ရန်ကုန်ပညာရေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စပြီး အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သတ်မှတ်အရည်အချင်း
သင်တန်းတက်ရောက်ရမည့်နေရာ
ရန်ကုန်ပညာရေးတက္ကသိုလ်
သင်တန်းတက်ရောက်ရမည့် နေ့ရက်နှင့် အချိန်
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - နံနက် (၇) နာရီမှ (၉) နာရီထိ
(သို့မဟုတ်)
စနေ၊ တနင်္ဂနွေ - နံနက် (၉) နာရီမှ (၁၂) နာရီထိ
စနေ၊ တနင်္ဂနွေ - မွန်းလွဲ (၁) နာရီမှ (၄) နာရီထိ
သင်တန်းကာလ
သင်တန်းကာလကို Level (၅) ခု သတ်မှတ်ထားပါသည်။
1. Elementary Level
2. Pre-Intermediate Level
3. Intermediate Level
4. Upper Intermediate Level
5. Advanced Level
Level တစ်ခုလျှင် (၁၀) ပတ် ကြာပါမည်။
သင်တန်းကြေး
Level တစ်ခုလျှင် တစ်ကြိမ် (၈) သောင်းကျပ် ပေးသွင်းရပါမည်
ပေးအပ်မည့်ဘွဲ့
ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာ [Postgraduate Diploma in English (PGDip.Eng)]
လျှောက်ထားရမည့်ပုံစံ
ဒီဇင်ဘာလ (၂၃) ရက်၊ တနင်္လာနေ့၊ နံနက် (၉) နာရီမှ စတင်ကာ သတ်မှတ်ဦးရေ ပြည့်သည်အထိ အွန်လိုင်းမှတဆင့် (https://lms.yuoe.edu.mm) လျှောက်ထားနိုင်ပြီး ဒီဇင်ဘာလ (၂၄) ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် သင်တန်းကြေး ပေးသွင်းရမည်ဖြစ်သည်။ သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်၊ စနေနေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ရန်ကုန်ပညာရေးတက္ကသိုလ် ဝက်ဘ်ဆိုက်ဒ် (https://www.yuoe.edu.mm/) နဲ့ သင်တန်းရေးရာဌာနတွင် စုံစမ်းနိုင်ပါသည်။
=============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။