ရန်ကုန်မြို့၊ ဇီ၀တဒါနသံဃာ့ဆေးရုံကြီးတွင် လူနာခန်းလက်ထောက် (အမျိုးသား/အမျိုးသမီး) သင်တန်းကို ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှ စ၍ (၄) လကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် (၃၈) ရှိ ဇီ၀တဒါနသံဃာ့ဆေးရုံကြီးတွင် သင်တန်းကြေးအခမဲ့ဖြင့် ၁၂-၅-၂၀၂၅ မှစတင်ကာ တက်ရောက်ရမည်ဖြစ်သည်။
သင်တန်းကာလအတွင်း နေ့လည်စာထမင်း ကျွေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်သူများကို ဆေးရုံကြီးတွင် အခါးအားလျော်စွာ လစ်လပ်နေရာများ ဖြစ်ပေါ်လာပါက လူနာခန်းလက်ထောက်အဖြစ် ခန့်ထားရေး စီစဉ်ပေးမည်ဖြစ်သည်။
အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်သည်။
လျှောက်လွှာပုံစံများကို ဆေးရုံကြီးရှိ စီမံရေးရာဌာနခွဲတွင် တောင်းယူ၍ လျှောက်လွှာနှင့်အတူ -
အထက်ပါ အချက်အလက်များနှင့် ပြည့်စုံသော လျှောက်ထားသူများအား ၂၈-၄-၂၀၂၅ ရက်မှ စတင်ကာ လူတွေ့စစ်ဆေး ရွေးချယ်သွားမည်ဖြစ်သည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း (၀၁၉၅၄၁၇၉၅) နှင့် (၀၉၆၈၃၈၁၇၉၇၀) တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။