NUAC မန္တလေးတွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်မည်

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့လွန်အနုပညာဒီပလိုမာ (၁) နှစ် သင်တန်းများနှင့် မဟာဝိဇ္ဇာဘွဲ့ (၂) နှစ်သင်တန်းများကို နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ 

 

ဖွင့်လှစ်မည့် ဘွဲ့လွန်အနုပညာဒီပလိုမာသင်တန်းများမှာ -

(၁) ဘွဲ့လွန်အနုပညာဒီပလိုမာ(ဂီတ) 

(၂) ဘွဲ့လွန်အနုပညာဒီပလိုမာ(သဘင်) 

(၃) ဘွဲ့လွန်အနုပညာဒီပလိုမာ(ပန်းချီ)

(၄) ဘွဲ့လွန်အနုပညာဒီပလိုမာ(ပန်းပု) 

(၅) ဘွဲ့လွန်အနုပညာဒီပလိုမာ(ရုပ်ရှင်နှင့်ပြဇာတ်)

 

သင်တန်းကာလ - (၁) နှစ်

 

ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားရမည်၊ 
  • ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်၊
  • အနုပညာကို ဝါသနာပါပြီး လျှောက်ထားလိုသည့် အနုပညာဘာသာရပ်ကို အခြေခံတက်မြောက်ထားသူဖြစ်ရမည်၊
  • သင်တန်းကာလ (၁) နှစ် အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။  

 

လျှောက်လွှာလက်ခံမည့်ရက် - ၁၅.၁၀.၂၀၂၄ ရက် (အင်္ဂါနေ့)

လျှောက်လွှာပိတ်ရက် - ၁၃.၁၁.၂၀၂၄ ရက်(ဗုဒ္ဓဟူးနေ့)

လူတွေ့စစ်ဆေးမည့်ရက် - ၁၈.၁၁.၂၀၂၄ ရက် (တနင်္လာနေ့)

စတင်ဖွင့်လှစ်မည့်ရက် - ၂၁.၁၁.၂၀၂၄ ရက် (ကြာသပတေးနေ့) 

 

ဖွင့်လှစ်မည့် မဟာဝိဇ္ဇာဘွဲ့သင်တန်းများမှာ -

(၁) မဟာဝိဇ္ဇာဘွဲ့ (ဂီတ)

(၂) မဟာဝိဇ္ဇာဘွဲ့ (သဘင်)

(၃) မဟာဝိဇ္ဇာဘွဲ့ (ပန်းချီ)

(၄) မဟာဝိဇ္ဇာဘွဲ့ (ပန်းပု)

(၅) မဟာဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့် ပြဇာတ်)

 

သင်တန်းကာလ - (၂) နှစ်

 

ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်

  • ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် အထူးပြုဘာသာရပ်များဖြင့် ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့၊ ဘွဲ့လွန်အနုပညာ ဒီပလိုမာဘွဲ့ များ၌ မဟာဝိဇ္ဇာ သင်တန်း တက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်၊
  •   တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်း တက်ရောက်နေသူ မဖြစ်စေရ၊
  • သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းများအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်၊
  • ဝန်ထမ်းဖြစ်ပါက သင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက် ပူးတွဲတင်ပြရမည်။

 

လျှောက်လွှာလက်ခံမည့်ရက် - ၁.၁၁.၂၀၂၄ ရက် (သောကြာနေ့)

လျှောက်လွှာပိတ်မည့်ရက် - ၁၄.၁၁.၂၀၂၄ ရက် (ကြာသပတေးနေ့)

ရေးဖြေစာမေးပွဲဖြေဆိုရမည့်ရက် - ၁၈.၁၁.၂၀၂၄ (တနင်္လာနေ့)
(နံနက် ၉ နာရီမှ ၁၂ နာရီအထိ - အင်္ဂလိပ်စာ ၊ နေ့လယ် ၁ နာရီမှာ ညနေ ၄ နာရီအထိ - သက်ဆိုင်ရာအနုပညာဘာသာရပ်)

လူတွေ့နှင့် လက်တွေ့စစ်ဆေးမည့်ရက် - ၁၉.၁၁.၂၀၂၄ ရက် (အင်္ဂါနေ့၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) 

သင်တန်းဝင်ခွင့်အောင်စာရင်းကြေညာမည့်ရက် - ၂၀.၁၁.၂၀၂၄ (ဗုဒ္ဓဟူးနေ့)

စတင်ဖွင့်လှစ်မည့်ရက် - ၂၁.၁၁.၂၀၂၄ ရက် (ကြာသပတေးနေ့) 

 

အထက်ပါသင်တန်းများအားလုံးအတွက် ဝင်ခွင့်လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဝယ်ယူလျှောက်ထားကြရမည်ဖြစ်သည်။ လျှောက်လွှာနှင့်တကွ ဘွဲ့လက်မှတ် မူရင်းနှင့် အမှတ်စာရင်း မူရင်းကိုပါ ပူးတွဲတင်ပြရမည်။ 

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ များသည် မိမိတာဝန်ထမ်းဆောင်လျှက်ရှိသည့် တက္ကသိုလ်၌သာ တက်ရောက်ခွင့် လျှောက်ထားရမည်။

 

သင်တန်းဝင်ခွင့်အောင်စာရင်းအားအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်( မန္တလေး)၊ သင်တန်းရေးရာ ဌာနခွဲရှိ ကြော်ငြာသင်ပုန်းနှင့် www.nuacmdy.edu.mm တို့တွင် သတ်မှတ်ရက်အတိုင်း ကြေညာသွားမည် ဖြစ်ပါသည်။

 

အသေးစိတ်အချက်အလက်များအား သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ဌာနမှူး (သင်တန်းရေးရာ) ဖုန်း ၀၉-၂၅၀၇၆၂၂၀၃ နှင့် မော်ကွန်းထိန်း ဖုန်း ၀၉-၄၀၀၄၀၄၁၇၂ များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

Latest Post Local News University / College Read 119 times