မဟာဘွဲ့ဆက်တက်မည့်သူများကိုသာ ပေးအပ်မည့် အိုဘားမားဖောင်ဒေးရှင်း ပညာသင်ဆု

မဟာဘွဲ့ဆက်တက်မည့်သူများကိုသာ ပေးအပ်မည့် အိုဘားမားဖောင်ဒေးရှင်း ပညာသင်ဆု

အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို အိုဘားမားဖောင်ဒေးရှင်းက ၂၀၁၉-၂၀ ပညာသင်နှစ် အတွက် ပေးအပ်မည့် ပညာသင်ဆု လျှောက်ထား ရန် ဖိတ်ခေါ်ထား သည်။

ဇာတိနိုင်ငံနှင့် လူမှုအသိုက်အဝန်းအတွင်း အကျိုးပြုနိုင်ရန် ရည်ရွယ်ပြီး ကိုလံဘီယာတက္ကသိုလ်တွင် တက်ရောက်လိုသူများအတွက် ပညာသင်ဆုဖိတ်ခေါ် ခြင်းဖြစ်သည်ဟု အိုဘားမား ဖောင်ဒေးရှင်းက ကြေညာထား သည်။

မဟာဘွဲ့ဆက်တက်မည့် သူများကိုသာ ပညာသင်ဆုပေး အပ်မည်ဖြစ်ပြီး ရွေးချယ်တက် ရောက်ရမည့် ဘာသာရပ်ကန့် သတ်မထားပေ။

ကိုလံဘီယာ တက္ကသိုလ်တွင် တက်ရောက်မည့်  အမေရိကန်နိုင်ငံမှ မဟုတ်သည့် အခြားနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူတိုင်းကို ပညာသင်ဆု လျှောက်ခွင့်ပြုထားသည်။

ပညာသင်ဆုပေးအပ်မည့်သူဦးရေ ကန့် သတ်ထားခြင်းမရှိဘဲ ကမ္ဘာတစ် ဝန်းမှ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိ ကလုပ်ငန်းများမှ ဝန်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မည်သူမဆို လျှောက်ထားနိုင်သည်။

ပညာသင်ဆုလျှောက်ထား ရန် အင်္ဂလိပ်ဘာသာစကားကျွမ်း ကျင်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာအ ရည်အသွေးစစ်ဆေးသည့် စာမေး ပွဲများဖြစ်သည့် TOEFL (Test of English as a Foreign Language), IELTS (International English Language Testing Sys-tem), PTE Academic (Pearson Test of English Academic) တို့အနက် တစ်ခု၏ ရမှတ်ကို တင်ပြရမည်။

TOEFL-IBT ရမှတ်တင်ပြပါက အနိမ့်ဆုံးအမှတ် 100၊ TOEFL-PBT အတွက် အနိမ့်ဆုံးအမှတ် 600၊ IELTS အတွက် အနိမ့်ဆုံးအမှတ် 7.0၊ PTE အတွက် အနိမ့်ဆုံးအမှတ် 68 ရထားသူများသာ ပညာသင်ဆုလျှောက်ခွင့် ရှိသည်။

လျှောက်ထားသူ၏လက်ရှိ လုပ်ငန်းခွင်(သို့မဟုတ်) ပညာရေးနယ်ပယ်(သို့မဟုတ်) ပညာရှင်များထံမှ လျှောက်ထားသူ၏ စွမ်း ဆောင်ရည်ကို အသိအမှတ်ပြု ကြောင်း၊ ပညာသင်ဆုရထိုက်သူ ဖြစ်ကြောင်း ထောက်ခံစာနှစ် စောင် တင်ပြရမည်။ (မိသားစုဝင် များ၊ မိတ်ဆွေသူငယ်ချင်းများကို ထောက်ခံရေးသားခိုင်းခြင်းမျိုး မပြုလုပ်ရ။)

ထို့အပြင် ဘွဲ့တစ်ခုရရှိထား ရမည်ဖြစ်ပြီး မဟာဘွဲ့ရရှိထားပြီး သူမဖြစ်ရပေ။

လျှောက်ထားသူ၏ လုပ်ငန်းခွင်ကို မိတ်ဆက်ပြသထားသည့် ဗီဒီယိုဖိုင်ကို ပညာသင် ဆုလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည်။ ထိုဗီဒီယိုဖိုင်တွင် ကိုလံ ဘီယာတက္ကသိုလ်၌ တက်ခွင့်ရ မည့် အိုဘားမား ဖောင်ဒေးရှင်း ပညာသင်ဆုသည် လျှောက်ထား သူအတွက် မည်မျှ အရေးတကြီး လိုအပ်နေကြောင်း၊ လျှောက်ထား သူ၏ လုပ်ငန်းခွင်အသက်မွေးဝမ်း ကျောင်းအတွက် မည်မျှအရေးပါ ကြောင်းကို ပြောပြရမည်။ (ဗီဒီယို ဖိုင်သည် ငါးမိနစ်ထက်မပိုစေရ။)

ပညာသင်ဆုရပါက နယူး ယောက်မြို့တွင် လုံလောက်စွာ နေထိုင်စားသောက်နိုင်ရန် လစဉ် ထောက်ပံ့ကြေးပေးမည်ဖြစ်ကာ ကိုလံဘီယာတက္ကသိုလ်နှင့် လမ်းလျှောက်သွားနိုင်သည့် အကွာအ ဝေးတွင် ရှိသော အိမ်ခန်းတွင် နေထိုင်ခွင့်ပေးမည်ဖြစ်သည်။

ထို့အပြင် ကျောင်းလခ၊ ကျောင်းနှင့်ပတ်သက်သည့် ကုန် ကျစရိတ်အားလုံး၊ ဆေးဝါးအာမခံကြေး၊ အသက်အာမခံကြေး များ၊ ဇာတိနိုင်ငံနှင့် တက္ကသိုလ်သို့ အသွားအပြန် လေယာဉ်စရိတ် ထုတ်ပေးခြင်း၊ စာသင်ခန်း ပြင်ပ တစ်ဦးချင်း စွမ်းရည်ဖွံ့ဖြိုးမှုအ တွက် လိုအပ်သည့် လှုပ်ရှားမှုများ အတွက် ကုန်ကျစရိတ်များ၊ ခရီးစရိတ်အားလုံး ပံ့ပိုးပေးမည်ဖြစ်သည်။

ပညာသင်ဆုရရှိသည့် ကာလအတွင်း အိုဘားမားဖောင်ဒေး ရှင်း၏ Leadership Development Programme တွင် ပါဝင်ခွင့်ရမည်ဖြစ်ပြီး ခေါင်းဆောင်မှု စွမ်းရည်၊ လုပ်ငန်းခွင်အတွေ့အ ကြုံများ ရရှိစေရန် လေ့ကျင့်ပေး မည်ဖြစ်သည်။

အဆိုပါပညာသင်ဆုကို ၂၀၁၉ ဖေဖော်ဝါရီ ၃ ရက်တွင် နောက်ဆုံးလျှောက်ထားရမည် ဖြစ်ပြီး မတ်လတွင် ပညာသင်ဆု ရွေးချယ်ရေးကော်မတီနှင့် Skype Interview ပြုလုပ်ရမည်ဖြစ်ကာ ဧပြီတွင် ပညာသင်ဆုရစာရင်း ကြေညာမည်။

လျှောက်လွှာကို https://worldprojects.columbia.edu/content/application-information တွင်လျှောက်ထားရမည်။

source: 7day

International Read 1944 times