အိုဘားမားဖောင်ဒေးရှင်း ပညာသင်ဆု လျှောက်ထားလိုသူများ

အိုဘားမားဖောင်ဒေးရှင်း ပညာသင်ဆု လျှောက်ထားလိုသူများ

အေမရိကန္ႏိုင္ငံ ကိုလံဘီယာ တကၠသုိလ္တြင္ တက္ေရာက္မည့္ ေက်ာင္းသား/သူမ်ားကို အိုဘားမားေဖာင္ေဒးရွင္းမွ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ေပးအပ္မည့္ ပညာသင္ဆုေလ်ွုာက္ထားရန္ ဖိတ္ေခၚထားပါတယ္။


ဇာတိႏိုင္ငံႏွင့္လူမႈအသိုက္အဝန္းအတြင္း အက်ိဳးျပဳႏုိင္ရန္ရည္ရြယ္ၿပီး ကိုလံဘီယာတကၠသုိလ္တြင္ တက္ေရာက္လိုသူမ်ားအတြက္ ပညာသင္ဆုဖိတ္ေခၚျခင္းျဖစ္သည္ဟု အိုဘားမားေဖာင္ေဒးရွင္းက ေၾကညာထားပါတယ္။
မဟာဘြဲ႔ဆက္တက္မည့္သူမ်ားကိုသာ ပညာသင္ဆုေပးအပ္မည္ျဖစ္ၿပီး ေရြးခ်ယ္တက္ေရာက္ရမည့္ ဘာသာရပ္ကန္႔သတ္ထားျခင္းမရွိပါ။


ကိုလံဘီယာတကၠသုိလ္တြင္ တက္ေရာက္မည့္ အေမရိကန္ႏိုင္ငံက မဟုတ္သည့္ အျခားႏိုင္ငံမ်ားမွ ေက်ာင္းသား/သူမ်ားကို ပညာသင္ဆုေလ်ွုာက္ခြင့္ျပဳထားပါတယ္။
ပညာသင္ဆုေပးအပ္မည့္ဦးေရ ကန္႔သတ္ထားျခင္းမရွိပါ။ ကမ႓ာတစ္ဝန္းရွိ လူမႈအဖြဲ႔အစည္းမ်ား၊ အစိုးရအဖြဲ႔အစည္းမ်ား၊ ပုဂၢလိကလုပ္ငန္းမ်ားမွ ဝန္ထမ္းမ်ား၊ စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား မည္သူမဆိုေလ်ွာက္ထားႏုိင္ပါတယ္။


ပညာသင္ဆုေလ်ွာက္ထားရန္ အဂၤလိပ္ဘာသာစကားက်ြမ္းက်င္ရမည္ျဖစ္ၿပီး အဂၤလိပ္စာအရည္အေသြးစစ္ေဆးသည့္ စာေမးပြဲမ်ားျဖစ္သည့္ TOEFL (Test of English as a Foreign Language)၊ IELTS (International English Language Testing Sys-tem)၊ PTE Academic( Pearson Test of English Academic) တို႔အနက္ တစ္ခု၏ ရမွတ္ကိုတင္ျပရပါမယ္။


TOEFL-IBT ရမွတ္တင္ျပပါက အနိမ့္ဆံုးအမွတ္ 100၊ TOEFL-PBT အတြက္အမွတ္ အနိမ့္ဆံုးအမွတ္ 600၊ IELTS အတြက္ အနိမ့္ဆံုးအမွတ္ 7 မွတ္၊ PTE အတြက္ အနိမ့္ဆံုးအမွတ္ 68 ရထားသူမ်ားသာပညာသင္ဆုေလ်ွာက္ခြင့္ရွိပါတယ္။
ေလ်ွုာက္ထားသူ၏ လက္ရွိလုပ္ငန္းခြင္ (သို႔) ပညာေရးနယ္ပယ္ (သို႔) ပညာရွင္မ်ားထံမွ ေလ်ွာက္ထားသူ၏ စြမ္းေဆာင္ရည္ကို အသိအမွတ္ျပဳေၾကာင္း၊ ပညာသင္ဆုရထိုက္သူျဖစ္ေၾကာင္း ေထာက္ခံစာႏွစ္ေစာင္ တင္ျပရပါမယ္။


မိသားစုဝင္မ်ာ၊ မိတ္ေဆြသူငယ္ခ်င္းမ်ားကို ေထာက္ခံေရးသားခိုင္းျခင္းမ်ိဳးမျပဳလုပ္ရပါ။
ဘြဲ႔တစ္ခုခုရရွိထားရမည္ျဖစ္ၿပီး မဟာဘြဲ႔ရရွိထားၿပီးသူ မျဖစ္ရပါ။

 

Read More:>>> ရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္တြင္ အျခားတကၠသိုလ္မ်ား ဘဲြ႔ႏွင္းသဘင္က်င္းပမႈကိုကန္႔သတ္


ေလ်ွာက္ထားသူ၏ လုပ္ငန္းခြင္ မိတ္ဆက္ျပသထားသည့္ ဗီဒီယိုဖိုင္ကို ပညာသင္ဆုေလ်ွာက္ထားရာတြင္ ပူးတြဲတင္ျပရမယ္။
၄င္းဗီဒီယိုဖိုင္တြင္ ကိုလံဘီယာတကၠသိုလ္တြင္ တက္ခြင့္ရမည့္ အိုဘားမားေဖာင္ေဒးရွင္း ပညာသင္ဆုသည္ ေလ်ွာက္ထားသူအတြက္ မည္မွ်အေရးပါေၾကာင္း ေျပာျပရပါမယ္။


** ဗီဒီယိုဖိုင္သည္ ငါးမိနစ္ထက္မပိုေစရ**


ပညာသင္ဆုရပါက နယူးေယာက္ၿမိဳ႕တြင္ ေနထိုင္စားေသာက္ေရး လစဥ္ေထာက္ပံ့ေၾကးေပးမည္ျဖစ္ကာ ကိုလံဘီယာ တကၠသုိလ္ႏွင့္ လမ္းေလ်ွာက္သြားႏိုင္သည့္ အကြာအေဝးတြင္ ရွိေသာအိမ္ခန္းတြင္ ေနထိုင္ခြင့္ေပးမည္ျဖစ္ပါတယ္။


၄င္းျပင္ ေက်ာင္းလခ၊ ေက်ာင္းႏွင့္ပတ္သက္သည့္ ကုန္က်စရိတ္အားလံုး၊ ေဆးဝါးအာမခံေၾကးမ်ား၊ ဇာတိႏိုင္ငံႏွင့္ တကၠသုိလ္သို႔ အသြားအျပန္ ေလယာဥ္စရိတ္ထုတ္ေပးျခင္း၊ စာသင္ခန္းျပင္ပတစ္ဦးခ်င္း စြမ္းရည္ဖြံ႔ၿဖိဳးမႈအတြက္ ကုန္က်စရိတ္မ်ား၊ ခရီးစရိတ္အားလံုး ပ့ံပိုးေပးမည္ျဖစ္ပါတယ္။
ပညာသင္ဆုရရွိသည့္ ကာလအတြင္း အိုဘားမားေဖာင္ေဒးရွင္း၏ Leadership Development Programme တြင္ ပါဝင္ခြင့္ရမည္ျဖစ္ၿပီး ေခါင္းေဆာင္မႈစြမ္းရည္၊ လုပ္ငန္းခြင္အေတြ႔အႀကံမ်ားရရွိေစရန္ ေလ့က်င့္ေပးမည္ျဖစ္ပါတယ္။

 

Food Technology (13) အစားအေသာက္ နည္းပညာသင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။


အဆိုပါ ပညာသင္ဆုုကို ၂၀၁၉ ဒီဇင္ဘာ (၁၃) ရက္တြင္ ေနာက္ဆံုးေလ်ွာက္ထားရမည္ျဖစ္ၿပီး ၂၀၂၀ မတ္လတြင္ ပညာသင္ဆု ေရြးခ်ယ္ေရးေကာ္မတီႏွင့္ Skype Interview ျပဳလုပ္ရမည္ျဖစ္ကာ ဧၿပီတြင္ ပညာသင္ဆုရစာရင္း ေၾကညာမည္ျဖစ္ပါတယ္။


ေလ်ွာက္လႊာကို http://worldprojects.columbia.edu/content/2020-2021-application-information တြင္ေလ်ွာက္ထားရပါမယ္။

 

Source:7 Day News

 

**Unicode**

 

အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသား/သူများကို အိုဘားမားဖောင်ဒေးရှင်းမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုလျေှုာက်ထားရန် ဖိတ်ခေါ်ထားပါတယ်။


ဇာတိနိုင်ငံနှင့်လူမှုအသိုက်အဝန်းအတွင်း အကျိုးပြုနိုင်ရန်ရည်ရွယ်ပြီး ကိုလံဘီယာတက္ကသိုလ်တွင် တက်ရောက်လိုသူများအတွက် ပညာသင်ဆုဖိတ်ခေါ်ခြင်းဖြစ်သည်ဟု အိုဘားမားဖောင်ဒေးရှင်းက ကြေညာထားပါတယ်။
မဟာဘွဲ့ဆက်တက်မည့်သူများကိုသာ ပညာသင်ဆုပေးအပ်မည်ဖြစ်ပြီး ရွေးချယ်တက်ရောက်ရမည့် ဘာသာရပ်ကန့်သတ်ထားခြင်းမရှိပါ။


ကိုလံဘီယာတက္ကသိုလ်တွင် တက်ရောက်မည့် အမေရိကန်နိုင်ငံက မဟုတ်သည့် အခြားနိုင်ငံများမှ ကျောင်းသား/သူများကို ပညာသင်ဆုလျေှုာက်ခွင့်ပြုထားပါတယ်။
ပညာသင်ဆုပေးအပ်မည့်ဦးရေ ကန့်သတ်ထားခြင်းမရှိပါ။ ကမ္ဘာတစ်ဝန်းရှိ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မည်သူမဆိုလျှောက်ထားနိုင်ပါတယ်။


ပညာသင်ဆုလျှောက်ထားရန် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာအရည်အသွေးစစ်ဆေးသည့် စာမေးပွဲများဖြစ်သည့် TOEFL (Test of English as a Foreign Language)၊ IELTS (International English Language Testing Sys-tem)၊ PTE Academic( Pearson Test of English Academic) တို့အနက် တစ်ခု၏ ရမှတ်ကိုတင်ပြရပါမယ်။


TOEFL-IBT ရမှတ်တင်ပြပါက အနိမ့်ဆုံးအမှတ် 100၊ TOEFL-PBT အတွက်အမှတ် အနိမ့်ဆုံးအမှတ် 600၊ IELTS အတွက် အနိမ့်ဆုံးအမှတ် 7 မှတ်၊ PTE အတွက် အနိမ့်ဆုံးအမှတ် 68 ရထားသူများသာပညာသင်ဆုလျှောက်ခွင့်ရှိပါတယ်။
လျေှုာက်ထားသူ၏ လက်ရှိလုပ်ငန်းခွင် (သို့) ပညာရေးနယ်ပယ် (သို့) ပညာရှင်များထံမှ လျှောက်ထားသူ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုကြောင်း၊ ပညာသင်ဆုရထိုက်သူဖြစ်ကြောင်း ထောက်ခံစာနှစ်စောင် တင်ပြရပါမယ်။


မိသားစုဝင်မျာ၊ မိတ်ဆွေသူငယ်ချင်းများကို ထောက်ခံရေးသားခိုင်းခြင်းမျိုးမပြုလုပ်ရပါ။
ဘွဲ့တစ်ခုခုရရှိထားရမည်ဖြစ်ပြီး မဟာဘွဲ့ရရှိထားပြီးသူ မဖြစ်ရပါ။


Read More:>>> ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အခြားတက္ကသိုလ်များ ဘွဲ့နှင်းသဘင်ကျင်းပမှုကိုကန့်သတ်


လျှောက်ထားသူ၏ လုပ်ငန်းခွင် မိတ်ဆက်ပြသထားသည့် ဗီဒီယိုဖိုင်ကို ပညာသင်ဆုလျှောက်ထားရာတွင် ပူးတွဲတင်ပြရမယ်။
၎င်းဗီဒီယိုဖိုင်တွင် ကိုလံဘီယာတက္ကသိုလ်တွင် တက်ခွင့်ရမည့် အိုဘားမားဖောင်ဒေးရှင်း ပညာသင်ဆုသည် လျှောက်ထားသူအတွက် မည်မျှအရေးပါကြောင်း ပြောပြရပါမယ်။


** ဗီဒီယိုဖိုင်သည် ငါးမိနစ်ထက်မပိုစေရ**


ပညာသင်ဆုရပါက နယူးယောက်မြို့တွင် နေထိုင်စားသောက်ရေး လစဉ်ထောက်ပံ့ကြေးပေးမည်ဖြစ်ကာ ကိုလံဘီယာ တက္ကသိုလ်နှင့် လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးတွင် ရှိသောအိမ်ခန်းတွင် နေထိုင်ခွင့်ပေးမည်ဖြစ်ပါတယ်။


၎င်းပြင် ကျောင်းလခ၊ ကျောင်းနှင့်ပတ်သက်သည့် ကုန်ကျစရိတ်အားလုံး၊ ဆေးဝါးအာမခံကြေးများ၊ ဇာတိနိုင်ငံနှင့် တက္ကသိုလ်သို့ အသွားအပြန် လေယာဉ်စရိတ်ထုတ်ပေးခြင်း၊ စာသင်ခန်းပြင်ပတစ်ဦးချင်း စွမ်းရည်ဖွံ့ဖြိုးမှုအတွက် ကုန်ကျစရိတ်များ၊ ခရီးစရိတ်အားလုံး ပံ့ပိုးပေးမည်ဖြစ်ပါတယ်။
ပညာသင်ဆုရရှိသည့် ကာလအတွင်း အိုဘားမားဖောင်ဒေးရှင်း၏ Leadership Development Programme တွင် ပါဝင်ခွင့်ရမည်ဖြစ်ပြီး ခေါင်းဆောင်မှုစွမ်းရည်၊ လုပ်ငန်းခွင်အတွေ့အကြံများရရှိစေရန် လေ့ကျင့်ပေးမည်ဖြစ်ပါတယ်။


Food Technology (13) အစားအသောက် နည်းပညာသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


အဆိုပါ ပညာသင်ဆုကို ၂၀၁၉ ဒီဇင်ဘာ (၁၃) ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး ၂၀၂၀ မတ်လတွင် ပညာသင်ဆု ရွေးချယ်ရေးကော်မတီနှင့် Skype Interview ပြုလုပ်ရမည်ဖြစ်ကာ ဧပြီတွင် ပညာသင်ဆုရစာရင်း ကြေညာမည်ဖြစ်ပါတယ်။


လျှောက်လွှာကို http://worldprojects.columbia.edu/content/2020-2021-application-information တွင်လျှောက်ထားရပါမယ်။


Source:7 Day News

 

International Read 2026 times