ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဒီပလိုမာသင်တန်းအား အချိန်ပိုင်း ဖွင့်လှစ်မည်

 

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်း [Postgraduate Diploma in Education] သင်တန်းအား ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဒီဇင်ဘာလ (၁၃) ရက်နေ့မှ စတင်ပြီး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတ်မှတ်အရည်အချင်း

  • ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
  • ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးရွေးချယ်မည်။
  • အသက်ကန့်သတ်ချက်မရှိပါ။
  • သင်တန်းဝင်ခွင့်အတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများ ဖြေဆိုနိုင်ရမည်။

 

သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ၁၃-၁၂-၂၀၂၄ (သောကြာနေ့) မှစ၍ ၂၀-၁၂-၂၀၂၄ (သောကြာနေ့) အထိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် တိုက်ရိုက် လျှောက်ထားရပါမည်။

 

သင်တန်းအချက်အလက်

  • သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၁၃-၁-၂၀၂၅ (တနင်္လာနေ့)
  • သင်ကြားမည့်နေရာ - ရန်ကုန်ပညာရေးတက္ကသိုလ်
  • သင်ကြားပို့ချမည့်အချိန် - တနင်္လာနေ့မှ ကြာသပတေးနေ့ထိ (နေ့စဉ် နံနက် (၇) နာရီမှ (၉) နာရီ)
  • သင်တန်းကာလ - (၉)လ
  • သင်တန်းကြေး - (၄) သိန်းကျပ်
  • ပေးအပ်မည့်ဘွဲ့ - ဘွဲ့လွန်ပညာရေးဒီပလိုမာ [Postgraduate Diploma in Education (PGDip.Ed)]

 

ဝင်ခွင့်စာမေးပွဲများ

ရေးဖြေစာမေးပွဲကျင်းပမည့်ရက် - ၂၆-၁၂-၂၀၂၄ (ကြာသပတေးနေ့)

နံနက် (၉) နာရီမှ (၁၁) နာရီထိ (ပညာရေးဘာသာရပ်များ)

မွန်းလွဲ (၁) နာရီမှ (၃)နာရီထိ (အင်္ဂလိပ်စာဘာသာရပ်)

လူတွေ့စစ်ဆေးမည့်ရက် - (၆-၁-၂၀၂၅)ရက် (တနင်္လာနေ့)

လူတွေ့စစ်ဆေးမည့်အချိန် - နံနက် (၉) နာရီ

စာမေးပွဲကျင်းပမည့်နေရာ - ရန်ကုန်ပညာရေးတက္ကသိုလ်

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 367 times