ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတက္ကသိုလ်တို့တွင် တက်ရောက်နိုင်သည့် ပါရဂူတန်းများ

 

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် တောင်ကြီးတက္ကသိုလ်တို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်မည့် ပါရဂူဘွဲ့ (Ph.D) အထူးသင်တန်းများကို စုစည်းဖော်ပြအပ်ပါသည်။

 

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပါရဂူအတန်းများ

မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒသနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုသဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ၊ အဏုဇီ၀ဗေဒ

 

မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပါရဂူအတန်းများ

မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒသနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ အဏုဇီ၀ဗေဒ

 

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပါရဂူအတန်းများ

ဘောဂဗေဒ
ဝါဏိဇ္ဇဗေဒ
စာရင်းအင်းပညာ

 

တောင်ကြီးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပါရဂူအတန်းများ

မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ

 

ပါရဂူသင်တန်းလျှောက်ထားသူများ၏ အရည်အချင်းသတ်မှတ်ချက်

  • ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် အသက် (၄၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
  • ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့် (၁) နှစ် တက်ရောက်နိုင်သူဖြစ်ရမည်။ 
  • မိမိလျှောက်လိုသော ဘာသာရပ်နယ်ပယ်၌ မဟာဘွဲ့အောင်မြင်ပြီးသူဖြစ်ရပါမည်။
  • ဘာသာရပ်ဆိုင်ရာ (၃) နာရီမေးခွန်းနှင့် အင်္ဂလိပ်စာ (၃) နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းလည်း အောင်မြင်ရပါမည်။  
  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ရရှိထားသူများသည် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလိုဘဲ လူတွေ့စစ်ဆေးခြင်းကိုသာ အောင်မြင်ရမည်။
  • တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြဖြစ်ပါက လုပ်သက် (၁) နှစ် ရရှိမည်။
  • တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမ မဟုတ်သော ပညာရေးဝန်ထမ်းဖြစ်ပါက နည်းပြ၊ သရုပ်ပြနှင့် အဆင့်တူရာထူးတွင် လုပ်သက် (၂) နှစ် ရှိသူဖြစ်ရမည်။
  • အခြားဝန်ကြီးဌာနဝန်ထမ်းများဖြစ်ပါက နည်းပြ၊ သရုပ်ပြ (သို့) ယင်းနှင့်အဆင့်တူ သင်ကြားရေးရာထူးတွင် လုပ်သက် (၂) နှစ် အနည်းဆုံး ရှိရမည်။
  • နိုင်ငံ့ဝန်ထမ်းမဟုတ်သူများဖြစ်ပါက မိမိလျှောက်ထားသော ဘာသာရပ်နယ်ပယ်၌ မဟာဘွဲ့ကို CGPA 4.5 နှင့်အထက်ရရှိသူ (သို့) မဟာဘွဲ့အပြင် ကိုယ်တိုင်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာ ပါရဂူဦးစီးကော်မတီမှ အသိအမှတ်ပြုသူဖြစ်ရမည်။
  • သက်ဆိုင်ရာဌာနအကြီးအကဲ၏ (၁) နှစ်တာ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် ရရှိထားသူဖြစ်ရမည်။   

 

လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို ထုတ်ယူပြီး (၂၄.၅.၂၀၂၄) သောကြာနေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။ လျှောက်ထားသူများသည် ဝင်ခွင့်စာမေးပွဲကို မိမိလျှောက်ထားသည့် တက္ကသိုလ်တွင် သွားရောက်ဖြေဆိုရပါမည်။ 

- ၂၇.၅.၂၀၂၄ (တနင်္လာနေ့) ၉ နာရီမှ ၁၂ နာရီအထိ သက်ဆိုင်ရာဘာသာရပ် 

- ၂၈.၅.၂၀၂၄ (အင်္ဂါနေ့) ၉ နာရီမှ ၁၂ နာရီအထိ အင်္ဂလိပ်စာဘာသာရပ်

- ရေးဖြေစာမေးပွဲအောင်မြင်သူများနှင့် မဟာသုတေသနဘွဲ့ရရှိထားသူများကို (၃၁.၅.၂၀၂၄) သောကြာနေ့တွင် လူတွေစစ်ဆေးပါမည်။ 

 

အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ(ဌာနမှူး)များထံတွင်လည်းကောင်း၊ သင်တန်းနှင့် စပ်လျဉ်း၍ မန္တလေးတက္ကသိုလ်အတွက် (၀၉-၉၆၄၁၈၁၄၄၄၊ ၀၉-၇၈၁၉၁၃၅၉၇) ၊ တောင်ကြီးတက္ကသိုလ်အတွက် (၀၉-၄၃၁၀၀၉၇၄၊ ၀၉-၄၀၀၄၆၁၁၁၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွက် (၀၁-၇၅၂၆၆၁၃)၊ ရန်ကုန်တက္ကသိုလ်အတွက် (၀၉-၈၈၃၃၉၉၅၇၆၊ ၀၉-၅၁၉၂၉၄၃၊ ၀၉-၄၂၀၁၇၁၄၂၆) တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 


 

Latest Post Local News University / College Read 624 times