မူလတန်းဆရာအတတ်ပညာ သင်တန်းကို စတင် လျှောက်ထားနိုင်ပြီ


၂၀၂၅ ခုနှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT) ကို ပညာရေးဒီဂရီကောလိပ်များ၌ မတ်လ (၂၄) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အရည်အချင်း သတ်မှတ်ချက်များ

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ အဏ္ဏဝါသိပ္ပံ၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology၊ Biotechnology၊ Biochemistry၊ Environmental Studies၊ Geology၊ B.A(မြန်မာမှု)၊ B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင်)၊ B.A(ပန်းချီ)၊ BA(ပန်းပု)၊ B.A(Business Science)၊ B.BSc၊ B.Sc(Sports)၊ B.Econ(stats)၊ B.Com) ရရှိပြီးသူ ဖြစ်ရမည်။

- ပြင်ပဘွဲ့ရများအတွက် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် အသက် (၃၇) နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် အသက် (၄၂) နှစ် ထက်မကြီးသူ ဖြစ်ရန်နှင့် သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုစာကို ပူးတွဲတင်ပြရန် လိုအပ်သည်။

- သင်တန်းလျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေ စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်။

- ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန် ထမ်းဆောင်နိုင်ပြီး မည်သည့်ပညာရေး ဒီဂရီကောလိပ်တွင်မဆို တက်ရောက်နိုင်သူ ဖြစ်ရမည်။

- အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။

- သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရပါ။

- သင်တန်းတက်ရောက်နေစဉ် ကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုများ နေ့စဉ်ဆောင်ရွက်ရမည် ဖြစ်ပါ၍ ရွေးချယ်ခံရသည့် သင်တန်းသူသည် ကိုယ်ဝန်ဆောင်ခြင်း မရှိရပါ။

 

စည်းကမ်းသတ်မှတ်ချက်များ

- သင်တန်းတက်ရောက်ခွင့် ရရှိသူများအနေဖြင့် တက္ကသိုလ်စာမေးပွဲ အောင်မြင်ကြောင်းနှင့် ဘွဲ့ရရှိမှု အထောက်အထား (မူရင်း) တင်ပြနိုင်ရမည်။

- သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် သင်တန်းပြီးဆုံးအောင် တက်ရောက်ရမည်။

- မူလတန်းဆရာ အတတ်ပညာ လတ်မှတ်ရရှိပြီးနောက် လက်ထောက်မူလတန်းပြအဖြစ် အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရမည်။

- သင်တန်းပြီးဆုံးအောင် မတက်ရောက်ခဲ့လျှင် သော်လည်းကောင်း၊ ခန့်အပ်ထားခြင်းခံရသော အခြေခံပညာ ကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်သော်လည်းကောင်း သတ်မှတ်လျော်ကြေးငွေ (၁၀) သိန်းကျပ်နှင့်အတူ သင်တန်းတက်ရောက်စဉ် ခံစားခဲ့သော လစဥ်ထောက်ပံ့ကြေးကို ပြန်လည်ပေးလျော်ရမည်။

 

လျှောက်ထားရမည့်ပုံစံ

သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံအား ကိုယ်တိုင်ရေးသားဖြည့်စွက်ကာ လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ ပညာရေးဒီဂရီကောလိပ်တွင် လျှောက်ထားရပါမည်။

 

နေပြည်တော် ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးဒီဂရီကောလိပ်တွင် လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီးဌာန (သို့) ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထား ခြင်းမပြုရ။

 

လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်_

  • တက္ကသိုလ်ဝင်တန်း အထောက်အထား (မိတ္တူ)
  • ဘွဲ့လက်မှတ် (မိတ္တူ)
  • နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)
  • (၆) လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၂)ပုံ

 

ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုမည့်ရက်ကို သက်ဆိုင်ရာ ဒီဂရီကောလိပ်များ၌ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပြီး လူတွေ့ဖြေဆို အောင်မြင်သူများသာ သင်တန်းကို တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

 

လျှောက်လွှာပုံစံ

 

Latest Post Local News Vocational Read 56 times