အခြေခံပညာကျောင်းများကို စမ်းသပ်သည့်ပုံစံဖြင့် ဖွင့်လှစ်ရမည်ဟုဆို

** Unicode **

အခြေခံပညာကျောင်းများဖွင့်လှစ်သည့်အခါ စမ်းသပ်သည့်ပုံစံမျိုးဖြင့် ဖွင့်လှစ်ရမည်ဖြစ်ပြီး မည်သည့် အတန်းမှစတင်၍ ဖွင့်ရမည်ကို အလေးနက်ထားစဉ်းစားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားပါတယ်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားမှူးချုပ် ဦးကိုလေးဝင်း၊ မူလတန်းပြဆရာမဒေါ်နီလာဝင်း၊ ဦးကျော်ဌေး(ကျောင်းသားမိဘကိုယ်စားလှယ်) တို့နှင့် အွန်လိုင်းပေါ်ဆွေးနွေးခြင်း အစီအစဉ်တွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

" ကျောင်းများပြန်ဖွင့်တာသည် စမ်းသပ်တဲ့ပုံစံပဲဖြစ်ရပါလိမ့်မယ်။ ဘယ်လိုပုံစံနဲ့အောင်မြင်မယ်ဆိုတာ အခုထက်ထိကျွန်မတို့လည်း မသေချာသေးပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့် အချိန်သည် ရာသီတုပ်ကွေးရောဂါများဖြစ်ပွားလေ့ရှိသည့်အတွက် ဖျားနာသော ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများရှိပါက ကျောင်းများသို့ မလာရောက်စေရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းအစီအစဉ်တွင် ဆွေးနွေးခဲ့ကြပါတယ်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ရာတွင် မူလတန်းအဆင့်မှ စတင်ဖွင့်လှစ်ရန် စဉ်းစားသုံးသပ်နေကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတင်ပြခဲ့သော်လည်း ပါဝင်ဆွေးနွေးခဲ့သည့် ဆရာမဒေါ်နီလာဝင်း၏ အထက်တန်းအဆင့်မှ စတင်ဖွင့်လှစ်သင့်သည်ဟု အကြံပြုချက်ကြောင့် မည်သည့်အတန်းမှစတင်ဖွင့်လှစ်မည်ကို စဉ်းစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အထက်တန်းအဆင့်ကျောင်းသား/သူ အရေအတွက်သည် မူလတန်းအဆင့်ထက်နည်းပါးသည့်အတွက် Social Distancing ဆောင်ရွက်ရန်လွယ်ကူခြင်း၊ ကျောင်းသား/သူ အရေအတွက်နည်းသည့်အတွက် နှစ်သုတ်ခွဲ၍ ဖွင့်လှစ်နိုင်ခြင်းတို့ကိုလည်း ထည့်သွင်းစဉ်းစားမည်ဟု ၎င်းက အသိပေးပြောကြားခဲ့ပါတယ်။

Kindergarten (73) သူငယ်တန်းအဆင့်ကျောင်းများ နှင့်ပတ်သက်ပြီး  (၇၃) ခုရှာရန်နှိပ်ပါ။

၂၀၂၀-၂၁ ပညာသင်နှစ်အတွက် အခြေခံပညာများကို ဇူလိုင်လ ပထမအပတ်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး၊ ယခုအခါ မေလ (၁၉) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်အရေအတွက်မှာ (၁၉၁) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

Credit: The Voice

 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္သည့္အခါ စမ္းသပ္သည့္ပံုစံမ်ိဳးျဖင့္ ဖြင့္လွစ္ရမည္ျဖစ္ၿပီး မည္သည့္ အတန္းမွစတင္၍ ဖြင့္ရမည္ကို အေလးနက္ထားစဥ္းစားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားပါတယ္။

အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္စီမံေဆာင္ရြက္ျခင္းႏွင့္စပ္လ်ဥ္း၍ အေျခခံပညာဦးစီးဌာန ညႊန္ၾကားမွဴးခ်ဳပ္ ဦးကိုေလးဝင္း၊ မူလတန္းျပဆရာမေဒၚနီလာဝင္း၊ ဦးေက်ာ္ေဌး(ေက်ာင္းသားမိဘကိုယ္စားလွယ္) တို႔ႏွင့္ အြန္လိုင္းေပၚေဆြးေႏြးျခင္း အစီအစဥ္တြင္ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

" ေက်ာင္းမ်ားျပန္ဖြင့္တာသည္ စမ္းသပ္တဲ့ပံုစံပဲျဖစ္ရပါလိမ့္မယ္။ ဘယ္လိုပံုစံနဲ႔ေအာင္ျမင္မယ္ဆိုတာ အခုထက္ထိက်ြန္မတို႔လည္း မေသခ်ာေသးပါဘူး" ဟု ေဒၚေအာင္ဆန္းစုၾကည္ကဆိုပါတယ္။

ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္သည့္ အခ်ိန္သည္ ရာသီတုပ္ေကြးေရာဂါမ်ားျဖစ္ပြားေလ့ရွိသည့္အတြက္ ဖ်ားနာေသာ ေက်ာင္းသား/သူမ်ားႏွင့္ ဆရာ/ဆရာမမ်ားရွိပါက ေက်ာင္းမ်ားသို႔ မလာေရာက္ေစရန္ စည္းမ်ဥ္းစည္းကမ္းမ်ား သတ္မွတ္မည္ျဖစ္ေၾကာင္း ၄င္းအစီအစဥ္တြင္ ေဆြးေႏြးခဲ့ၾကပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ရာတြင္ မူလတန္းအဆင့္မွ စတင္ဖြင့္လွစ္ရန္ စဥ္းစားသံုးသပ္ေနေၾကာင္း အေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ကတင္ျပခဲ့ေသာ္လည္း ပါဝင္ေဆြးေႏြးခဲ့သည့္ ဆရာမေဒၚနီလာဝင္း၏ အထက္တန္းအဆင့္မွ စတင္ဖြင့္လွစ္သင့္သည္ဟု အႀကံျပဳခ်က္ေၾကာင့္ မည္သည့္အတန္းမွစတင္ဖြင့္လွစ္မည္ကို စဥ္းစားရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

အထက္တန္းအဆင့္ေက်ာင္းသား/သူ အေရအတြက္သည္ မူလတန္းအဆင့္ထက္နည္းပါးသည့္အတြက္ Social Distancing ေဆာင္ရြက္ရန္လြယ္ကူျခင္း၊ ေက်ာင္းသား/သူ အေရအတြက္နည္းသည့္အတြက္ ႏွစ္သုတ္ခြဲ၍ ဖြင့္လွစ္ႏိုင္ျခင္းတို႔ကိုလည္း ထည့္သြင္းစဥ္းစားမည္ဟု ၄င္းက အသိေပးေျပာၾကားခဲ့ပါတယ္။

Kindergarten (73) သူငယ္တန္းအဆင့္ေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၇၃) ခုရွာရန္ႏွိပ္ပါ။

၂၀၂၀-၂၁ ပညာသင္ႏွစ္အတြက္ အေျခခံပညာမ်ားကို ဇူလိုင္လ ပထမအပတ္တြင္ ဖြင့္လွစ္ရန္ စီစဥ္ေနၿပီး၊ ယခုအခါ ေမလ (၁၉) ရက္ေန႔အထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္အေရအတြက္မွာ (၁၉၁) ဦးအထိ ရွိလာၿပီျဖစ္ပါတယ္။

Credit: The Voice

Tips Tips Latest Post Read 19825 times