Sales Hotline : 09448001653       Download App



သင်ရိုးသစ်များအတွက် Online Learning စတင်နေပြီ

** Unicode **

Grade-4 နှင့် Grade-7 သင်ရိုးသစ်တွေအတွက် Online Learning သင်တန်းကိုမေလ (၁၈) ရက်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါသင်တန်းကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ/ဆရာမတွေသာမက အများပြည်သူကိုပါ သိရှိစေဖို့ မီဒီယာများမှတဆင့် ထုတ်ပြန်ကြေညာသွားမယ်လို့ပညာရေးဝန်ကြီးဋ္ဌာနက ပြောကြားထားပါတယ်။

အင်တာနက်မလိုပဲ Offline ဖြင့်ပါ သင်ရလွယ်ကူ အဆင်ပြေစေရန် ပညာရေးဝန်ကြီးဋ္ဌာနက နေပြည်တော် ရန်ကုန် နဲ့ မန္တလေးရှိ ကျောင်း (၆၀) မှာ DBE BOX များကို တပ်ဆင်ထားကြောင်း သိရှိထားပါတယ်။

Grade-4 နှင့် Grade-7 သင်ရိုးသစ် အွန်လိုင်းတက်ရောက်မယ့် ဆရာ/ဆရာမ တွေကိုလဲ တယ်လီနော အင်တာနက် (၆) လ အခမဲ့ သုံးစွဲခွင့်ပေးထားမှာဖြစ်ပြီး ကန့်သတ်ချက်အနေနဲ့ Website နှင့် Video Clip များကြည့်နိုင်ရန် Mb ဖြင့်လည်းကောင်း Zero Data ပုံစံမျိုးဖြင့်လည်းကောင်း တစ်ရက်ကို Mb အကန့်အသတ်ဖြင့်လည်းကောင်း ဖြစ်လာနိုင်ချေရှိပါတယ်။

သင်ရိုးသစ် အွန်လိုင်းသင်တန်းများ ပြီးဆုံးပါက ဘာသာရပ်အလိုက်သင်ကြားရမယ့် လက်တွေ့သင်ခန်းစာများကို နည်းပြများနဲ့ မျက်နှာချင်းဆိုင် စာသင်ခန်းတွင်း သင်ကြားရအုန်းမှာဖြစ်ပြီး (၂) ပတ်တာ အချိန်ယူရသော အဆိုပါသင်တန်းကို (၅) ရက်သာ တက်ရမယ်ဟု အခြေခံပညာဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဝင်းက ပြောကြားသွားပါတယ်။

အဆိုပါ အရွေ့များဟာ ပညာရေးနယ်ပယ်ရှိ ကျောင်းသား /သူများအတွက်သာမက ဆရာ/ဆရာမများအတွက်ကော ပညာရေးအခြေပြု အဖွဲ့အစည်းများနှင့် ကျောင်းများအတွက်ပါ ဒါဟာ Online Learning အတွက် အရွေ့တစ်ခုဖြစ်ပါတယ်။

Myanmar Digital Education Platform တွင်လည်းဝင်ရောက်လေ့လာနိုင်ရန်အတွက် Registration လုပ်ထားရန်လိုပါတယ်။
Registration လုပ်ရန်အတွက် အသေးစိတ်သိလိုပါက အောက်ပါ Link ကို နှိပ်၍ ဝင်ရောက်လေ့လာလို့ရပါတယ်။

** Myanmar Digital Education Platform တွင်ဝင်ရောက်လေ့လာဖို့ Registration လုပ်ကြစို့ **

#Ministry of Education
#www.edge.com.mm

 

** Zawgyi **

Grade-4 ႏွင့္ Grade-7 သင္႐ိုးသစ္ေတြအတြက္ Online Learning သင္တန္းကိုေမလ (၁၈) ရက္မွာ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီျဖစ္ပါတယ္။

အဆိုပါသင္တန္းကို တစ္ႏိုင္ငံလုံးမွာရွိတဲ့ ဆရာ/ဆရာမေတြသာမက အမ်ားျပည္သူကိုပါ သိရွိေစဖို႔ မီဒီယာမ်ားမွတဆင့္ ထုတ္ျပန္ေၾကညာသြားမယ္လို႔ပညာေရးဝန္ႀကီး႒ာနက ေျပာၾကားထားပါတယ္။

အင္တာနက္မလိုပဲ Offline ျဖင့္ပါ သင္ရလြယ္ကူ အဆင္ေျပေစရန္ ပညာေရးဝန္ႀကီး႒ာနက ေနျပည္ေတာ္ ရန္ကုန္ နဲ႔ မႏၲေလးရွိ ေက်ာင္း (၆၀) မွာ DBE BOX မ်ားကို တပ္ဆင္ထားေၾကာင္း သိရွိထားပါတယ္။

Grade-4 ႏွင့္ Grade-7 သင္႐ိုးသစ္ အြန္လိုင္းတက္ေရာက္မယ့္ ဆရာ/ဆရာမ ေတြကိုလဲ တယ္လီေနာ အင္တာနက္ (၆) လ အခမဲ့ သုံးစြဲခြင့္ေပးထားမွာျဖစ္ၿပီး ကန႔္သတ္ခ်က္အေနနဲ႔ Website ႏွင့္ Video Clip မ်ားၾကည့္ႏိုင္ရန္ Mb ျဖင့္လည္းေကာင္း Zero Data ပုံစံမ်ိဳးျဖင့္လည္းေကာင္း တစ္ရက္ကို Mb အကန႔္အသတ္ျဖင့္လည္းေကာင္း ျဖစ္လာႏိုင္ေခ်ရွိပါတယ္။

သင္႐ိုးသစ္ အြန္လိုင္းသင္တန္းမ်ား ၿပီးဆုံးပါက ဘာသာရပ္အလိုက္သင္ၾကားရမယ့္ လက္ေတြ႕သင္ခန္းစာမ်ားကို နည္းျပမ်ားနဲ႔ မ်က္ႏွာခ်င္းဆိုင္ စာသင္ခန္းတြင္း သင္ၾကားရအုန္းမွာျဖစ္ၿပီး (၂) ပတ္တာ အခ်ိန္ယူရေသာ အဆိုပါသင္တန္းကို (၅) ရက္သာ တက္ရမယ္ဟု အေျခခံပညာဦးစီး႒ာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကားသြားပါတယ္။

အဆိုပါ အေ႐ြ႕မ်ားဟာ ပညာေရးနယ္ပယ္ရွိ ေက်ာင္းသား /သူမ်ားအတြက္သာမက ဆရာ/ဆရာမမ်ားအတြက္ေကာ ပညာေရးအေျချပဳ အဖြဲ႕အစည္းမ်ားႏွင့္ ေက်ာင္းမ်ားအတြက္ပါ ဒါဟာ Online Learning အတြက္ အေ႐ြ႕တစ္ခုျဖစ္ပါတယ္။

Myanmar Digital Education Platform တြင္လည္းဝင္ေရာက္ေလ့လာႏိုင္ရန္အတြက္ Registration လုပ္ထားရန္လိုပါတယ္။
Registration လုပ္ရန္အတြက္ အေသးစိတ္သိလိုပါက ေအာက္ပါ Link ကို ႏွိပ္၍ ဝင္ေရာက္ေလ့လာလို႔ရပါတယ္။

** Myanmar Digital Education Platform တြင္ဝင္ေရာက္ေလ့လာဖို႔ Registration လုပ္ၾကစို႔ **

#Ministry of Education
#www.edge.com.mm

 

News News News Tips Latest Post Read 3147 times