တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုနိုင်ရေးညှိနှိုင်း

Image source: Moi.Gov

၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများနှင့်  ထူးချွန်အောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

အသေးစိတ်သိရှိရန် ပုံကိုထိပါ

No description available.

 

ယခုအချိန်ဟာ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းနှင့်အညီ ဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း စီးပွားရေးထိခိုက်မှုများရှိနေသော်လည်း ရရှိသည့် အလှူငွေများ အပေါ် ဆုချီးမြှင့်သွားမည်ဟု  မြို့နယ်ပညာ‌/ကျန်းမာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြောကြားခဲ့ပါသည်။ မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးကလည်း မနှစ်ကလှူဒါန်းသော နှုန်းအတိုင်း (၂၅) သိန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် အောင်ချက်မြင့်မားလာ‌ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေများ လှူဒါန်းခဲ့ကြပြီး၊ ဂုဏ်ပြုပွဲ အခမ်းအနားကိုလာမည့် စက်တင်ဘာလ (၅) ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းကုန်းမြို့တွင် ငါးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၇) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၁၀) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၃၈) ဦး၊ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမ (၁၁၁) ဦး၊ စုစုပေါင်း (၄၉၃) ဦး နှင့်အခြေခံ ပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တို့၌ ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော ကျောင်းတို့အား ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Moi.Gov

Latest Post News Read 5329 times