ပညာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေး ကိစ္စ

၁။ ပညာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေး ကိစ္စနှင့် ပတ်သက်၍ (၁-၁၀-၂၀၂၀) ရက်နေ့တွင် အသက် (၅၇) နှစ်အထက် ဝန်ထမ်းများ (သက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင်ခွင့် ခံစားနေသော ဝန်ထမ်းများအပါ) ကို အမြဲတမ်းအတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူး ရာထူးအထိ ပြည်ပမှ မော်တော်ယာဉ်ဝယ်ယူတင်သွင်းခွင့် (သို့မဟုတ်) ပြည်တွင်း အရောင်းပြခန်းမှ ဝယ်ယူခွင့်ကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးအောက်အဆင့် ဝန်ထမ်း များအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကိုလည်းကောင်း ဝယ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရာတွင် ရာထူးအဆင့်အလိုက် ခွင့်ပြုသည့် ငွေပမာဏနှင့် အင်ဂျင်ပါဝါအား အောက်ပါအတိုင်း သတ်မှတ်ဆောင်ရွက်ထားရှိပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်ဝယ်ယူခွင့်ပြုခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း သတ်မှတ် ဖော်ပြထားပါသည်-

(က) ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်များအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း

(ခ) ပြည်ပမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ်သတ်မှတ်ချက်အရ ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ Model ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ Model ကိုလည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း 

(ဂ) မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ဝယ်ယူခွင့် ပါမစ်များ ခွင့်ပြုရာတွင် CIF တန်ဖိုးတွက်ချက်ရာ၌ မြန်မာကျပ်ငွေလဲလှယ်နှုန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အပတ်စဉ် ထုတ်ပြန်လျက်ရှိသော နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ဆောင်ရွက်မည်ဖြစ်ကြောင်း 

(ဃ) မော်တော်ယာဉ်ဝယ်ယူခွင့်ပါမစ် ခွင့်ပြုထုတ်ပေးရာတွင် ဌာန၊ အဖွဲ့အစည်းအလိုက် ရာထူးအခေါ်အဝေါ် ဝိဝါဒ ကွဲပြားမှုများရှိသဖြင့် အဆင့်အလိုက် လစာနှုန်းထားဖြင့် သတ်မှတ်၍ စိစစ်ခွင့်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း 

(င) ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်ဝယ်ယူတင်သွင်းခြင်းနှင့်ပတ်သက်၍ သွင်းကုန် လိုင်စင်ကြေး/ပါမစ်ကြေး ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း 

၃။ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့် ခွင့်ပြုခြင်းကို (၁၁၂-၂၀၂၀) ရက်နေ့မှစ၍ စတင်ခွင့်ပြုသွားမည်ဖြစ်ရာ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ပူးတွဲ(၂)ပုံစံဖြင့်လည်းကောင်း၊ ပြည်တွင်းအရောင်းပြခန်းမှ ဝယ်ယူခြင်းအတွက် ပူးတွဲ(၃)ပုံစံဖြင့် လည်းကောင်း၊ ပြည်တွင်းထုတ်မော်တော်ယာဉ်အရောင်းပြခန်းမှ ဝယ်ယူခြင်းအတွက် ပူးတွဲ(၄)ပုံစံဖြင့် လည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ လျှောက်ထားရမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်ပမှတင်သွင်းခွင့်လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ Proforma Invoice(မူရင်း)၊ Sale Contract(မူရင်း)၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပူးတွဲလျှောက်ထားရမည်ဖြစ်ပြီး၊ ပြည်တွင်းအရောင်းပြခန်းမှ ဝယ်ယူခြင်းအတွက် လျှောက်လွှာနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ တို့ ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသဖြင့် ယခင်သတ်မှတ် ချက်နှင့် ကိုက်ညီသဖြင့် ပေးပို့ထားသော အရာထမ်း၊ အမှုထမ်းများအား ပြည်ပတင်သွင်း ပြည်တွင်း ဝယ်ယူ ခွဲခြားသတ်မှတ်ထားသည့် ပူးတွဲပါ လျှောက်လွှာပုံစံများတွင် ဖြည့်စွက်၍ (၈-၁၂-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်ပြရန် အကြောင်းကြားပါသည်။

By Myanmar Education Guide - EDGE

Latest Post Read 37116 times