Sales Hotline : 09448001653       Download App



တက္ကသိုလ်များတွင် အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်မည်

၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်မည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြို့ကြီး (၅) မြို့ရှိ တက္ကသိုလ်တို့မှာ အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်ရန်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါသည်။

 

လက်ရှိကာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် နှစ်ခုတွင်သာ အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်မှစ၍ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေး တက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။ 

 

အဆိုပါကိစ္စရပ်နှင်ပတ်သက်၍ မတ်လ (၂၅) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများသည် အွန်လိုင်းမှတွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

 

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် အင်္ဂလိပ်စာ ပါရဂူဘွဲ့ရ ဆရာဦးရေ (၂၀) ရှိပါကြောင်းနှင့် တက္ကသိုလ်များရှိ အင်္ဂလိပ်စာအထူးပြုဘွဲ့လွန်သင်တန်းများ သင်ကြားကြီးကြပ်ရန် ပါမောက္ခများ၊ ပါရဂူဘွဲ့ရများ လိုအပ်လျက်ရှိကြောင်း ထိုဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ 

 

Source - မြန်မာ့အလင်း 

 

Latest Post Local News Read 380 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176