NMDC တွင် ဖွင့်လှစ်မည့် ရုံးချိန်လွတ် အချိန်ပိုင်းသင်တန်း (၅) ခု

 

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် Diploma (၁) နှစ်သင်တန်းများနှင့် Certificate (၃) လ သင်တန်းများကို ရုံးချိန်လွတ် ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် နိုဝင်ဘာ (၂၉) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ 

 

ဖွင့်လှစ်မည့်သင်တန်းများမှာ 

- Diploma in Tourism Studies and Management (DTSM)

ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာဘွဲ့လွန်ဒီပလိုမာသင်တန်း 

- Diploma in Computer Applications and Desktop Publishing (DCADTP) 

လုပ်ငန်းသုံးအသုံးချကွန်ပျုတာဒီပလိုမာသင်တန်း

- Diploma in Public Policy and Management (DPPM)

ပြည်သူ့ရေးရာမူဝါဒနှင့် စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း

- Certificate in Mass Communication (CMC)

လူထုဆက်ဆံရေးဆိုင်ရာလက်မှတ်ရသင်တန်း

- Certificate in Economics and Finance (CEF) 

စီးပွားရေးနှင့်ဘဏ္ဍာရေးလက်မှတ်ရသင်တန်း 


သင်တန်းဝင်ခွင့်အရည်အချင်း

Diploma သင်တန်းများအတွက် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး Certificate သင်တန်းများအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ဖြစ်ရပါမည်။ 

 

သင်တန်းကြေး 

DTSM နှင့် DPPM ဒီပလိုမာသင်တန်းများအတွက် - ၂ သိန်းကျပ်

DCADTP ဒီပလိုမာသင်တန်းအတွက် - ၄ သိန်း ၈ သောင်းကျပ် (နှစ်ကြိမ် ခွဲသွင်းနိုင်သည်)

Certificate သင်တန်းများအတွက် - ၉ သောင်းကျပ်

 

သင်တန်းဖွင့်လှစ်မည့်အချိန်နှင့် နေရက်

သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့၊ တနင်္ဂနွေနေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

CEF သင်တန်းကို စနေ၊ တနင်္ဂနွေရက်များတွင် မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အွန်လိုင်းမှတဆင့် တက်ရောက်ရပါမည်။

CMC နှင့်  DCADTP သင်တန်းများကို စနေ၊ တနင်္ဂနွေရက်များတွင် မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အွန်လိုင်း + လူကိုယ်တိုင် သွားရောက်ရမည့် (Hybird) ပုံစံဖြင့် တက်ရောက်ရပါမည်။

DTSM နှင့် DPPM သင်တန်းများကို တနင်္လာနေ့မှ စနေနေ့အထိ ည ၆ နာရီခွဲမှ ၈ နာရီအထိ၊ တနင်္ဂနွေနေ့ ညနေ ၄ နာရီခွဲမှ ည ၈ နာရီအထိ အွန်လိုင်းမှတဆင့် တက်ရောက်ရပါမည်။

 

လျှောက်ထားရမည့်ပုံစံ 

သင်တန်းလျှောက်ထားလိုသူများသည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကုန်သည်လမ်း၊ (၂) ထပ်စာသင်ဆောင်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် (၁-၁၁-၂၀၂၄) ရက်မှ (၂၉-၁၁-၂၀၂၄) ရက်အထိ ရုံးချိန်အတွင်း လူကိုယ်တိုင် သွားရောက်လျှောက်ထားရမည်။

 

လျှောက်လွှာနှင့်အတူ လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ ဘွဲ့လက်မှတ်/ အောင်လက်မှတ် မိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။ 

 

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၈၂၉၂၅၆၆ နှင့် ဖုန်းနံပါတ် ၀၉-၄၄၂၅၈၈၄၀၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Latest Post Local News University / College Read 1019 times