Sales Hotline : 09448001653       Download App



တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန် ငါးချိန်သာသင်ကြားရန်

** Unicode **

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန်ငါးချိန်သင်ကြားရန် ညွှန်ကြား စာထုတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှသိရပါတယ်။

ကျောင်းစာသင်ချိန်များနှင့်ပတ်သက်၍ ဇူလိုင် (၃) ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားခဲ့ပါတယ်။

“ဆရာ၊ ဆရာမတွေ တစ်နေကုန် mask တပ်ပြီး စာသင်ဖို့က ဘယ်ဖြစ်နိုင်မှာလဲ။ ဒါကြီးကို ကလေးတပ်ခိုင်းလဲ တစ်နေကုန် ဘယ်ရမလဲ။ အခုလည်းဆရာတို့လည်း စာထွက်ဖို့ရှိတယ်။ တစ်နေ့ကိုအများဆုံးလေးနာရီပဲ စာ သင်ဖို့လေ။ ငါးချိန်ပဲသင်ဖို့ဆိုပြီး မနေ့က ဇူလိုင် (၂) ရက်မှာ ဝန်ကြီးကညွှန်ကြားစာထွက်ခိုင်းထားတယ်။ ဇူလိုင် (၃) ရက်မှာ စာထွက်နိုင်ဖို့လုပ်ရတယ်။ အဲဒါက အတန်းအားလုံးပေါ့။ တစ်နေ့ကို လေးနာရီပဲ။ တချို့က တော့ ထင်နေတာ။ ခုနစ်နာရီသင်လိုက်မယ်။ ရှစ်နာရီသင်လိုက်မယ်။ မဆိုင်ဘူး။ အခုဟာက အရည်အသွေးကို သိပ်ပြီးမျှော်မှန်းလို့မရဘူး။ အခုဟာက ကလေးတွေကို ပညာသင်ခွင့်မဆုံးရှုံးအောင် လေ့လာသင်ယူတဲ့ဟာ မပြတ်သွားအောင်လုပ်ပေးတာလေ’’ဟု ၎င်းကပြောသည်။

Credit: Educational News Updates

** Zawgyi **

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား တစ္ေန႔လွ်င္ ေလးနာရီႏွင့္ စာသင္ခ်ိန္ငါးခ်ိန္သင္ၾကားရန္ ၫႊန္ၾကား စာထုတ္မည္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနအေျခခံပညာဦးစီးဌာနမွသိရပါတယ္။

ေက်ာင္းစာသင္ခ်ိန္မ်ားႏွင့္ပတ္သက္၍ ဇူလိုင္ (၃) ရက္တြင္ ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာၾကားခဲ့ပါတယ္။

“ဆရာ၊ ဆရာမေတြ တစ္ေနကုန္ mask တပ္ၿပီး စာသင္ဖို႔က ဘယ္ျဖစ္ႏိုင္မွာလဲ။ ဒါႀကီးကို ကေလးတပ္ခိုင္းလဲ တစ္ေနကုန္ ဘယ္ရမလဲ။ အခုလည္းဆရာတို႔လည္း စာထြက္ဖို႔ရွိတယ္။ တစ္ေန႔ကိုအမ်ားဆုံးေလးနာရီပဲ စာ သင္ဖို႔ေလ။ ငါးခ်ိန္ပဲသင္ဖို႔ဆိုၿပီး မေန႔က ဇူလိုင္ (၂) ရက္မွာ ၀န္ႀကီးကၫႊန္ၾကားစာထြက္ခိုင္းထားတယ္။ ဇူလိုင္ (၃) ရက္မွာ စာထြက္ႏိုင္ဖို႔လုပ္ရတယ္။ အဲဒါက အတန္းအားလုံးေပါ့။ တစ္ေန႔ကို ေလးနာရီပဲ။ တခ်ိဳ႕က ေတာ့ ထင္ေနတာ။ ခုနစ္နာရီသင္လိုက္မယ္။ ရွစ္နာရီသင္လိုက္မယ္။ မဆိုင္ဘူး။ အခုဟာက အရည္အေသြးကို သိပ္ၿပီးေမွ်ာ္မွန္းလို႔မရဘူး။ အခုဟာက ကေလးေတြကို ပညာသင္ခြင့္မဆုံးရႈံးေအာင္ ေလ့လာသင္ယူတဲ့ဟာ မျပတ္သြားေအာင္လုပ္ေပးတာေလ’’ဟု ၎ကေျပာသည္။

Credit: Educational News Updates

News Tips Latest Post Read 12123 times