Sales Hotline : 09448001653       Download App



အသက် (၅၇)နှစ်နှင့်အထက် ပညာရေးဝန်ထမ်း အမြဲတမ်းဝန်ထမ်းများ အခွန်လွတ် ကားဝယ်ခွင့်ရရှိ

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေးကိစ္စနှင့် ပတ်သက်၍ (၁-၁၀-၂၀၂၀) ရက်နေ့တွင် အသက် (၅၇) နှစ်နှင့် အထက် ဝန်ထမ်းများ (သက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင်ခွင့် ခံစားနေသော ဝန်ထမ်းများအပါ) ကို အမြဲတမ်းအတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ ပြည်ပမှ မတော်ယာဉ်ဝယ်ယူဘင်သွင်းခွင့် (သို့မဟုတ်) ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့်ကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးအောက် အဆင့်ဝန်ထမ်းမျာအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို လည်းကောင်း ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်တမ်းများ မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရာတွင် သတ်မှတ်ဆောင်ရွက်ထားရှိသော အချက်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် ဝယ်ယူခွင့်ပြုခြင်းနှင့် ပတ်သက်၍ သတ်မှတ်ထားသောအချက်များကို သိရှိနိုင်ရန် အခြေခံ ဦးစီးဌာနက ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသဖြင့် မော်တော်ယာဉ်ယ်ယူခွင့် အကျုံးဝင်သော ပြည့်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ သိရှိနိုင်ရန် ရည်ညွှန်းပါ အခြေခံပညာဦးစီးဌာန၏ စာကို ပူးတွဲပေးပို့ပါသည်။

သို့ဖြစ်၍ ပြည်ပမှ တင်သွင်းခွင့်လျှောက်ထားတွင်လျှောက်လွှာနှင့် အတူ Proforma Invoice (မူရင်း)၊ Sale Contract (မူရင်း)၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပူးတွဲလျှောက်ထားရမည်ဖြစ်ပြီး ပြည်တွင်းအရောင်းပြခန်းမှဝယ်ယူခြင်းအတွက် လျှောက်လွှာနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တုတို့ ပူးတွဲလျှောက်ထားရမည်ဖြစ်သည့်အတွက် ယခင်သတ်မှတ်ချက်နှင့် ကိုက်ညီသဖြင့် ပေးပို့ထားသော အရာထမ်း၊ အမှုထမ်းမျာအား ပြည်ပတင်သွင်း/ပြည်တွင်းဝယ်ယူ ခွဲခြားသတ်မှတ်ထားသည့် ပူးတွဲပါလျှောက်လွှာပုံစံများတွင် ဖြည်စွက်၍ ဤရုံးသို့ (၂၈-၁၂-၂၈ ၂၀) ရက်နေ့ နောက်ဆုံးထား၍ (မပျက်မကွက်) ပေးပို့ပါရန် အကြောင်းကြားပါသည်။

ဆက်စပ်ဖတ်ရှုရန် >>>> ပညာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေး ကိစ္စ

မှတ်ချက်။`  ။လျှောက်လွှာများပေးပို့ရန် သတ်မှတ်ပေးထားသည့် နေ့ရက်တွင် အချက်အလက်များကိုပြည့်စုံစွာပူးတွဲပေးပို့ရန်နှင့် သတ်မှတ်ရက်ထက်နောက်ကျ ပေးပို့လာသည့် လျှောက်လွှာများ ပြည့်စုံမှုမရှိသည့်လျှောက်လွှာများအတွက် မိမိ၏တာဝန်သာဖြစ်ပါသည်။

By Myanmar Education Guide - EDGE

Latest Post News Read 19952 times