ရန်ကုန်တိုင်းဒေသကြီးရှိအပြစ်ကျူးလွန်သည့် ပညာရေးဝန်ထမ်း၊ လူမှုရေးဝန်ထမ်းများအား အပြစ်ပေးမှုများရှိမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့မူကြိုကျောင်းများတွင် ကလေးငယ်များကို ခွဲခြားဆက်ဆံခြင်းများ၊ လက်လွတ်စပယ် ကိုယ်ထိလက်ရောက် အပြစ်ပေးမှုများရှိကြောင်းသိရှိရပါသဖြင့် အဆိုပါအပြစ်ကျူးလွန်သည့် ပညာရေးဝန်ထမ်း၊ လူမှုရေးဝန်ထမ်းများအား မည်သို့အရေးယူဆောင်ရွက်နေကြောင်းကို ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ထိုသို့ပြောကြားခဲ့ပါသည်။

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်ထောင်စုလွှတ်တော်ရုံး၏(၂၃.၇.၂၀၁၉)ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အခန်း(၇)၊ ပုဒ်မ(၁၈)အရ ကလေးသူငယ်များ၏ အခွင့်အရေး(၁၄)ချက်ကို ပြဌာန်းပြီး ၎င်းတို့ထဲမှ ပုဒ်မခွဲ(ဃ)တွင် ကလေးများအားမည်သည့် အကြောင်းနှင့်မျှ ခွဲခြားဆက်ဆံခြင်း မခံစေရဟုပြဌာန်းထားရှိပါကြောင်းသိရပါသည်။

အခန်း(၁၃)၊ ပုဒ်မ(၄၆/က)တွင် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ ပညာသင်ယူမှုဆိုင်ရာ အခွင့်အရေးများရရှိစေရမည် ပြဌာန်းပါရှိပါကြောင်း၊ အခန်း(၁၆)၊ပုဒ်မ(၅၆)အရ မည်သူမျှ ကလေးသူငယ်များအပေါ် တစ်နည်းနည်းဖြင့် နစ်နာဆုံးရှုံးစေသည့်(သို့မဟုတ်) ထိခိုက်ဒဏ်ရာရစေသည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကိုဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကိုဖြစ်စေ မပြုလုပ်ရဟု ပြဌာန်းထားပါကြောင်းသိရသည်။ အခန်း(၂၇)၊ ပုဒ်မ(၁၀၀/က)တွင် မည်သူမဆို ကလေးသူငယ်အား အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး တစ်လမှ အများဆုံးခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပါသည်ဟုသိရပါသည်။

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှိပ်ကွပ်အနိုင်ကျင့်ခြင်း၊ ပုဒ်မ(၁၀၃/က)တွင် မည်သူမဆို ကလေးသူငယ်အား အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ရှစ်လမှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်ရှစ်သိန်းမှ အများဆုံးကျပ် ၁၆ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်ရမည်ဟုပါရှိပါကြောင်သိရပါသည်။ 

နှိပ်စက်ညှင်းပမ်းမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော နှိမ့်ချပြုမှု ဆက်ဆံမှုတို့ပြုကျင့်ခြင်းများကို အခန်း(၇)၊ ပုဒ်မ(၂၀)အရ ကလေးသူငယ်၏ အခွင့်အရေးတစ်ရပ်ရပ် ဆုံးရှုံးနစ်နာခြင်းနှင့် စပ်လျဉ်း၍ နစ်နာသူကလေးသူငယ်ကိုယ်တိုင်ကဖြစ်စေ၊ ကလေးသူငယ်၏ကိုယ်စား မိဘ၊ အုပ်ထိန်းသူကဖြစ်စေ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားရုံးသို့ တိုင်တန်းခွင့် ရှိကြောင်းပြဌာန်းထားပါကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ကလေးသူငယ်များ၏ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်မှုတစ်ခုခုကျူးလွန်ခြင်းခံရသည့်အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့သို့ အမြန်ဆုံး တိုင်ကြားပေးရန် တိုက်တွန်း လိုပါကြောင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မူကြိုကျောင်းများကိုလည်း ကလေးသူငယ်များအား မျှမျှတတဆက်ဆံပေးရန်နှင့် သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရန် ညွှန်ကြားသွားမည်ဖြစ်ပါကြောင်းသိရပါသည်။

By Myanmar Education Guide(EDGE)

Yangon Hluttaw

Latest Post News Read 2804 times