Naypyitaw State Academy (NSA) တက္ကသိုလ်တည်ဆောက်လျှက်ရှိ

 

Naypyitaw State Academy (NSA) တက္ကသိုလ်တည်ဆောက်လျှက်ရှိ

 

နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ် သားသမီးများ၏ ပညာရေးအဆင့်မြှင့်တင်ရန်အတွက် အဆင့်မြင့်ပညာအဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် Naypyitaw State Academy (NSA) အမည်ရှိ တက္ကသိုလ်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ၂ဝ၂၂ ခုနှစ်ဧပြီမှ စတင် ဆောက်လုပ်ခဲ့ပြီး ၂ဝ၂၄ ခုနှစ်ဧပြီတွင် အားလုံးပြီးစီးရန် လျာထားသည်။

 

တက္ကသိုလ်စီမံကိန်း မြေနေရာသည် ယခင်က အားကစားတက္ကသိုလ်အဖြစ် တည်ဆောက်ခဲ့ပြီး၊ အကြောင်း အမျိုးမျိုးကြောင့် အားကစားတက္ကသိုလ် မဖွင့်လှစ်နိုင်ခဲ့သဖြင့် ၎င်းကို အခြေခံပြီး တက္ကသိုလ်အင်္ဂါရပ်နှင့်ပြည့်စုံအောင် စာသင်ဆောင်များ၊ စုဝေးခန်းမကြီးများ၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရုံးခန်းများ၊ စာသင်ခန်းများဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်များ အစရှိသည့်အဆောက်အဦများ ဖြည့်တင်းတည်ဆောက်လျှက်ရှိသည်။

 

 

 

NSA တွင် ယခုနှစ်ပညာသင်နှစ်မှ စတင်ကာ တတိယနှစ်နှင့် စတုတ္ထနှစ် Day တက်မည့် ကျောင်းသူကျောင်းသားများကို လက်ခံ သင်ကြားပေးနိုင်ရေးဆောင်ရွက်မည် ဖြစ်သည်။  ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသားများကိုလည်း ပညာသင်နှစ်အလိုက် အဆင့်ဆင့် ဆက်လက်ခွင့်ပြု လက်ခံသင်ကြားပေးမည် ဖြစ်သည်။

 

 NSA တွင်  ဝိဇ္ဇာ/ သိပ္ပံ ဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။

Local News Read 4227 times