New Hampshire ကျောင်း၏ ပညာရေးဆိုင်ရာ ဆုံးဖြတ်ချက် အသစ်များ

 

အမေရိကန်နိုင်ငံရှိ New Hampshire တက္ကသိုလ်၏ ပညာရေးရန်ပုံငွေကော်မရှင်သည် လုံလောက်သော ပညာရေးကို ထောက်ပံ့နိုင်ရန် နှင့် ထိုရည်မှန်းချက် အောင်မြင်နိုင်ရန် ရန်ပုံငွေကို မည်သို့ခွဲဝေ သုံးစွဲ ရမည်ကို မတူညီသောနည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

ကော်မရှင်သည် ကျောင်းသားတစ်ဦးချင်းဆီမှ ရသည့် သတ်မှတ်ထားသည့်ပမာဏဖြင့်ကောက်ယူမည့်အစား ခရိုင်တစ်ခု အတွင်း ကျောင်းသားများ၏ ရလဒ်ကို ကြည့်၍ ‌ငွေမည်မျှ ထောက်ပံ့ရန်လိုအပ်သည်ကို ပြန်လည် စစ်ဆေးမည့် စနစ်ကို အသုံးပြုလိုကြောင်း ဖော်ပြထားသည်။

ကျောင်းတစ်ခုချင်းဆီ၏ ရလဒ်များသည် ကျောင်းသားများ၏ အကဲဖြတ်ရလဒ်များ၊ ကျောင်းဆင်းပွဲတက်ရောက်သည့် ကျောင်းသားနှုန်းများနှင့် ‌အတန်းတက်ကြသည့် ကျောင်းသားနှုန်း ပေါ်မူတည်ပြီး ဆုံးဖြတ်ကြသည်။

အမေရိကန်သုတေသနဌာနမှ သတ်မှတ်ထားသော စံနှုန်းအရ ယခုပရောဂျက်သည် ကျောင်းသူကျောင်းသားများ၏ အခွင့်အလမ်းများပိုမို ထောက်ပံ့နိုင်ပြီး ပြည်နယ်၏ ရလဒ်ကို တိုးစေရန် အတွက် လိုအပ်သည့်‌ငွေပမာဏကို ရောက်ရှိရန် ချင့်ချိန် အသုံးပြုမည် ဖြစ်သည်။

လက်ရှိပုံသေနည်းသည် ရလဒ်များပေါ် မမူတည်သော်လည်း ကျောင်းသား တစ်ဦးအတွက် အခြေခံထောက်ပံ့ကြေးမှာ ဒေါ်လာ ၃၇၀၀ခန့် ရှိပြီး အထူးပညာရေးအခြေအနေဖြစ်သည့် ဆင်းရဲသော ကျောင်းသားများ၊ ဒုတိယဘာသာစကားအဖြစ်အင်္ဂလိပ်စာကို လေ့လာသော သူများ အတွက် အပို ထောက်ပံ့ကြေးများ ပေးမည် ဖြစ်သည်။

“ ခရိုင်ကသာမာန်စွမ်းဆောင်ရည်ကို ဦးတည်တဲ့ရည်မှန်းချက်ကိုမအောင်မြင်ရင်လုံလောက်မှုရဖို့အတွက်စုစုပေါင်းရန်ပုံငွေတွေပိုရလာတယ်” ဟု ကော်မတီ အဖွဲ့ဝင် Bill Ardingerမှတ်ချက်ချသည်။ ဆက်လက်၍ Ardinger က လက်ရှိလိုအပ်ချက်အပေါ် မူတည်၍ ပြည်နယ်၏တစ်ဝှမ်းခရိုင်အလိုက် လုံလောက်မှု၏တန်ဖိုးသည် ကွဲပြားမှုရှိမည်ဟု မှတ်ချက်ပြုခဲ့သည်။ ဒါကအသိုင်းအဝိုင်းတွေကြားမှာအလွန်ကွဲပြားခြားနားတဲ့ဆက်ဆံရေးဖြစ်လာမည်ဟု ဆိုထားပါသည်။

ကော်မတီဝင် တစ်ဦးဖြစ်သည့် Chris Dwyer မှလည်း အသစ်ဆုံးဖြတ်လိုက်သည့် ပုံစံနှင် ပတ်သက်၍ကျောင်းးသားများနှင့် မိဘများသိရှိရန် စာရွက်စာတမ်းများပြုလုပ်ကြရန် အကြံပေးခဲ့သည်။

အကယ်၍ လူများသည် ပညာရေးရန်ပုံငွေနှင့် ပတ်သက်၍ လက်ရှိစဉ်းစားတွေးခေါ်မှုကိုအသုံးချပါက အဓိပ္ပာယ်ကောက်လွဲမှုများ ရှိလာနိုင်ကြောင်း သူမကမှတ်ချက်ချခဲ့သည်။

ပုံသေနည်းအသစ်သည် ငွေကြေးပိုမိုရှာဖွေနိုင်မည် မဟုတ်သော်လည်း ဒေသဆိုင်ရာနှင့်ပြည်နယ်ပိုင်ဆိုင်မှုအခွန်များနှင့် အခြားပြည်နယ်အထောက်အပံ့များမှ တဆင့်ပညာရေးအတွက်သုံးစွဲပြီးသောအရာများကိုပြန်လည်ဝေငှလိမ့်မည်ဟု ဖော်ပြထားသည်။

လုံလောက်သောပညာရေးရရှိရန် လိုအပ်သောငွေများစုဆောင်းရန်ခက်ခဲသောခရိုင်များသည်ပျမ်းမျှစွမ်းဆောင်ရည်ကိုရောက်ရှိရန်လိုအပ်သည်ထက်ပိုမိုဖြုန်းတီးနေပြီး အခြားခရိုင်မှ ကျောင်းများသည်ပညာရေးအတွက်သုံးစွဲသောငွေများကိုပြန်လည် ‌ဝေမျှမည် ဖြစ်သည်။

နောက်ထပ်ဆုံးဖြတ်ရမည့် ကျန်ရှိသည့်ပြဿနာတစ်ခုမှာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ဖြစ်သည်။ ထိုသို့ ကုန်ကျစရိတ်ကို ပညာရေးအတွက် ကုန်ကျ စရိတ်တွင် ထည့်သွင်း သွားသင့်သည်ဟု အချို့ပညာရှင်များက အကြံပြုထားသော်လည်း အထူးပညာရေးအတွက် သယ်ယူပို့ဆောင်ရေးကို သီးခြားကန်ထရိုက်ပေးထားပြီး အချို့သော ခရိုင်များတွင်မူ ထိုကုန်ကျစရိတ်မှာပိုများမည် ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မိဘ၊ ပညာရေး၊ အခွန်ထမ်းနှင့်ရပ်ရွာခေါင်းဆောင်များ၏လက်မှတ်ပေါင်း ၄၀၀ ကျော်ဖြင့် ကော်မရှင်ကို အသနားခံစာတင်သွင်းခဲ့သည်။ အသနားခံလွှာတွင်ကျောင်းသားများအတွက်ပညာရေးဆိုင်ရာအခွင့်အလမ်းများနှင့်ပညာရေးကိုပံ့ပိုးရန်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွန်များပြားမှုသည်ပြည်နယ်တစ်ခုလုံးတွင်မညီမျှမှုကိုဖော်ပြထားသည်။

By Myanmar Education Guide - EDGE 

Ref: Indepthnh.org 

 

Latest Post News Read 588 times