အထက်တန်းအထိ တက်ဖူးရင် လျှောက်လို့ရတဲ့ အနုပညာဒီပလိုမာသင်တန်း (၁၅) ခု

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် အနုပညာဒီပလိုမာသင်တန်းများဖြစ်သည့် တူရိယာတီးခတ်နည်းသင်တန်းများ၊ အဆိုသင်တန်းများ၊ အကသင်တန်းများ၊ ပန်းချီသင်တန်းများ၊ ပန်းပုသင်တန်းများ၊ ဓာတ်ပုံပညာသင်တန်းများ စသည်တို့ကို နိုဝင်ဘာလ (၂၁) ရက်နေ့မှစပြီး ရုံးချိန်လွတ် ဖွင့်လှစ်သွားမည်ဖြစ်သည်။ 

 

ဖွင့်လှစ်မည့် သင်တန်းများမှာ -

ဂီတပညာဌာန - စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို

သဘင်ပညာဌာန - မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာအကပညာ

ပန်းချီပညာဌာန - အခြေခံပန်းချီပညာ၊ ရေဆေးပန်းချီရေးဆွဲနည်း၊ ဆီဆေးပန်းချီရေးဆွဲနည်း

ပန်းပုပညာဌာန - အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုပညာ၊ ပန်းပုပုံဖော်နည်းပညာ

ရုပ်ရှင်နှင့်ပြဇာတ်ဌာန - ဓာတ်ပုံပညာ

ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန - ယဉ်ကျေးမှာအမွေအနှစ်စီမံခန့်ခွဲမှုပညာ  

 

Related Article : NUAC မန္တလေးတွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်မည်

>> https://www.edge.com.mm/article/nuac.html

 

သင်တန်းကာလ

Level (၁) ခုကို (၃) လ ၊ စုစုပေါင်း Level (၃) ခု (၉) လ

Level 1 - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အထိ

Level 2 - ၂၀၂၅ ခုနှစ် မတ်လမှ ဇွန်လအထိ

Level 3 - ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ

 

သင်တန်းအချိန်

Level 1 - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇ နာရီမှ ၉ နာရီအထိ)

Level 2 - စနေ၊ တနင်္ဂနွေ (နံနက် ၉ နာရီမှ ၁၂ နာရီအထိ)

 

သင်တန်းကြေး 

Level 1 - နှစ်သိန်းကျပ်

Level 2 - နှစ်သိန်းငါးသောင်းကျပ်

Level 3 - သုံးသိန်းကျပ်

 

ပေးအပ်မည့် ဒီပလိုမာလက်မှတ်

ဂီတသင်တန်းများအတွက် Part time Diploma in Arts (Music) ၊

သဘင်သင်တန်းများအတွက် Part time Diploma in Arts (Dramatic Arts) ၊

ပန်းချီသင်တန်းများအတွက် Part time Diploma in Arts (Painting) ၊

ပန်းပုသင်တန်းများအတွက် Part time Diploma in Arts (Sculpture) ၊

ဓာတ်ပုံသင်တန်းအတွက် Part time Diploma in Arts (Cinematography) ၊

ယဉ်ကျေးမှာအမွေအနှစ်စီမံခန့်ခွဲမှုပညာသင်တန်းအတွက် Part time Diploma in Cultural Heritage Management

 

Level တစ်ခုပြီးမြောက်ပြီးပါက သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိမည်ဖြစ်ပြီး Level (၃) ခုလုံး ပြီးမြောက်သွားသူသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ပါက ဒီပလိုမာလက်မှတ် အပ်နှင်းခြင်းခံရမည်ဖြစ်သည်။

 

လျှောက်ထားသူသည် အခြေခံပညာအထက်တန်း ၁၂ တန်း (သို့) ၁၀ တန်းအထိ တက်ရောက်ဖူးသူဖြစ်ရပါမည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာန (၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း) တွင် ၂၁-၁၀-၂၀၂၄ မှစ၍ ၁၃-၁၁-၂၀၂၄ အထိ လျှောက်လွှာပုံစံများ ရယူလျှောက်ထားနိုင်သည်။

 

လျှောက်လွှာနှင့်အတူ ၁၂ တန်း (သို့) ၁၀ တန်း တက်ရောက်ခဲ့ကြောင်း (သို့) အောင်မြင်ခဲ့ကြောင်း ထောက်ခံချက်မိတ္တူ၊ ပတ်စပို့အရွယ်ဓာတ်ပုံ (၅) ပုံတို့ကို ပူးတွဲတင်ပြရမည်။

 

သင်တန်းသားဦးရေအား ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်နှင့် ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတို့တွင် ဖွင့်လှစ်မည့် ဘာသာရပ်တစ်ခုချင်းစီအတွက် (၅၀) ဦး၊ ပန်းပုပညာဘာသာရပ်အတွက် (၂၀) ဦး အသီးသီး ကန့်သတ်ထားသည်။

 

၁၄-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀) နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများစာရင်းကို ၁၉-၁၁-၂၀၂၄ ရက်တွင် ကြေညာမည်ဖြစ်သည်။ သင်တန်းများကို ၂၁-၁၁-၂၀၂၄ ရက်နေ့တွင် စတင်တက်ရောက်နိုင်ပါမည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Level 1 သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိခဲ့သည့် သင်တန်းသားများအနေဖြင့် Level 2 စနေ၊ တနင်္ဂနွေအတန်းများကို ဆက်လက်တက်ရောက်နိုင်ပါသည်။


သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာနဖုန်း ၀၉-၄၂၁၀၁၂၈၀၈ နှင့် ၀၉-၇၈၈၁၈၉၁၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။ 
 

Latest Post Local News University / College Read 369 times