ထိုင်းတွင် ကာလတိုသင်တန်းတက်ရောက်နေသူများအား ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်း

 

လက်ရှိ ထိုင်းနိုင်ငံတွင် Non-ED ဗီဇာဖြင့် ကာလတိုသင်တန်းများ တက်ရောက်နေသော မြန်မာကျောင်းသားများအား ပတ်စ်ပို့သက်တမ်းကုန်ဆုံးသည့်အခါ သက်တမ်းတိုးခြင်းဆောင်ရွက်ချက်အား လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း မြန်မာသံရုံး (ဘန်ကောက်မြို့) မှ စက်တင်ဘာလ (၁၂) ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။ 

 

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား/ကျောင်းသူများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံကူးလက်မှတ်အသစ် Passport for Education (PE) လဲလှယ်ခြင်းအား မြန်မာသံရုံး (ဘန်ကောက်မြို့) နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) တို့တွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 

ယခုအခါ ထိုင်းဘာသာစကား (ကာလတို) (Certificate Program in Thai Language) နှင့် ဆရာများအတွက် ကာလတို အင်္ဂလိပ်စာသင်တန်း (Teaching English for Teachers - TET) စသည့်သင်တန်းများအား Non – ED visa ရပြီး Virtual format ပုံစံဖြင့် တက်ရောက်နေသည့် မြန်မာကျောင်းသား/ကျောင်းသူများအား စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ PE type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအား မြန်မာသံရုံး (ဘန်ကောက်မြို့) နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) တို့တွင် ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း သိရပါသည်။ 

 

သို့သေည် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့ကြို၊ ဘွဲ့လွန် (Undergraduate/Postgraduate) ကာလရှည် ဘွဲ့သင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ၊ Primary Secondary တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား Passport for Education (PE) လဲလှယ်ခြင်းတို့ကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

 

Source - မြန်မာသံရုံး (ဘန်ကောက်မြို့)

 

 

Latest Post Local News Read 129 times