တ႐ုတ္ႏိုင္ငံ Harbin ၿမိဳ ႔ရွိ Northeast Agricultural University (NEAU) ေအာက္ရွိ ေကာလိပ္မ်ားတြင္ တ႐ုတ္အစိုးရပညာသင္ဆုအစီအစဥ္ႏွင့္ တက္ေရာက္ႏိုင္မည့္ မဟာဘြဲ႔ ႏွင့္ ပါရဂူဘြဲ႔ ပညာသင္ဆုျဖစ္သည္။
သီးႏွံစိုက္ပ်ဳိးေရးပညာရပ္မ်ား၊ အင္ဂ်င္နီယာပညာရပ္မ်ား၊ စီးပြားေရးဆိုင္ရာပညာရပ္မ်ား၊ စီမံခန္႕ခြဲမႈပညာရပ္မ်ား၊ ဥပေဒပညာႏွင့္ ၀ိဇၨာပညာရပ္မ်ားကို ေရြးခ်ယ္တက္ေရာက္ႏိုင္သည္။
Resources and Environment College, Agriculture College, Horticulture College, Animal Science and Technology College, Veterinary Medicine College, Engineering College, Economics and Management College, Life Science College, Food Science College, Electrification and information College, Water Conservancy and Civil Engineering College ဟူသည့္ ေကာလိပ္ ၁၁ ခုတြင္ ဘာသာရပ္ ၂၇ ခုအနက္ ႏွစ္သက္ရာကို ေရြးခ်ယ္တက္ေရာက္ႏိုင္သည္။
မဟာဘြဲ ႔ပညာသင္ဆုအတြက္ သံုးႏွစ္ေထာက္ပံ့မည္ျဖစ္ၿပီး ပါရဂူဘြဲ႔ပညာသင္ဆုအတြက္ ေလးႏွစ္ေထာက္ပံ့မည္ျဖစ္သည္။
Sewing (322) အခ်ဴပ္အလုပ္ သင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္း (322) ခု ရွာရန္ႏွိပ္ပါ။
ေက်ာင္းလခ၊ ေက်ာင္းဝင္ေၾကး၊ တကၠသိုလ္အေဆာင္ေၾကး၊ က်န္းမာေရးအာမခံေၾကးႏွင့္ ႏိုင္ငံတကာ ေက်ာင္းသားမ်ား ေပးေဆာင္ရသည့္ ေငြေၾကးမ်ားကို ပံ့ပိုးမည္ျဖစ္သည္။ ထုိ႕ျပင္ လစဥ္ အသံုးစရိတ္အျဖစ္ ပါရဂူဘြဲ႔ေက်ာင္းသားအတြက္ ယြမ္ ၃၅၀၀၊ မဟာဘြဲ႔ေက်ာင္းသားအတြက္ ယြမ္ ၃၀၀၀ ပံ့ပိုးမည္ျဖစ္သည္။
ပညာသင္ဆုေလွ်ာက္ထားသူသည္ တ႐ုတ္ႏိုင္ငံသား ခံယူထားသူမျဖစ္ရဘဲ က်န္းမာေရးေကာင္းမြန္သူျဖစ္ရမည္။ မဟာဘြဲ႔ပညာသင္ဆု ေလွ်ာက္ထားမည့္သူသည္ ဘြဲ႔တစ္ခုရထားရမည္ျဖစ္ၿပီး အသက္ ၃၅ ႏွစ္ေအာက္ ျဖစ္ရမည္။ ပါရဂူဘြဲ႔ ပညာသင္ဆု ေလွ်ာက္ထားမည့္သူသည္ မဟာဘြဲ႔ရထားရမည္ျဖစ္ၿပီး အသက္ ၄၅ ႏွစ္ေအာက္ျဖစ္ရမည္။ သုေတသနျပဳလုပ္လိုစိတ္ ျပင္းျပရမည္ျဖစ္ၿပီး အျခားပညာသင္ဆုမ်ား ရထားသူမျဖစ္ရ။
Photography (15) ဓာတ္ပုံပညာ သင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။
တရုတ္ဘာသာစကားႏွင့္ သင္ၾကားရမည္ျဖစ္၍ ေက်ာင္းမတက္မီ တစ္ႏွစ္ႀကိဳ၍ တရုတ္စာသင္ၾကားရမည္ျဖစ္သည္။
ပညာသင္ဆုေလွ်ာက္လႊာကို https://wwww.chinese-scholarshipcouncil.com/northeast-agricultural-university.htmlလင့္ခ္မွတစ္ဆင့္ ၂၀၂၀ မတ္လ ၃၁ ရက္ေနာက္ဆံုးေလွ်ာက္ထားရမည္ ျဖစ္သည္။
Source; 7 Day News
**Unicode**
တရုတ်နိုင်ငံ Harbin မြို့ရှိ Northeast Agricultural University (NEAU) အောက်ရှိ ကောလိပ်များတွင် တရုတ်အစိုးရပညာသင်ဆုအစီအစဉ်နှင့် တက်ရောက်နိုင်မည့် မဟာဘွဲ့ နှင့် ပါရဂူဘွဲ့ ပညာသင်ဆုဖြစ်သည်။
သီးနှံစိုက်ပျိုးရေးပညာရပ်များ၊ အင်ဂျင်နီယာပညာရပ်များ၊ စီးပွားရေးဆိုင်ရာပညာရပ်များ၊ စီမံခန့်ခွဲမှုပညာရပ်များ၊ ဥပဒေပညာနှင့် ဝိဇ္ဇာပညာရပ်များကို ရွေးချယ်တက်ရောက်နိုင်သည်။
Resources and Environment College, Agriculture College, Horticulture College, Animal Science and Technology College, Veterinary Medicine College, Engineering College, Economics and Management College, Life Science College, Food Science College, Electrification and information College, Water Conservancy and Civil Engineering College ဟူသည့် ကောလိပ် ၁၁ ခုတွင် ဘာသာရပ် ၂၇ ခုအနက် နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်သည်။
မဟာဘွဲ့ပညာသင်ဆုအတွက် သုံးနှစ်ထောက်ပံ့မည်ဖြစ်ပြီး ပါရဂူဘွဲ့ပညာသင်ဆုအတွက် လေးနှစ်ထောက်ပံ့မည်ဖြစ်သည်။
Sewing (322) အချူပ်အလုပ် သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (322) ခု ရှာရန်နှိပ်ပါ။
ကျောင်းလခ၊ ကျောင်းဝင်ကြေး၊ တက္ကသိုလ်အဆောင်ကြေး၊ ကျန်းမာရေးအာမခံကြေးနှင့် နိုင်ငံတကာ ကျောင်းသားများ ပေးဆောင်ရသည့် ငွေကြေးများကို ပံ့ပိုးမည်ဖြစ်သည်။ ထို့ပြင် လစဉ် အသုံးစရိတ်အဖြစ် ပါရဂူဘွဲ့ကျောင်းသားအတွက် ယွမ် ၃၅၀၀၊ မဟာဘွဲ့ကျောင်းသားအတွက် ယွမ် ၃၀၀၀ ပံ့ပိုးမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်ထားသူသည် တရုတ်နိုင်ငံသား ခံယူထားသူမဖြစ်ရဘဲ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ မဟာဘွဲ့ပညာသင်ဆု လျှောက်ထားမည့်သူသည် ဘွဲ့တစ်ခုရထားရမည်ဖြစ်ပြီး အသက် ၃၅ နှစ်အောက် ဖြစ်ရမည်။ ပါရဂူဘွဲ့ ပညာသင်ဆု လျှောက်ထားမည့်သူသည် မဟာဘွဲ့ရထားရမည်ဖြစ်ပြီး အသက် ၄၅ နှစ်အောက်ဖြစ်ရမည်။ သုတေသနပြုလုပ်လိုစိတ် ပြင်းပြရမည်ဖြစ်ပြီး အခြားပညာသင်ဆုများ ရထားသူမဖြစ်ရ။
Photography (15) ဓာတ်ပုံပညာ သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
တရုတ်ဘာသာစကားနှင့် သင်ကြားရမည်ဖြစ်၍ ကျောင်းမတက်မီ တစ်နှစ်ကြို၍ တရုတ်စာသင်ကြားရမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်လွှာကို https://wwww.chinese-scholarshipcouncil.com/northeast-agricultural-university.htmlလင့်ခ်မှတစ်ဆင့် ၂၀၂၀ မတ်လ ၃၁ ရက်နောက်ဆုံးလျှောက်ထားရမည် ဖြစ်သည်။
Source; 7 Day News