နယူးကာဆယ်တက္ကသိုလ်ရဲ့ ရာနှုန်းပြည့် ပညာသင်ဆု လျှောက်ထားနိုင်

နယူးကာဆယ်တက္ကသိုလ်ရဲ့ ရာနှုန်းပြည့် ပညာသင်ဆု လျှောက်ထားနိုင်

နယူးကာဆယ်တက္ကသိုလ်ကနေ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ဖောင်ဒေးရှင်း ပရို ဂရမ်တွေအတွက် ပေးအပ်မှာ ဖြစ်ပြီး ဖောင်ဒေးရှင်း တက်ရောက်နေဆဲအချိန်ရဲ့ ကျောင်းလခကို ရာခိုင်နှုန်းပြည့် ပညာသင်ဆုအနေနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဖောင်ဒေးရှင်းကို အောင်မြင်ပြီးပါက နယူးကာဆယ်တက္ကသိုလ်မှာ ဗိသုကာဘာသာရပ်တွေနဲ့ မြို့ပြအစီအစဉ်ရေးဆွဲမှု ဘာသာရပ် (town planning) စတဲ့ ဘာသာရပ်တွေရဲ့ ပထမနှစ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

International Foundation ကို မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်းအောင် သို့မဟုတ် iGCSE အောင်မြင်ထားသူ၊ အမေရိကန် American High School Diploma အောင်မြင်ပြီး IELTS (5.5) ရ ရှိထားသူတွေ တက်ရောက်နိုင်ပါတယ်။

တက်ရောက်မယ့်သူက အသက်၁၇ နှစ် ပြည့်ပြီး သူ ဖြစ်ဖို့လိုပါတယ်။

နယူးကာဆယ်တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဘာသာရပ် တွေကို အသေးစိတ်လေ့လာလိုပါက www. ncl.ac.uk/undergraduate မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

နယူးကာဆယ်တက္ကသိုလ်မှာ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း၁၂၀ က ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၀,ဝ၀ဝ ကျော် ပညာသင်ကြားပေးနေပြီး နယူး ကာဆယ်တက္ကသိုလ်က ကျောင်းတက် ရောက်ပြီး ဆုံးပါက အလုပ်အကိုင် အခွင့် အလမ်းရရှိမှု အများဆုံး Top 20 တက္ကသိုလ်ဖြစ်ကြောင်း The Complete University Guide 2016 အရ သိရပါတယ်။

Contact Detail

ဝ၉-၅၀ ၁၉၈၇၀၊ ဝ၉-၇၈၅၀၁၉၈၇၀၊ ဝ၉-၇၃၂၀၅၃၃၃ 

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

source: kumudra journal

Local Read 5014 times