အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်

အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်

ကျောင်းချိန်ပြင်ပတွင် အိုဘားမား ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ အလုပ်သင်အဖြစ် လုပ် ကိုင်နိုင်မည့် အခွင့်အရေးများပါ ရရှိနိုင်ပြီး အိုဘားမားဖောင်ဒေး ရှင်းက ပျိုးထောင်ပေးမည့် အနာ ဂတ်ခေါင်းဆောင်ကွန်ရက်တွင်  ပါဝင်ခွင့်ရမည် ဖြစ်သည်။

ပညာသင်ဆုပေးအပ်မည့် သူဦးရေ ကန့်သတ်ထားခြင်းမရှိ ဘဲ ကမ္ဘာတစ်ဝန်းမှ လူမှုအဖွဲ့အ စည်းများ၊ အစိုးရအဖွဲ့အစည်း များ၊ ပုဂ္ဂလိက လုပ်ငန်းများမှ ၀န်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်း ရှင်များ မည်သူမဆို လျှောက်ထား နိုင်သည်။

ပညာသင်ဆုရရှိသူများအား အိုဘားမားဖောင်ဒေးရှင်းက ကျောင်းစရိတ်၊ လစဉ်အသုံးစရိတ်၊ ထောက်ပံ့ကြေး၊ စာအုပ်စာတမ်း ကြေး၊ သင်တန်း ကြေး၊ စာသင်ခန်း ပြင်ပ တစ်ဦးချင်းစွမ်းရည် ဖွံ့ဖြိုး မှုအတွက် လိုအပ်သည့် လှုပ်ရှား မှုများအတွက် ကုန်ကျစရိတ်များ၊ ခရီးစရိတ်များအားလုံး ပံ့ပိုးမည် ဖြစ်သည်။

လျှောက်ထားမည့် သူများ သည် သက်ဆိုင်ရာလုပ်ငန်းခွင် တွင် သုံးနှစ်မှ ငါးနှစ်အတွင်း လုပ်ငန်းအတွေ့အကြုံရှိရမည်ဖြစ်ပြီး ကမ္ဘာ့ရေးရာ ကိစ္စရပ်များ၊ မူဝါဒ ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ စိတ်ပါဝင်စားရမည်ဖြစ်သည်။

ပညာသင်ဆုအစီအစဉ်ပြီးဆုံးပြီး မိခင်နိုင်ငံ ပြန်ရောက်သည့်အခါ ဆောင်ရွက်မည့် နိုင်ငံတကာဖွံ့ ဖြိုးရေးနှင့် မူဝါဒရေးရာ ပရော ဂျက်တစ်ခု တင်ပြနိုင်ရမည် ဖြစ် သည်။

ထိုပညာသင်ဆုသည်  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးဖြစ်ပါတယ်။

ပညာသင်ဆုနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက https://scholarship-positions.com/obama-foundation-scholars-program-university-of-chicago-usa/2018/03/07/ သို့ ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

အိုဘားမားဖောင်ဒေးရှင်း Page -https://harris.uchicago.edu/obama-scholars

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

International Read 2373 times