နေပြည်တော်တွင် ဂျီတီအိုင်အဆင့် သက်မွေးပညာသင်ကျောင်းသစ်ဖွင့်မည်

ေနျပည္ေတာ္တြင္ လာမည့္ဒီဇင္ဘာမွစကာ စက္မႈလက္မႈသိပၸံ (GTI) အဆင့္ သက္ေမြးပညာသင္တန္းေက်ာင္းသစ္ဖြင့္မည္ဟု ပညာေရးဝန္ၾကီးဌာနကေၾကညာထားသည္။

ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ဓနသိဒၶိရပ္ကြက္တြင္ စက္မႈလက္မႈသိပၸံ (GTI) အဆင့္ သက္ေမြးပညာသင္တန္းေက်ာင္းသစ္ကို (၂၀၁၈-၂၀၁၉) ဘ႑ာေရးႏွစ္ကတည္ေဆာက္ခဲ့ၿပီး (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္ ဒီဇင္ဘာတြင္သင္တန္းမ်ား စတင္ဖြင့္လွစ္မည္ျဖစ္သည္။

အသစ္ဖြင့္လွစ္မည့္ေနျပည္ေတာ္ GTI တြင္ ၿမိဳ႕ျပအင္ဂ်င္နီယာ၊ လွ်ပ္စစ္ဆက္သြယ္ေရးအင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာအင္ဂ်င္နီယာဟူသည့္ အထူးျပဳဘာသာရပ္ (၅) ခုကို AGTI (၃) ႏွစ္သင္တန္းအျဖစ္ဖြင့္မည္။

(၂၀၁၉) တကၠသိုလ္ဝင္စာေမးပဲြတြင္ သခ်ၤာ၊ ရူပေဗဒ၊ ဓာတုေဗဒပါဝင္ေသာ ဘာသာတဲြျဖင့္ ေအာင္ျမင္သူမ်ား ေလွ်ာက္ထားခြင့္ျပဳထားၿပီး ဝင္ခြင့္ရသူစာရင္းကို ႏိုဝင္ဘာ (၂၆) ရက္တြင္ ေၾကညာမည္ျဖစ္သည္။

က်န္းမာေရးေကာင္းမြန္ကာ လက္ေတြ႔လုပ္ငန္းခြင္ႏွင့္ စက္ရံု၊ ကုမၸဏီမ်ားသို႔ ကြင္းဆင္းေဆာင္ရြက္ႏိုင္ရမည္ျဖစ္ၿပီး တကၠသိုလ္ဝင္စာေမးပဲြ အဂၤလိပ္စာႏွင့္ သခ်ၤာရမွတ္ေပါင္းေပၚ မူတည္ကာ သင္တန္းသားစိစစ္လက္ခံမည္ဟု ပညာေရးဝန္ၾကီးဌာနက ေၾကညာထားသည္။

AGTI (၃) ႏွစ္သင္တန္းၿပီးဆံုးပါက ဒီပလိုမာေပးအပ္မည္ျဖစ္ၿပီး သတ္မွတ္အရည္အခ်င္းကိုက္ညီပါက နည္းပညာတကၠသိုလ္ တတိယႏွစ္သို႔ ေပါင္းကူးတက္ေရာက္ခြင့္ျပဳမည္ဟု ပညာေရးဝန္ၾကီးဌာနက ေၾကညာထားသည္။

ေနျပည္ေတာ္ GTI ပထမႏွစ္သင္တန္းမ်ားတြင္ တက္ေရာက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အစိုးရက (၁) လလွ်င္ က်ပ္ (၃၀,၀၀၀) ေထာက္ပံ့မည္ျဖစ္သည္။ ယခင္ကနည္းပညာႏွင့္ သက္ေမြးသင္တန္းေက်ာင္းမ်ားကို နယ္ေျမဖြံ႔ၿဖိဳးေရးရည္ရြယ္ခ်က္ျဖင့္ ေတာင္ေပၚေဒသမ်ား၊ ေဝးလံေခါင္ဖ်ားေဒသမ်ားတြင္ ဖြင့္လွစ္ေသာ္လည္း လက္ရွိတြင္ ေဒသစီးပြားေရးလုပ္ငန္းမ်ား၏ ကြ်မ္းက်င္လုပ္သားလိုအပ္ခ်က္အရ ေက်ာင္းသစ္မ်ားဖြင့္ရန္ပညာေရးဝန္ၾကီးဌာနက မူဝါဒခ်မွတ္ထားသည္။

“အရင္တုန္းကေတာ့ Supply Basic ေပါ့။ နယ္ေျမဖြံ႔ၿဖိဳးေအာင္ ရွမ္းတို႔၊ တီးတိန္တို႔မွာ ဘ႑ာေငြသံုးၿပီး ဖြင့္ပါတယ္။ အခုဒီဘက္ေခတ္မွာ Demand Basic ေပါ့။ ဘယ္ေနရာကလိုလဲ၊ လိုတဲ့ေနရာေတြျဖည့္ပါတယ္။ ေနာင္လာမယ့္နွစ္ေတြမွာ ရန္ကုန္တိုင္းေဒသၾကီးနဲ႔ မႏၱေလးတိုင္းေဒသၾကီးေတြက ပေရာဂ်က္ဧရိယာေတြျဖစ္ပါမယ္” ဟု ပညာေရးဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ဦးဝင္းေမာ္ထြန္းကေျပာၾကားသည္။

Source: 7Day News
 

**Unicode**

နေပြည်တော်တွင် လာမည့်ဒီဇင်ဘာမှစကာ စက်မှုလက်မှုသိပ္ပံ (GTI) အဆင့် သက်မွေးပညာသင်တန်းကျောင်းသစ်ဖွင့်မည်ဟု ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်တွင် စက်မှုလက်မှုသိပ္ပံ (GTI) အဆင့် သက်မွေးပညာသင်တန်းကျောင်းသစ်ကို (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်ကတည်ဆောက်ခဲ့ပြီး (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ဒီဇင်ဘာတွင်သင်တန်းများ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

အသစ်ဖွင့်လှစ်မည့်နေပြည်တော် GTI တွင် မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်ဆက်သွယ်ရေးအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာအင်ဂျင်နီယာဟူသည့် အထူးပြုဘာသာရပ် (၅) ခုကို AGTI (၃) နှစ်သင်တန်းအဖြစ်ဖွင့်မည်။

(၂၀၁၉) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်သူများ လျှောက်ထားခွင့်ပြုထားပြီး ဝင်ခွင့်ရသူစာရင်းကို နိုဝင်ဘာ (၂၆) ရက်တွင် ကြေညာမည်ဖြစ်သည်။

ကျန်းမာရေးကောင်းမွန်ကာ လက်တွေ့လုပ်ငန်းခွင်နှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်ပေါင်းပေါ် မူတည်ကာ သင်တန်းသားစိစစ်လက်ခံမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

AGTI (၃) နှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းကိုက်ညီပါက နည်းပညာတက္ကသိုလ် တတိယနှစ်သို့ ပေါင်းကူးတက်ရောက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

နေပြည်တော် GTI ပထမနှစ်သင်တန်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို အစိုးရက (၁) လလျှင် ကျပ် (၃၀,၀၀၀) ထောက်ပံ့မည်ဖြစ်သည်။ ယခင်ကနည်းပညာနှင့် သက်မွေးသင်တန်းကျောင်းများကို နယ်မြေဖွံ့ဖြိုးရေးရည်ရွယ်ချက်ဖြင့် တောင်ပေါ်ဒေသများ၊ ဝေးလံခေါင်ဖျားဒေသများတွင် ဖွင့်လှစ်သော်လည်း လက်ရှိတွင် ဒေသစီးပွားရေးလုပ်ငန်းများ၏ ကျွမ်းကျင်လုပ်သားလိုအပ်ချက်အရ ကျောင်းသစ်များဖွင့်ရန်ပညာရေးဝန်ကြီးဌာနက မူဝါဒချမှတ်ထားသည်။

“အရင်တုန်းကတော့ Supply Basic ပေါ့။ နယ်မြေဖွံ့ဖြိုးအောင် ရှမ်းတို့၊ တီးတိန်တို့မှာ ဘဏ္ဍာငွေသုံးပြီး ဖွင့်ပါတယ်။ အခုဒီဘက်ခေတ်မှာ Demand Basic ပေါ့။ ဘယ်နေရာကလိုလဲ၊ လိုတဲ့နေရာတွေဖြည့်ပါတယ်။ နောင်လာမယ့်နှစ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ပရောဂျက်ဧရိယာတွေဖြစ်ပါမယ်” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောကြားသည်။

Source: 7Day News
 

Government School Latest Post News Read 2374 times