မေလတွင် ကျင်းပမည့် နဝမတန်းပြင်ပဖြေ စာမေးပွဲ

** Unicode **

အဌမတန်းအောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သူများအတွက် နဝမတန်းပြင်ပဖြေစာမေးပွဲကို မေလ (၂) ရက်မှ (၁၀) ရက်အတွင်း ကျင်းပမည်ဖြစ်ပါတယ်။

ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေရသူများနှင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပြင်ပသို့  ရောက်ရှိနေသည့် ကျောင်းသားများသည် အဌမတန်း (ပြင်ပဖြေ) စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

နဝမတန်း (ပြင်ပဖြေ) စာမေးပွဲအတွက် ခရိုင်ပညာရေးမှူး ဦးဆောင်သောအဖွဲ့က စာမေးပွဲမေးခွန်းပြုစုခြင်း၊ အဖြေလွှာစစ်ဆေးခြင်းတို့ ပြုလုပ်ပြီး အောင်စာရင်းများကို မေလ (၂၃) ရက်တွင် ထုတ်ပြန်ကြေညာပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ အကြောင်းကြားထားပါတယ်။

ပညာရေးဝန်ကြီးဌာနသည် ကျောင်းသား/သူများအခြေခံပညာကျောင်းများသို့ ဝင်ရောက်လာစေရန်နှင့် ကျောင်းထွက်နှုန်း လျော့နည်းစေရန်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန် ဆောင်ရွက်နေရာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေပါက ပြန်လည်ဝင်ရောက်လာရန် ပြင်ပဖြေအဖြစ်ဖြေဆိုခွင့်ပြုခြင်းဖြစ်ပါတယ်။

Read More:>>>  ပညာရေးဘွဲ့ စာပေးစာယူ သင်တန်းကာလဆိုင်ငံ့

အခြေခံပညာ နဝမတန်း(ပြင်ပဖြေ) စာမေးပွဲများကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်က စတင်ကာ နှစ်စဉ် မေလအတွင်းကျင်းပပါတယ်။

Fitness Centre (347) Fitness Centre များနှင့်ပတ်သက်ပြီး (၃၄၇) ခုရှာရန်နှိပ်ပါ။

အခြေခံပညာအထက်တန်းကျောင်းများတွင် ပုံမှန်တက်ရောက်နေသည့် နဝမတန်း ကျောင်းသားများအတွက် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ပထမပတ်က ကျင်းပခဲ့ပါတယ်။

Credit: 7Day News
 

** Zawgyi **





Read More:>>>  ပညာရေးဘွဲ့ စာပေးစာယူ သင်တန်းကာလဆိုင်ငံ့


Fitness Centre (347) Fitness Centre များနှင့်ပတ်သက်ပြီး (၃၄၇) ခုရှာရန်နှိပ်ပါ။


Credit: 7Day News
 

News Tips Latest Post Read 3355 times