လွန်ခဲ့သောလက တတိယအကြိမ် ကိုဗစ်-၁၉လှိုင်း ဖြစ်ပွားမှုကြောင့် မလေးရှားကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော်သည် Covid-19 ရောဂါ ကူးစက်ခံနေရကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် ကျောင်းများအား ကြာရှည်စွာပိတ်ထားသင့်သလားဟူသော အမြင်များကွဲပြားနေကြောင်းသိရသည်။ မိဘအများစုသည် အချိန်ကြာမြင့်စွာပိတ်ထားရသော ကျောင်းများကို အမြင်မကြည်ကြဘဲ ကလေးများအား လိုအပ်သော သင်ခန်းစာများ ကြိုတင်သင်ကြားပေးရန် တောင်းဆိုကြသည်။
ပညာရေးလှုပ်ရှားမှုအတွက် မလေးရှား မိဘ/ဆရာအသင်းမှ ဥက္ကဋ္ဌ Datin Noor Azimah Abdul Rahim က ကျောင်းများပြန်လည်ဖွင့်လှစ်သင့်ကြောင်းနှင့် ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများအား အခြားရက်သတ္တပတ်များအတွင်း ကျောင်းများတက်ရန် စီစဉ်နိုင်ကြောင်း သူမကပြောကြားခဲ့သည်။
"ဝန်ကြီးဌာနက ယခင်က ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ်ပြီး SOP ကိုပိုမိုတင်းကျပ်သင့်တယ်"
"ဒါဟာ အဆင်မပြေမှု ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် အနည်းဆုံးတော့ သင်ကြားမှု ဆက်လုပ်နေတယ်" ဟု သူကထပ်ပြောသည်။
ပညာရေးကဏ္ဍအတွက် မိဘများသည် Melaka လှုပ်ရှားမှုအဖွဲ့ Mak Chee Kin က "ကျောင်းတွေအားလုံးကို ပိတ်ထားလို့မရပါ။ ထို့အပြင် အစိုးရအနေဖြင့် မိဘများသည် မိမိတို့၏ ကလေးများကို ကျောင်းသို့ ပို့ရန်မသင့်တော်ဟု ယူဆပါက ကျောင်းသို့ပို့ခိုင်းခြင်း မပြုရ" ဟုသူကဆက်ပြောသည်။ "ထိုတာဝန်သည် ဆရာများအပေါ်တွင်သာ သက်ရောက်သည် မဟုတ်သော်လည်း SOP ကို လိုက်နာရာတွင် လူတိုင်းက ပါဝင်ဆောင်ရွက်ကြရမည်။
" National Teaching Profession ၏ အထွေထွေအတွင်းရေးမှူး Harry Tan ကမူ ထိခိုက်နစ်နာသော ဒေသများရှိ ကျောင်းများပိတ်ခြင်းသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီး “circuit breaker” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စာသင်ရာတွင် စာသင်ခန်း၏ နံရံလေးခုနှင့်သာ ကန့်သတ်ထားခြင်းမရှိဘဲ မည်သည့်နေရာတွင်မဆို ပြုလုပ်နိုင်သည်။ အစိုးရအနေဖြင့် ကျောင်းသားများအား ကျောင်းများတွင် mask များဝတ်ဆင်ရန်နှင့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို လျှော့ချရန် mask မတတ်နိုင်သူများကို ကူညီရန် စဉ်းစားသင့်သည်ဟု သူကပြောသည်။
ဆရာများသည် ကျောင်းများတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သော်လည်း တိကျသေချာသော ညွှန်ကြားချက်များသာ ဖြန့်ဝေရမည်။ "ထိုသူများထဲမှအများစုဟာ စာသင်ခန်းထဲတွင် mask များ ဝတ်ကြပါတယ်။ ကျောင်းသားတွေ SOP ကိုလိုက်နာမလားဆိုတာ စောင့်ကြည့်နေပါတယ်" အသက် ၄၀ ရှိပြီဖြစ်သောကျောင်းသားမိဘ Priya Krishnan က ကျောင်းများ၏ အတန်းများကို တစ်ဝက်ခွဲနိုင်ခြင်းနှင့် ကျောင်းတက်ရောက်သော ကျောင်းသားအရေအတွက်လျှော့ချနိုင်သည်ဟု ပြောကြားခဲ့သည်။
မိဘများသည် ၎င်းတို့ ကလေးများကို ကျောင်းသို့ပို့ချင်ပါသလား အနုပညာ၊ ကာယနှင့် ကျန်းမာရေးပညာရေးတို့နှင့်အတူ အဓိကဘာသာရပ်များကိုသာ သင်ကြားလိုခြင်းရှိ မရှိရွေးချယ်စေပါသည်။ "ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားရမည်။ မိသားစုတိုင်းတွင်လည်း ကျူရှင်ဆရာများငှားရမ်းရန်မှာ ကလေးများအား သင်ရိုးညွှန်းတမ်းနှင့်အညီ ကူညီပေးရန် အခွင့်အရေးတူညီကြသည်မဟုတ်" ဟုမိခင်နှစ်ဦး ကဆိုသည်။
အသက် ၃၇ နှစ် ရှိပြီဖြစ်သောကျောင်းသားမိဘ Fong Yit Meng က Covid-19 သည် ကမ္ဘာကြီးကြုံတွေ့ရမည့် နောက်ဆုံးကပ်ရောဂါ ဖြစ်မည်မဟုတ်သောကြောင့် စာသင်ကျောင်းများသည် ဆရာများအား ပုံမှန်ပုံစံနှင့် လိုက်လျောညီထွေဖြစ်အောင် သင်ကြားရန်လိုအပ်သည်ဟုယုံကြည်သည်။
"ဒီလိုမျိုးကူးစက်ရောဂါဖြစ်ရင် ကျောင်းတွေဟာ ကျောင်းသားတွေကို စဉ်ဆက်မပြတ်သင်ယူနိုင်အောင် လုပ်ပေးရမယ်။"
"ပညာရေးဝန်ကြီးဌာနနှင့် အစိုးရအနေဖြင့် ကျောင်းသားများ၏ ဘေးကင်းလုံခြုံမှုကို အကာအကွယ်ပေးရာတွင် ၎င်းတို့၏ တုန့်ပြန်မှုနှင့် ဆုံးဖြတ်ချက် ပိုမိုလျင်မြန်သင့်သည်။" "သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်များသည် အရေးကြီးပြီး ကျောင်းများက ထိုအရာကို အလေးအနက်ထားသင့်သည်" ဟု မူလတန်းကျောင်းသား၏ ဖခင်ကပြောကြားခဲ့သည်။ Covid-19 ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလတွင် မူလတန်းကျောင်းများရှိ ကလေး ၈၃၀ နှင့် အလယ်တန်းကျောင်းသား ၁၃၃၅ ယောက်ကို ကူးစက်ခဲ့သည်ဟု ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် Tan Sri ဒေါက်တာ Noor Hisham Abdullah ကပြောကြားခဲ့သည်။
စက်တင်ဘာ ၂၀ မှအောက်တိုဘာ ၂၁ ရက်အထိ၊ covid ဖြစ်ပွားသူ ၅၈၇ ယောက်ဖြစ်သောအချိန်တွင် အသက် ၇ နှစ်မှ ၁၂ နှစ်ကြားရှိမူလတန်းကျောင်းကျောင်းသားများပါဝင်ပြီး covid ဖြစ်ပွားသူ ၆၇၀ ယောက်ဖြစ်လာသော အချိန်တွင်မူ အသက် ၁၃ နှစ်နှင့် ၁၈ နှစ်ကြားရှိ အလယ်တန်းကျောင်းသားများပါဝင်ခဲ့သည်ဟု သူကပြောကြားခဲ့သည်။
စက်တင်ဘာ ၂၀ ရက်မှ စ၍ အစိုးရသည် ထိုကျောင်းများရှိ Covid-19 ဖြစ်ပွားမှုများ တွေ့ရှိပြီးနောက် နိုင်ငံအတွင်းရှိ ကျောင်း ၁၂ ကျောင်းအား ပိတ်ပစ်ရန်ညွှန်ကြားခဲ့သည်။ ပို၍ ဖြစ်ပွားသော ပြည်နယ်များရှိ ကျောင်းများကို ရက်သတ္တပတ်အနည်းငယ်မျှပိတ်ထားခဲ့သည်ဟုသိရသည်။
Ref: thestar
By Yu Khine