Sales Hotline : 09448001653       Download App



အထိရောက်ဆုံး အလုပ်အကိုင် ရရှိစေနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ

ကျန်းမာရေးစောင့်ရှောက်မှုဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းအင်အား လုံလောက်မှု မရှိသေးပါဘူး။ 

တစ်နိုင်ငံလုံးမှာ သူနာပြုဦးရေက အများဆုံးဖြစ်ပြီး  (၂၂,၃၄၀) ဦး ရှိပါတယ်။ ဆရာဝန်ဦးရေက (၁၂,၃၇၁) ဦး၊ လက်သည် (၁၄,၃၀၅) ဦး၊ တိရစ္ဆာန်ကုဆရာဝန် (၅,၇၃၇) ဦး၊ ဆေးဝါးကျွမ်းကျင် (၄,၂၀၃) ဦးနဲ့ သွားဆရာဝန် (၈၇၀) ဦး ရှိကြောင်း ၂၀၁၉ ခုနှစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်ကနေ သိရှိရပါတယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လူဦးရေ (၁) သိန်းကို ဆရာဝန် (၂၂) ဦးနဲ့ သူနာပြု (၄၄) ဦးက ကုသပေးနေရတာ ဖြစ်ပါတယ်။ 

Myanmar Health Statistics ရဲ့ သုတေသန ရှာဖွေ တွေ့ရှိချက်များအရ တစ်နိုင်ငံလုံးမှာ အစိုးရပိုင် အပါအဝင် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်နဲ့ ဓာတ်ခွဲခန်း စုစုပေါင်း (၉,၅၃၇) ခု ရှိပြီး အထွေထွေရောဂါကု ဆေးခန်းတွေကတော့ အများဆုံး ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေ ဖြစ်တဲ့ သူနာပြုအကူသင်တန်း၊ ဆေးဝါးကျွမ်းကျင် အကူသင်တန်း၊ ဓာတ်ခွဲခန်းဆိုင်ရာ သင်တန်းနဲ့ အခြားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သင်တန်းတွေ အများအပြား ပေါ်ပေါက်လာပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ သေချာသလောက် ရှိတာကြောင့် လူငယ်တွေဟာ ဒီသင်တန်းတွေကို တက်ပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ စိတ်ဝင်စားလာကြပါတယ်။

ရန်ကုန်နယ်နိမိတ်အတွင်းက မြို့နယ် (၂၇) မြို့နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာသင်တန်း စုစုပေါင်း (၁၀၂) ခုရှိပြီး ကျောင်းသားဦး‌ရေအားဖြင့် (၃၀,၀၀၀) ကျော်ခန့် ရှိပါတယ်။ အဲဒီထဲမှာမှ ကမာရွတ်မြို့နယ်ဟာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာသင်တန်း အများဆုံး ဖွင့်လှစ်ထားတာကို တွေ့ရှိရပြီး ကျောင်းသားဦး‌ရေ (၈,၀၀၀) ခန့် တက်ရောက်နေကြပါတယ်။ ဒုတိယ အများဆုံးကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ် ဖြစ်ပြီး ကျောင်းသားဦးရေ (၂,၀၀၀) ကျော်ခန့် တက်ရောက်လျက် ရှိပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေထဲမှာမှ သူနာပြုအကူသင်တန်းကို တက်ရောက်သူက ပိုများပါတယ်။ နိုင်ငံရဲ့ ဝန်ထမ်းလိုအပ်ချက်ထဲမှာ အဓိက ပါဝင်နေတာကြောင့် အစိုးရပိုင် ဆေးရုံ၊ ဆေးခန်းတွေမှာလဲ ဝင်ရောက် လုပ်ကိုင်နိုင်သလို ပုဂ္ဂလိက ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းတွေမှာလည်း အလုပ်ရရှိနိုင်ပါတယ်။

ရန်ကုန်က မြို့နယ် (၂၄) မြို့နယ်မှာ နှစ်စဉ် သူနာပြုအကူသင်တန်း တက်ရောက်တဲ့ သင်တန်းသား ၁၈,၀၀၀ ကျော်ထိ ရှိပြီး အခြေခံနဲ့ ကျွမ်းကျင် ဘာသာရပ်တွေအပေါ် မူတည်ကာ သင်တန်းကြေး (၂၀၀,၀၀၀) ကျပ်ကနေ (၅၀၀,၀၀၀) ကျပ်လောက်ထိ ရှိကြောင်း သိရပါတယ်။

သင်တန်းကာလအနေနဲ့ဆိုရင်လည်း (၁) ပတ်ကနေ (၉) လအထိ ကြာမြင့်ပြီး  မြန်မာနိုင်ငံမှာရှိတဲ့ လူအများစုကတော့ သူနာပြုအကူ အခြေခံအဆင့်ကိုပဲ အချိန်နည်းနည်းပေးကာ လွယ်ကူလျှင်မြန်စွာ တက်ရောက်ပြီး အလုပ်ခွင်ထဲ ဝင်လေ့ရှိပါတယ်။ ကျွမ်းကျင်အဆင့်ထိ တက်ရောက်သူက (၁၅) ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။

စာတွေ့ထက် လက်တွေ့ကို ဦးစားပေး သင်ကြားရတာကြောင့် သူနာပြုအကူသင်တန်းတွေကို အွန်လိုင်းကနေ သင်ပေးတာက အနည်းငယ်လောက်ပဲ ရှိပြီး အပြင်မှာ တိုက်ရိုက် လူတွေ့ သင်ကြားပေးတာက (၈၂) ရာခိုင်နှုန်းထိ ရှိပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းမှတ်ပုံတင်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၃၄၃) ခု ရှိပြီး သူတို့ဆီကနေတစ်ဆင့် ထိုင်း၊ ဂျပန်၊ မလေးရှား၊ ဒူဘိုင်း၊ တရုတ်၊ တောင်ကိုရီးယား စတဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်သူတွေထဲမှာ သူနာပြုအကူနဲ့ ကလေးထိန်း အလုပ်တွေဟာ အများဆုံးဖြစ်ကြောင်း သုတေသန မေးမြန်းချက်များအရ သိရှိရပါတယ်။

တခြားသော အသက်မွေးဝမ်းကြောင်း သင်တန်းတွေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာ‌ရေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းတွေဟာ လူတိုင်း လက်လှမ်းမီနိုင်တဲ့ အနေအထားမှာ ရှိပြီး အလုပ်အကိုင် ရရှိဖို့လည်း မခက်ခဲတာကြောင့် ရွေးချယ်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။ 

ဒါကြောင့် ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပသွားပြီးပဲဖြစ်ဖြစ် မိမိရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို သူနာပြုတစ်ယောက်အနေနဲ့ လုပ်ကိုင်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့ သူနာပြုအကူ သင်တန်းတချို့ကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

Aung Sin Kyar Technical Service

Phone No. : 09-73142336, 09-5129985, 09-979053012
Address   : No. 57, 5th Flr, Lay Daunt Kan Rd., U San Phay Ward,, Thingangyun Township, Yangon , Myanmar
တန်းခွဲများ ကြည့်ရန်
> https://www.edge.com.mm/k:aung+sin+kyar+technical+service 

Aung Baitmann

Phone No. : 09-421119700, 09-443041296, 09-791119700,  09-73041296
Address   : No. 281/285, 1st Flr, Anawrahta Rd., In Front of Kone Zay Tan Bus-Stop,, Pabedan Township, Yangon , Myanmar

Aung Pyae Sone

Phone No. : 09-792297287, 09-792297247, 09-792297401, 09-792297453
Address   : 269, Rm B, 3rd Flr, Wai Pon La 6th St., Ga Gyi Ward, North Okkalapa Township, Yangon , Myanmar

Aung Myay Thar Si

Phone No. : 09-5138657, 09-5099468
Address   : 41th St., Between 78th St. and 79th St., Hay Ma Mar Lar South, Maha Aung Myay Township, Mandalay, Myanmar

Chan Thar Thu Kha

Phone No. : 09-692300660 ~1
Address   : Bldg 1, Rm 49, Yangon-Insein Rd., Myoh Pya Housing, Ward (3),, Kamayut Township, Yangon , Myanmar
တန်းခွဲများ ကြည့်ရန်
> https://www.edge.com.mm/k:Chan+Thar+Thu+Kha 

Four donors commit more than $215 million to improving health… | UNOPS

Hannah [Grace]

Phone No. : 09-421119700, 09-443041296, 09-791119700,  09-73041296
Address    : No. 28, Shin Tayar St., Ward (48),, North Dagon Township, Yangon , Myanmar

International Training Centre

Phone No. : 09-973505943
Address   : No.1, 1st Flr, U Tun Lin Chan St., Ward [1], Kamayut Township, Yangon, Myanmar

တန်းခွဲများ ကြည့်ရန်
> https://www.edge.com.mm/k:International+Training+Centre 

Landmark

Phone No. : 09-790643693
Address   : 49/B, 1st Flr, Moe Sandar St., Ward (1),, Kamayut Township, Yangon , Myanmar 

Mother Teresa

Phone No. : 09-428165224,  09-444437265, 09-428124361, 09-428191265
Address   : No. 49/B, Thu Dathana 1st St., Ward (16/2), Thingangyun Township, Yangon, Myanmar 

My Hope

Phone No. :  09-447862412, 09-774404210, 09-447862436
Address   : No. 21/B, Thu Nandar Rd., Ta Ta Lin Cheik Ward,, North Okkalapa Township, Yangon , Myanmar
တန်းခွဲများ ကြည့်ရန်
> https://www.edge.com.mm/k:My+Hope 

Super Nurse Caregiver & Pharmacist Training Center

Phone No. : 09-692300660~1
Address   : No.127, Shwe Nyaung Pin St., Yay Oakkan Village, Hlaing Thar Yar, Yangon, Myanmar
တန်းခွဲများ ကြည့်ရန်
> https://www.edge.com.mm/k:Super+Nurse+Caregiver+%2526+Pharmacist+Training+Center 

The Golden Lotus

Phone No. : 09-799494293, 09-254233335, 09-255953608 
Address   : No. R2D, Paan Khaye St., Kha Yae Pin Housing 2, Mingalardon Township, Yangon, Myanmar

သူနာပြုအကူသင်တန်းအားလုံးကို ကြည့်ရန်
> https://www.edge.com.mm/nursing-health-care 

ဆေးဝါးကျွမ်းကျင် သင်တန်းများ ရှာရန်
> https://www.edge.com.mm/listing/pharmaceutical 

အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းအားလုံး ရှာရန်
> https://www.edge.com.mm/listing/vocational 

တခြားသော သင်တန်းများ ရှာရန်
> https://www.edge.com.mm/listing/training-centre 

သင်တန်းတက်လိုသူတွေအတွက် https://www.edge.com.mm/ ဝက်ဆိုဒ်မှာ လုပ်ငန်းနာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေ အပါအဝင် သင်တန်းကြေးနဲ့ ဘာသာရပ်တွေကို ထည့်သွင်း ဖော်ပြထားတာဖြစ်လို့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းများ ဈေးကွက်သုံးသပ် တင်ပြချက်များ ( Reviewing Healthcare Training Market Report ) ကို MMRD Business Insight က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ  ကျင်းပ ပြုလုပ်ခဲ့ပြီး သင်တန်းကျောင်း (၃၄) ခုက တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Healthcare Training Market Report နဲ့ ပတ်သတ်ပြီး အသေးစိတ် ထပ်မံ သိရှိလိုပါက ဖုန်းနံပါတ် 09-266675577 ကို ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါတယ်။

Latest Post International/Private Read 1409 times