ဆင်းရဲနွမ်းပါးသည့် တက္ကသိုလ်ကျောင်းသား/သူများအတွက် ပညာသင်ဆု ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံကျော် လျာထား

ဆင်းရဲနွမ်းပါးသည့် တက္ကသိုလ်ကျောင်းသား/သူများအတွက်  ပညာသင်ဆု ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံကျော် လျာထား

လာမည့်ပညာသင်နှစ်တွင် ဆင်းရဲနွမ်းပါးပြီး တက္ကသိုလ်ပညာများ ဆက်လက်သင်ယူရန် အခက်အခဲရှိသည့် ကျောင်းသား/သူများကို ပညာသင်ဆုများ ပေးနိုင်ရန် ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံ (ကျပ်သန်းပေါင်း တစ်သောင်းတစ်ထောင့်လေးရာ) ကျော် လျာထားသည်။

အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အဆင့်မြင့်ပညာများ ဆက်လက်ပညာသင်ယူရန်အတွက် အခက်အခဲရှိသည့် ကျောင်းသား/သူများကို ပညာသင်ဆုများပေးအပ်ရန် ဘတ်ဂျက်များ လျာထားဆောင်ရွက်လျက်ရှိသည်။

ယခုပညာသင်နှစ်၏ ကျန်ရှိသည့် ခြောက်လတာ ဘတ်ဂျက်တွင် ပညာသင်ဆုများ ပေးအပ်နိုင်ရန် ၁ ဒသမ ၂ ဘီလီယံ လျာထားသည်။

လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းများ တက်ရောက်မည့် ကျောင်းသား/သူစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအတွက် ငွေကျပ် ၁၁ ဒသမ ၄ ဘီလီယံ ကျော် လျာထားသည်။

"ပထမနှစ်တက်မယ့် ကျောင်းသား/သူ ဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို စကောလားရှစ်ပေးဖို့ လျာထားပါတယ်။ ဆယ်တန်းအောင်တာ နှစ်သိန်းလေးသောင်းလောက်အောင်တယ်။ အဲဒီထဲက ဒေးကို သုံးချိုးတစ်ချိုးတက်တယ်။ ရှစ်သောင်းရဲ့ ဆယ်ရာခိုင်နှုန်းဆိုရင် ရှစ်ထောင်ကို စကောလားရှစ်ပေးတယ်။ ၂၀၁၇-၁၈ အတွက် ၄ ဒသမ ၅ ဘီလီယံ လျာထားသည်၊ အခုကျန်တဲ့ ခြောက်လအတွက် ၁ ဒသမ ၂ ဘီလီယံ လျာထားသည်။

လာမည့် ၂၀၁၈-၁၉  ပညာသင်နှစ်အတွက် ၁၁ ဒသမ ၄ ဘီလီယံ လျာထားပါတယ်။ ဒါကြောင့်ဘယ်လိုထိထိရောက်ရောက် လုပ်မလဲဆိုတာက  ဘတ်ဂျက်ကို လျားထားပါသည်။"ဟု ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများကို ပေးအပ်ရာတွင် စကောလားရှစ်များအဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာသင်ဆုများ လျှောက်ထားခွင့်ပေးနေသော်လည်း အရေအတွက် ပြည့်မီအောင် လျှောက်ထားမှုများ မရှိကြောင်း၊ ယခုနှစ်တွင် ကျောင်းသား/သူ ရှစ်ထောင်ကို ပေးရန်လျာထားခဲ့သော်လည်း လျှောက်ထားမှုမှာ ခြောက်ထောင်သာ ရှိခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်အထိ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ခဲ့သည့်အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၆၁၂၉ ဦး ရှိပါပြီ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

Local Read 2197 times