တကၠသုိလ္၊ ေကာလိပ္၊ အေျခခံပညာေက်ာင္းမ်ားတြင္ ဆရာအျဖစ္အနည္းဆံုးလုပ္သက္ (၅) ႏွစ္ရွိသူမ်ားလည္း ေလ်ွာက္ထားႏိုင္သည္ဟု သတ္မွတ္ထားပါတယ္။

ယင္းမွတ္ပံုတင္ကို သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမွဴးရံုးမ်ားတြင္ နိုင္ငံသားစိစစ္ေရးကတ္ျပား၊ ဘြဲ႔လက္မွတ္၊ ဒီပလိုမာလက္မွတ္မူရင္းႏွင့္မိတၱဴ (၃)စံု၊ ဓာတ္ပံု (၅) ပံုျဖင့္ ေလ်ွာက္ထားရမည္ျဖစ္ပါတယ္။

ပုဂၢလိကကိုယ္ပိုင္ေက်ာင္းမ်ားကို ၂၀၁၂-၁၃ ပညာသင္ႏွစ္က စတင္ဖြင့္လွစ္ခြင့္ျပဳၿပီး တစ္ႏိုင္ငံလံုးတြင္ ပုဂၢလိကကိုယ္ပိုင္ေက်ာင္း (၁၀၀၀) ေက်ာ္ဖြင့္ခြင့္ျပဳထားပါတယ္။
Credit: 7Day News

 

News News News Latest Post Read 1855 times